ရော်နယ်ဒိုမှာ ကစားဖော်များနှင့်ပြဿနာများရှိသူဖြစ်ပြီး နည်းပြကလည်း ထိန်းချုပ်နိုင်ခြင်းမရှိ

ခရစ္စတီယာနိုရော်နယ်ဒိုမှာဂျူဗင်တပ်ကစားဖော်များနှင့်ပြဿနာများရှိနေခဲ့ကြောင်း ဂျူဗင်တပ်ဂန္ထဝင်တိုက်စစ်မှူးဒေးဗစ်ထရေဇီဂေးကပြောကြားလိုက်ပါတယ်။

ပေါ်တူဂီစူပါစတားဟာပြီးခဲဲ့တဲ့ဘောလုံးရာသီတုန်းကဂျူဗင်တပ်နှင့်အတူစီးရီးအေဖလားမဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူစိတ်ပျက်နေခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ဂျူဗင်တပ်သို့ရောက်လာခဲ့ပြီးတဲ့နောက်၁၀၁ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။သူဟာယခုနွေမှာဂျူဗင်တပ်မှထွက်ခွာမယ်လို့သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်အထိဂျူဗင်တပ်အသင်းတွင်သံတမန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ထရေဇီဂေးက “ကလပ်အတွက်အကောင်းဆုံးခေါ်ယူမှု(ရော်နယ်ဒို)ပါ။ဘယ်သူမှထင်မှတ်မထားဘဲခေါ်ယူခဲ့တာပါ။သူ့မှာကစားဖော်တွေနဲ့ပြဿနာအချို့ရှိပါတယ်။ဒါကိုခင်ဗျားတို့လည်းမြင်နိုင်ပါတယ််။ဒါပေမယ့်သူက၁၀၁ဂိုးတောင်သွင်းထားနိုင်တဲ့သူပါ။သူ့ကိုဇီဒန်းလိုမျိုးဘယ်သူမှကိုင်တွယ်နိုင်တာမရှိပါဘူး။ဒါကဂျူဗင်တပ်ဘက်ကသူ့အပေါ်ကိုင်တွယ်ပုံမှားတာဖြစ်နိုင်ပါတယ်။နည်းပြတစ်ယောက်အနေနဲ့ကစားသမားတစ်ဦးကို “တစ်ပွဲလုံးလမ်းလျှောက်နေနိုင်တယ်။ဒါပေမယ့်အနိုင်ရအောင်လုပ်ပေးနိုင်ရမယ်”လို့ပြောလို့ရတယ်။သူ့လိုကစားသမားမျိုးကပွဲကိုအနိုင်ရအောင်လုပ်ပေးနိုင်တော့ဘယ်နည်းပြကမှသူ့ကိုမဆန့်ကျင်ချင်ပါဘူး။ရော်နယ်ဒိုကအဲဒီလိုကစားသမားမျိုးထဲကတစ်ဦးပါ။ဒိုင်ဘာာလာလည်းအပါအဝင်ပါ”လို့ပြောကြားသွားပါတယ်။

ဂျူဗင်တပ်ဟာ၁၉၉၆ခုနှစ်နောက်ပိုင်းတွင်ဝေးကွာလာခဲ့တဲ့ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးစီမံကိန်းဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုကိုယူရိုသန်း၁၀၀ဖြင့်ခေါ်ယူခဲ့တာပါ။ဒါပေမယ့်ဂျူဗင်တပ်ဟာရော်နယ်ဒိုရဲ့နှစ်ရာသီမှာကွာတားနှင့်၁၆သင်းရှုံးထွက်အဆင့်သို့သာတက်ထားနိုင်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုမွာ ကစားေဖာ္မ်ားႏွင့္ျပႆနာမ်ားရွိသူျဖစ္ၿပီး နည္းျပကလည္း ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိ

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာဂ်ဴဗင္တပ္ကစားေဖာ္မ်ားႏွင့္ျပႆနာမ်ားရွိေနခဲ့ေၾကာင္း ဂ်ဴဗင္တပ္ဂႏၴဝင္တိုက္စစ္မႉးေဒးဗစ္ထေရဇီေဂးကေျပာၾကားလိုက္ပါတယ္။

ေပၚတူဂီစူပါစတားဟာၿပီးခဲဲ့တဲ့ေဘာလုံးရာသီတုန္းကဂ်ဴဗင္တပ္ႏွင့္အတူစီးရီးေအဖလားမဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူစိတ္ပ်က္ေနခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ဂ်ဴဗင္တပ္သို႔ေရာက္လာခဲ့ၿပီးတဲ့ေနာက္၁၀၁ဂိုးသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။သူဟာယခုေႏြမွာဂ်ဴဗင္တပ္မွထြက္ခြာမယ္လို႔သတင္းမ်ားထြက္ေပၚလ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့အပတ္အထိဂ်ဴဗင္တပ္အသင္းတြင္သံတမန္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ထေရဇီေဂးက “ကလပ္အတြက္အေကာင္းဆုံးေခၚယူမႈ(ေရာ္နယ္ဒို)ပါ။ဘယ္သူမွထင္မွတ္မထားဘဲေခၚယူခဲ့တာပါ။သူ႔မွာကစားေဖာ္ေတြနဲ႔ျပႆနာအခ်ိဳ႕ရွိပါတယ္။ဒါကိုခင္ဗ်ားတို႔လည္းျမင္ႏိုင္ပါတယ္္။ဒါေပမယ့္သူက၁၀၁ဂိုးေတာင္သြင္းထားႏိုင္တဲ့သူပါ။သူ႔ကိုဇီဒန္းလိုမ်ိဳးဘယ္သူမွကိုင္တြယ္ႏိုင္တာမရွိပါဘူး။ဒါကဂ်ဴဗင္တပ္ဘက္ကသူ႔အေပၚကိုင္တြယ္ပုံမွားတာျဖစ္ႏိုင္ပါတယ္။နည္းျပတစ္ေယာက္အေနနဲ႔ကစားသမားတစ္ဦးကို “တစ္ပြဲလုံးလမ္းေလွ်ာက္ေနႏိုင္တယ္။ဒါေပမယ့္အႏိုင္ရေအာင္လုပ္ေပးႏိုင္ရမယ္”လို႔ေျပာလို႔ရတယ္။သူ႔လိုကစားသမားမ်ိဳးကပြဲကိုအႏိုင္ရေအာင္လုပ္ေပးႏိုင္ေတာ့ဘယ္နည္းျပကမွသူ႔ကိုမဆန႔္က်င္ခ်င္ပါဘူး။ေရာ္နယ္ဒိုကအဲဒီလိုကစားသမားမ်ိဳးထဲကတစ္ဦးပါ။ဒိုင္ဘာာလာလည္းအပါအဝင္ပါ”လို႔ေျပာၾကားသြားပါတယ္။

ဂ်ဴဗင္တပ္ဟာ၁၉၉၆ခုႏွစ္ေနာက္ပိုင္းတြင္ေဝးကြာလာခဲ့တဲ့ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေရးစီမံကိန္းျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုယူ႐ိုသန္း၁၀၀ျဖင့္ေခၚယူခဲ့တာပါ။ဒါေပမယ့္ဂ်ဴဗင္တပ္ဟာေရာ္နယ္ဒိုရဲ႕ႏွစ္ရာသီမွာကြာတားႏွင့္၁၆သင္းရႈံးထြက္အဆင့္သို႔သာတက္ထားႏိုင္ပါတယ္။