ရော်နယ်ဒိုမှာ အသက်၇၅နှစ်အရွယ်အထိ မိသားစုအကင်စားပွဲတွင် ဂိုးသွင်းလိမ့်မယ်လို့ ဂွါဒီယိုလာဟာသနှောပြောကြား

ပက်ဂွါဒီယိုလာကခရစ္စတီယာနိုရော်နယ်ဒိုမှာအသက်၇၅နှစ်အရွယ်အထိ မိသားစုအကင်စားပွဲတွင်ဂိုးသွင်းနေလိမ့်မှာဖြစ်ကြောင်းဟာသနှောပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းသို့သွားရောက်ကာမန်ချက်စတာဒါဘီပွဲစဉ်အဖြစ်မန်ယူကိုရင်ဆိုင်ကစားရပါမယ်။

အဆိုပါပွဲစဉ်မှာအသက်၃၆နှစ်ရှိရော်နယ်ဒိုအတွက်မန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်ပထမဆုံးကစားရမယ့်မန်ချက်စတာဒါဘီလည်းဖြစ်ပါတယ်။

သူဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကမန်စီးတီးသို့ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပြီးမှဆာအဲလက်စ်ဖာဂူဆန်ရဲ့ပြောကြားမှုကြောင့်ပယ်ချကာအသင်းဟောင်းမန်ယူသို့ပြောင်းလာခဲ့သူလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝတစ်လျှောက်ဂွါဒီယိုလာကိုင်တွယ်တဲ့အသင်းများနှင့်၁၆ကြိမ်ရင်ဆိုင်ခဲ့ရာမှာ၄ကြိမ်တည်းသာအနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာက “ရော်နယ်ဒိုကသူ့ဘဝတစ်လျှောက်လုံးဂိုးသွင်းနေမယ့်သူဖြစ်ပါတယ်။အသက်၇၅နှစ်အရွယ်ရောက်တဲ့အခါမှာတောင်အကင်စားပွဲမှာကစားတဲ့ပွဲမှာဂိုးသွင်းနေပါလိမ့်မယ်။သူကမက်ဆီလိုဘဲပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာဘောလုံးကမ္ဘာမှာဂိုးတွေသွင်းပြီးအသင်းကိုနိုင်ပွဲရအောင်ကူညီလာခဲ့ကြတဲ့သူတွေပါ။သူပြန်ရောက်လာတာပရီးမီးယားလိဂ်အတွက်ကောင်းပါတယ်။ယူနိုက်တက်ကခရစ္စတီယာနိုနဲ့ပဲသက်ဆိုင်တယ်။ခရစ္စတီယာနိုကလည်းယူနိုက်တက်နဲ့ပဲသက်ဆိုင်ပါတယ်။တကယ့်ကိုအံကိုက်ပါပဲ။အတိတ်မှာရှိခဲ့တယ်။ပစ္စုပ္ပန်မှာလည်းရှိနေမယ်။အနာဂတ်မှာလည်းရှိလာပါမယ်။ဘာဖြစ်လာမလဲကြည့်ကြဦးစို့”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မန်ချက်စတာဒါဘီပွဲမတိုင်မီသတင်းစာရှင်းလင်းပွဲတွင်မန်ယူကရော်နယ်ဒိုကိုမခေါ်ယူမီ ခေါ်ယူဖို့အလွန်နီးစပ်တဲ့အနေအထားသို့ရောက်ခဲ့သလားလို့လည်း ဂွါဒီယိုလာမေးမြန်းခံခဲ့ရပါတယ်။

ဂွါဒီယိုလာက “အိုလီပြောခဲ့တယ်လေ။သူရောက်လာမယ်လို့လုံးဝမထင်ထားဘူးတဲ့။ခင်ဗျားတို့အနေနဲ့သူ့ကိုပဲသွားမေးသင့်တယ်။သူတို့နှစ်ဦးလုံးအဲဒီမှာရှိနေမှုအတွက်ပျော်တယ်ထင်လား။ဒါကအရေးအကြီးဆုံးအချက်ပါ”လို့ပြောကြားသွားပါတယ်။

ZawGyi