ရော်နယ်ဒိုဘာကြောင့် အားလုံးထက် နှာတစ်ဖျား သာနေသလဲဆိုတာ အိမ်သို့ အလည်ရောက်စဉ် သိလိုက်ရတဲ့ ရီယိုဖာဒီနန်

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ကခရစ္စတီယာနိုရော်နယ်ဒိုသို့အိမ်သို့အလည်ရောက်စဉ်အိမ်သို့ဝင်ရောက်လိုက်တဲ့အချိန်မှာ ဘာကြောင့် အကြီးအကျယ်အံ့ဩခဲ့ရသလဲဆိုတာ လက်ဝှေ့သမားအန်တိုနီဂျိုရှာနှင့်အပြန်အလှန်စကားပြောကြစဉ်ဖွင့်ဟသွားပါတယ်။

ဂျိုရှာဟာလာမယ့်စနေနေ့မှာသူ့ရဲ့WBO ၊ IBF ၊ WBA ခါးပတ်ကာကွယ်ပွဲအတွက်အိုလက်ဆန်းအူဆိုင်းနှင့်ထိုးသတ်ပါမယ်။

ဂျိုရှာဟာဝီလီယံဟေးလ်ရဲ့YouTube channel မှာရီယိုဖာဒီနန်နှင့်စကားအပြန်အလှန်ပြောခဲ့ကြရာမှာ ရော်နယ်ဒိုကဲ့သို့အသက်၃၆နှစ်အရွယ်ရောက်တဲ့အထိထိပ်တန်းအဆင့်တွင်ရှိနေရန်မည်သို့လုပ်ဆောင်သင့်သလဲလို့အကြံတောင်းခဲ့ပါတယ်။

ထိုအခါရီယိုဖာဒီနန်က “သတ္တိရဖို့လိုတယ်လို့ထင်တယ်။လူတွေဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့သတ္တိရှိမှုနဲ့ပတ်သက်ပြီးတစ်ခါမှမပြောကြပါဘူး။သူ့မှာအရဲစွန့်လုပ်ရဲတဲ့သတ္တိရှိတယ်။သူကအခြားနိုင်ငံတစ်ခုကရောက်လာသူပါ။သူကနဂိုရှိရင်းစွဲအတိုင်းရှိနေဖို့သတ္တိရှိတဲ့သူပါ။ဘာမှမပြောင်းလဲပါဘူး။သူဟာသူကိုယ်တိုင်ရွေးချယ်ထားတဲ့အားကစားအပေါ်စွဲလမ်းတယ်။ပြီးတော့အသေးစိတ်အချက်အလက်ကအစတိတိကျကျဂရုစိုက်တယ်။တစ်ခါတုန်းကသူ့အိမ်အလည်သွားခဲ့တယ်။အိမ်ထဲဝင်လိုက်တော့အိမ်ရှေ့ခန်းမှာသူနဲ့အတူအခြားလူခြောက်ယောက်၊ခုနှစ်ယောက်ရှိနေတာတွေ့ရတယ်။ကျုပ်လည်းသူ့ကို ‘ဟေ့ခရစ်ဒီလူတွေကဘယ်သူတွေလဲ’လို့မေးလိုက်တယ်။သူက ‘ဒါကငါ့ရဲ့သီးသန့်အနှိပ်သည်၊ဒါကအဟာရပညာရှင်၊ဒါကငါ့ဆရာဝန်၊ဒါကကြံ့ခိုင်ရေးနည်းပြ၊ဒါကစားဖိုမှူး”ဆိုပြီးပြောပြပါတယ်။သူ့မှာဒီလိုသီးသန့်ခန့်ထားတယ်။အခြားသူတွေလိုမျိုးမဟုတ်ဘဲသီးသန့်ခန့်ထားတယ်။သူကအမြင်ရှိတဲ့သူတစ်ဦးပါ။သူ့ကိုပိုကောင်းလာအောင်လုပ်ဖို့အသေးစိတ်ကအစဂရုစိုက်လုပ်နေတာမြင်ရပါမယ်။ကျွန်တော့်ကိုဓာတ်ပုံပို့တယ်။ပင်လယ်ရေနက်ထဲမှာပြန်လည်ကြံ့ခိုင်လာရေးလေ့ကျင့်ခန်းလုပ်နေတဲ့ပုံ။ဂျူဗင်တပ်မှာကစားတုန်းကတူရင်မှာနေတုန်းကနှစ်နာရီလောက်အထိ သူ လေ့ကျင့်ထားတဲ့ပုံပါ။အခြားသူတွေကအိမ်မှာနားနေတယ်၊ညနေစာသွားစားနေတဲ့အချိန်မှာသူကအားလုံးသာအောင်လုပ်နေတယ်”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ပြောစမှတ်အတွင်ဆုံးအရာတစ်ခုမှာသူ့ခန္ဓာကိုယ်ကိုအကောင်းဆုံးအနေအထားမျိုးဖြင့်ထိန်းထားနိုင်အောင်လုပ်ဆောင်ထားနိုင်တာဖြစ်ပါတယ်။ဒါ့အပြင်ရော်နယ်ဒိုဟာအိပ်ချိန်ကိုအထူးဂရုစိုက်တတ်သူဖြစ်ပြီးတစ်နေ့လျှင်တစ်ကြိမ်အိပ်လျှင်၂နာရီနှုန်းဖြင့်ငါးကြိမ်အထိအိပ်စက်လေ့ရှိပါတယ်။ဒါ့အပြင်သူဟာအော်ဂင်းနစ်ဟင်းသီးဟင်းရွက်များကိုသာအဓိကထားစားသုံးလေ့ရှိပါတယ်။

ZawGyi

ေရာ္နယ္ဒိုဘာေၾကာင့္ အားလုံးထက္ ႏွာတစ္ဖ်ား သာေနသလဲဆိုတာ အိမ္သို႔ အလည္ေရာက္စဥ္ သိလိုက္ရတဲ့ ရီယိုဖာဒီနန္

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ကခရစၥတီယာႏိုေရာ္နယ္ဒိုသို႔အိမ္သို႔အလည္ေရာက္စဥ္အိမ္သို႔ဝင္ေရာက္လိုက္တဲ့အခ်ိန္မွာ ဘာေၾကာင့္ အႀကီးအက်ယ္အံ့ဩခဲ့ရသလဲဆိုတာ လက္ေဝွ႔သမားအန္တိုနီဂ်ိဳရွာႏွင့္အျပန္အလွန္စကားေျပာၾကစဥ္ဖြင့္ဟသြားပါတယ္။

ဂ်ိဳရွာဟာလာမယ့္စေနေန႔မွာသူ႔ရဲ႕WBO ၊ IBF ၊ WBA ခါးပတ္ကာကြယ္ပြဲအတြက္အိုလက္ဆန္းအူဆိုင္းႏွင့္ထိုးသတ္ပါမယ္။

ဂ်ိဳရွာဟာဝီလီယံေဟးလ္ရဲ႕YouTube channel မွာရီယိုဖာဒီနန္ႏွင့္စကားအျပန္အလွန္ေျပာခဲ့ၾကရာမွာ ေရာ္နယ္ဒိုကဲ့သို႔အသက္၃၆ႏွစ္အ႐ြယ္ေရာက္တဲ့အထိထိပ္တန္းအဆင့္တြင္ရွိေနရန္မည္သို႔လုပ္ေဆာင္သင့္သလဲလို႔အႀကံေတာင္းခဲ့ပါတယ္။

ထိုအခါရီယိုဖာဒီနန္က “သတၱိရဖို႔လိုတယ္လို႔ထင္တယ္။လူေတြဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သတၱိရွိမႈနဲ႔ပတ္သက္ၿပီးတစ္ခါမွမေျပာၾကပါဘူး။သူ႔မွာအရဲစြန႔္လုပ္ရဲတဲ့သတၱိရွိတယ္။သူကအျခားႏိုင္ငံတစ္ခုကေရာက္လာသူပါ။သူကနဂိုရွိရင္းစြဲအတိုင္းရွိေနဖို႔သတၱိရွိတဲ့သူပါ။ဘာမွမေျပာင္းလဲပါဘူး။သူဟာသူကိုယ္တိုင္ေ႐ြးခ်ယ္ထားတဲ့အားကစားအေပၚစြဲလမ္းတယ္။ၿပီးေတာ့အေသးစိတ္အခ်က္အလက္ကအစတိတိက်က်ဂ႐ုစိုက္တယ္။တစ္ခါတုန္းကသူ႔အိမ္အလည္သြားခဲ့တယ္။အိမ္ထဲဝင္လိုက္ေတာ့အိမ္ေရွ႕ခန္းမွာသူနဲ႔အတူအျခားလူေျခာက္ေယာက္၊ခုႏွစ္ေယာက္ရွိေနတာေတြ႕ရတယ္။က်ဳပ္လည္းသူ႔ကို ‘ေဟ့ခရစ္ဒီလူေတြကဘယ္သူေတြလဲ’လို႔ေမးလိုက္တယ္။သူက ‘ဒါကငါ့ရဲ႕သီးသန႔္အႏွိပ္သည္၊ဒါကအဟာရပညာရွင္၊ဒါကငါ့ဆရာဝန္၊ဒါကႀကံ့ခိုင္ေရးနည္းျပ၊ဒါကစားဖိုမႉး”ဆိုၿပီးေျပာျပပါတယ္။သူ႔မွာဒီလိုသီးသန႔္ခန႔္ထားတယ္။အျခားသူေတြလိုမ်ိဳးမဟုတ္ဘဲသီးသန႔္ခန႔္ထားတယ္။သူကအျမင္ရွိတဲ့သူတစ္ဦးပါ။သူ႔ကိုပိုေကာင္းလာေအာင္လုပ္ဖို႔အေသးစိတ္ကအစဂ႐ုစိုက္လုပ္ေနတာျမင္ရပါမယ္။ကြၽန္ေတာ့္ကိုဓာတ္ပုံပို႔တယ္။ပင္လယ္ေရနက္ထဲမွာျပန္လည္ႀကံ့ခိုင္လာေရးေလ့က်င့္ခန္းလုပ္ေနတဲ့ပုံ။ဂ်ဴဗင္တပ္မွာကစားတုန္းကတူရင္မွာေနတုန္းကႏွစ္နာရီေလာက္အထိ သူ ေလ့က်င့္ထားတဲ့ပုံပါ။အျခားသူေတြကအိမ္မွာနားေနတယ္၊ညေနစာသြားစားေနတဲ့အခ်ိန္မွာသူကအားလုံးသာေအာင္လုပ္ေနတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ေျပာစမွတ္အတြင္ဆုံးအရာတစ္ခုမွာသူ႔ခႏၶာကိုယ္ကိုအေကာင္းဆုံးအေနအထားမ်ိဳးျဖင့္ထိန္းထားႏိုင္ေအာင္လုပ္ေဆာင္ထားႏိုင္တာျဖစ္ပါတယ္။ဒါ့အျပင္ေရာ္နယ္ဒိုဟာအိပ္ခ်ိန္ကိုအထူးဂ႐ုစိုက္တတ္သူျဖစ္ၿပီးတစ္ေန႔လွ်င္တစ္ႀကိမ္အိပ္လွ်င္၂နာရီႏႈန္းျဖင့္ငါးႀကိမ္အထိအိပ္စက္ေလ့ရွိပါတယ္။ဒါ့အျပင္သူဟာေအာ္ဂင္းနစ္ဟင္းသီးဟင္း႐ြက္မ်ားကိုသာအဓိကထားစားသုံးေလ့ရွိပါတယ္။