ရော်နယ်ဒိုမရှိလေ ပိုကောင်းလေဖြစ်နေတဲ့ ယူနိုက်တက်။ ရော်နယ်ဒိုခေတ်အလွန်တွင် တစ်ပွဲတည်းသာ ရှုံးထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုမရှိချိန်မှာပိုပြီးတော့ကောင်းမွန်နေပါတယ်။

အသက်၃၈နှစ်ရှိဂန္ထဝင်ကစားသမားဟာပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးကြောင့်ကမ္ဘာ့ဖလားမတိုင်မီယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

အဆိုပါအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုကယူနိုက်တက်ကိုသူ့အားသစ္စာဖောက်တယ်လို့စွပ်စွဲခဲ့သလိုသူ့အပေါ်လေးစားမှုမရှိတဲ့အဲရစ်တန်ဟက်ကိုလည်းမလေးစားကြောင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာစာချုပ်ဖျက်သိမ်းမှုပြုလုပ်ခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီကလပ် Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၇သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ယူနိုက်တက်အတွက်နောက်ဆုံးကစားတဲ့ပွဲက နိုဝင်ဘာလ၆ရက်နေ့တုန်းကဗီလာကိုအဝေးကွင်းမှာ၃-၁ဖြင့်ရှုံးနိမ့်တဲ့ပွဲဖြစ်ပါတယ်။

ယင်းပွဲတွင်ရော်နယ်ဒိုဟာအသင်းခေါင်းဆောင်အဖြစ်ပွဲချိန်ပြည့်ကစားခဲ့ပေမဲ့လည်းဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။

ယင်းရှုံးပွဲကြောင့်ယူနိုက်တက်ဟာယခုရာသီငါးပွဲမြောက်ရှုံးပွဲကြုံခဲ့ရပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းတွင်ပရီးမီးယားလိဂ်တွင်အမှတ်အများဆုံးရယူထားနိုင်တဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်းတွင်ပရီးမီးယားလိဂ်ပွဲ၁၀ပွဲကစားထားရာမှာ၇ပွဲအနိုင်ရရှိထားပြီး၂ပွဲသရေကျကာ၁ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။ယူနိုက်တက်ဟာရမှတ်၃၀ဖိုးကစားရာမှာ၂၃မှတ်အထိရယူထားနိုင်ပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဟာယင်း၁၀ပွဲတွင်ဂိုး၂၀သွင်းထားနိုင်ပြီး၉ဂိုးတည်းသာပေးထားရပါတယ်။

ယူနိုက်တက်ဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၅မှတ်တည်းသာကွာဟနေပါတယ်။ဒါ့အပြင်၎င်းတို့ဟာဒုတိယနေရာမှမန်စီးတီးနှင့်ရမှတ်၂မှတ်တည်းသာကွာဟနေပါတယ်။

ZawGyi

ေရာ္နယ္ဒိုမရွိေလ ပိုေကာင္းေလျဖစ္ေနတဲ့ ယူႏိုက္တက္။ ေရာ္နယ္ဒိုေခတ္အလြန္တြင္ တစ္ပြဲတည္းသာ ရႈံးထားတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုမရွိခ်ိန္မွာပိုၿပီးေတာ့ေကာင္းမြန္ေနပါတယ္။

အသက္၃၈ႏွစ္ရွိဂႏၴဝင္ကစားသမားဟာပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးေၾကာင့္ကမာၻ႔ဖလားမတိုင္မီယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။

အဆိုပါအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကယူႏိုက္တက္ကိုသူ႔အားသစၥာေဖာက္တယ္လို႔စြပ္စြဲခဲ့သလိုသူ႔အေပၚေလးစားမႈမရွိတဲ့အဲရစ္တန္ဟက္ကိုလည္းမေလးစားေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ဟာစာခ်ဳပ္ဖ်က္သိမ္းမႈျပဳလုပ္ခဲ့ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္ Al Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၇သန္းျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ယူႏိုက္တက္အတြက္ေနာက္ဆုံးကစားတဲ့ပြဲက ႏိုဝင္ဘာလ၆ရက္ေန႔တုန္းကဗီလာကိုအေဝးကြင္းမွာ၃-၁ျဖင့္ရႈံးနိမ့္တဲ့ပြဲျဖစ္ပါတယ္။

ယင္းပြဲတြင္ေရာ္နယ္ဒိုဟာအသင္းေခါင္းေဆာင္အျဖစ္ပြဲခ်ိန္ျပည့္ကစားခဲ့ေပမဲ့လည္းဂိုးေပါက္ရွာမေတြ႕ခဲ့ပါဘူး။

ယင္းရႈံးပြဲေၾကာင့္ယူႏိုက္တက္ဟာယခုရာသီငါးပြဲေျမာက္ရႈံးပြဲႀကဳံခဲ့ရပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္တြင္အမွတ္အမ်ားဆုံးရယူထားႏိုင္တဲ့အသင္းအျဖစ္ရပ္တည္ေနပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာေရာ္နယ္ဒိုမရွိေတာ့တဲ့ေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ပြဲ၁၀ပြဲကစားထားရာမွာ၇ပြဲအႏိုင္ရရွိထားၿပီး၂ပြဲသေရက်ကာ၁ပြဲတည္းသာရႈံးနိမ့္ထားပါတယ္။ယူႏိုက္တက္ဟာရမွတ္၃၀ဖိုးကစားရာမွာ၂၃မွတ္အထိရယူထားႏိုင္ပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ဟာယင္း၁၀ပြဲတြင္ဂိုး၂၀သြင္းထားႏိုင္ၿပီး၉ဂိုးတည္းသာေပးထားရပါတယ္။

ယူႏိုက္တက္ဟာလက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၅မွတ္တည္းသာကြာဟေနပါတယ္။ဒါ့အျပင္၎တို႔ဟာဒုတိယေနရာမွမန္စီးတီးႏွင့္ရမွတ္၂မွတ္တည္းသာကြာဟေနပါတယ္။