ရော်နယ်ဒိုမရှိပြီးနောက် နိုင်ပွဲပျောက်ကာ တန်းဆင်းဇုန်သို့ ရောက်သွားတဲ့ ဂျူဗင်တပ်

ဂျူဗင်တပ်ဟာမနေ့ညတုန်းကပြိုင်ဘက်အေစီမီလန်နှင့်တစ်ဂိုးစီသရေကျပြီးနောက်စီးရီးအေတန်းဆင်းဇုန်သို့ကျရောက်သွားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာမနေ့ညတုန်းကအေစီမီလန်နှင့်ပွဲစဉ်တွင်မိုရာတာရဲ့တစ်ကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်းအန်တီရီဘစ်ကအေစီမီလန်အတွက်ခေါင်းတိုက်ကာအဖိုးတန်ချေပဂိုးသွင်းယူခဲ့ပါတယ်။

အေစီမီလန်ဟာဂျူဗင်တပ်နှင့်သရေကျမှုကြောင့်စီးရီးအေအမှတ်ပေးဇယားတွင်ဒုတိယနေရာတွင်ရပ်တည်နေရပေမယ့်ထိပ်ဆုံးမှမြို့ခံပြိုင်ဘက်အင်တာမီလန်နှင့်ဂိုးကွာခြားချက်ဖြင့်ရပ်တည်နေရတာပါ။

ဂျူဗင်တပ်ကတော့စီးရီးအေအဖွင့်ပွဲလေးပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးကာစီးရီးအေအမှတ်ပေးဇယားအဆင့်၁၈နေရာသို့ရောက်နေခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာစီးရီးအေအဖွင့်ပွဲပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုကိုမန်ယူသို့ရောင်းချခဲ့တာဖြစ်ပြီးယင်းနောက်ပိုင်းတွင်ဂိုးရရှိရေးရုန်းကန်ခဲ့ရပါတယ်။

ရော်နယ်ဒိုကိုမန်ယူသို့ရောင်းချလိုက်ပြီးနောက် Who Need Ronaldo? ဆိုင်းဘုတ်ကိုင်ကာဓာတ်ပုံရိုက်ကူးခဲ့တဲ့ဂျူဗင်တပ်ပရိသတ်များမှာလည်းဂျူဗင်တပ်အသင်း ရလဒ်ကောင်းရယူနိုင်ရန်ရုန်းကန်ရမှုနဲ့အတူ အွန်လိုင်းလှောင်ပြောင်ခြင်းခံနေရပါတယ်။

တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းဟောင်းမန်ယူသို့ရောက်ပြီးနောက်သုံးပွဲကစားထားရာတွင်လေးဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုမရွိၿပီးေနာက္ ႏိုင္ပြဲေပ်ာက္ကာ တန္းဆင္းဇုန္သို႔ ေရာက္သြားတဲ့ ဂ်ဴဗင္တပ္

ဂ်ဴဗင္တပ္ဟာမေန႔ညတုန္းကၿပိဳင္ဘက္ေအစီမီလန္ႏွင့္တစ္ဂိုးစီသေရက်ၿပီးေနာက္စီးရီးေအတန္းဆင္းဇုန္သို႔က်ေရာက္သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာမေန႔ညတုန္းကေအစီမီလန္ႏွင့္ပြဲစဥ္တြင္မိုရာတာရဲ႕တစ္ကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္းအန္တီရီဘစ္ကေအစီမီလန္အတြက္ေခါင္းတိုက္ကာအဖိုးတန္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

ေအစီမီလန္ဟာဂ်ဴဗင္တပ္ႏွင့္သေရက်မႈေၾကာင့္စီးရီးေအအမွတ္ေပးဇယားတြင္ဒုတိယေနရာတြင္ရပ္တည္ေနရေပမယ့္ထိပ္ဆုံးမွၿမိဳ႕ခံၿပိဳင္ဘက္အင္တာမီလန္ႏွင့္ဂိုးကြာျခားခ်က္ျဖင့္ရပ္တည္ေနရတာပါ။

ဂ်ဴဗင္တပ္ကေတာ့စီးရီးေအအဖြင့္ပြဲေလးပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ဆုံးကာစီးရီးေအအမွတ္ေပးဇယားအဆင့္၁၈ေနရာသို႔ေရာက္ေနခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာစီးရီးေအအဖြင့္ပြဲၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုမန္ယူသို႔ေရာင္းခ်ခဲ့တာျဖစ္ၿပီးယင္းေနာက္ပိုင္းတြင္ဂိုးရရွိေရး႐ုန္းကန္ခဲ့ရပါတယ္။

ေရာ္နယ္ဒိုကိုမန္ယူသို႔ေရာင္းခ်လိုက္ၿပီးေနာက္ Who Need Ronaldo? ဆိုင္းဘုတ္ကိုင္ကာဓာတ္ပုံ႐ိုက္ကူးခဲ့တဲ့ဂ်ဴဗင္တပ္ပရိသတ္မ်ားမွာလည္းဂ်ဴဗင္တပ္အသင္း ရလဒ္ေကာင္းရယူႏိုင္ရန္႐ုန္းကန္ရမႈနဲ႔အတူ အြန္လိုင္းေလွာင္ေျပာင္ျခင္းခံေနရပါတယ္။

တစ္ဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေဟာင္းမန္ယူသို႔ေရာက္ၿပီးေနာက္သုံးပြဲကစားထားရာတြင္ေလးဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။