ရော်နယ်ဒို High-Pressing မကစားနိုင်ဆိုခြင်းမှာ ယုံတမ်းစကားမျှသာဖြစ်ကြောင်း ကာရစ်တုံ့ပြန်

မိုက်ကယ်ကာရစ်ကခရစ္စတီယာနိုရော်နယ်ဒိုမှာ High-Pressing Team တွင်မကစားနိုင်လို့ပြောကြားနေမှုများမှာယုံတမ်းစကားမျှသာဖြစ်ကြောင်းပြောကြားလာပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့လာမယ့်နည်းပြရေးဖ်ရန်နစ်ခ်ဟာ High-Pressing ကစားတဲ့ Gegenpressing နည်းဗျူဟာကိုဖန်တီးသူဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုမှာ ရန်နစ်ခ်ရဲ့ Gegenpressing ဗျူဟာတွင်အံဝင်အောင်ကစားနိုင်ပါ့မလားမေးခွန်းထုတ်မှုများရှိနေပါတယ်။

ကာရစ်က “ခရစ္စတီယာနိုရော်နယ်ဒိုဟာနှစ်များစွာအသင်းတွေမှာကစားလာခဲ့တဲ့သူပါ။ကစားဟန်ပေါင်းစုံနဲ့အောင်မြင်စွာကစားလာခဲ့တယ်။သူကစားတဲ့အသင်းတိုင်းအတွက်လည်းဂိုးတွေအများကြီးသွင်းခဲ့တယ်။သူဟာဆက်ပြီးတော့လည်းဂိုးတွေသွင်းနေဦးမှာပါ။ဒါနဲ့ပတ်သက်ပြီးသံသယမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္ဂနွေနေ့တုန်းကချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့မိုက်ကယ်ကာရစ်ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပြီးပွဲချိန်၆၄မိနစ်တွင်ဆန်ချိုအစားလူစားဝင်ရောက်ကစားခဲ့ရပါတယ်။သူဟာပွဲအပြီးခရာမှုတ်ပြီးချိန်တွင်ဥမင်လှိုဏ်ခေါင်းထဲသို့ဒေါသတကြီးဆင်းသွားခဲ့ပါတယ်။

ယနေ့ညတွင်ကစားမယ့်အာဆင်နယ်နှင့်ပွဲမှာတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲထွက်ကစားလာဖို့ရှိနေပါတယ်။ယင်းပွဲကိုယူနိုက်တက်ရဲ့လာမယ့်နည်းပြရန်နစ်ခ်လည်းလာရောက်ကြည့်ရှုသွားပါမယ်။

ZawGyi

ေရာ္နယ္ဒို High-Pressing မကစားႏိုင္ဆိုျခင္းမွာ ယုံတမ္းစကားမွ်သာျဖစ္ေၾကာင္း ကာရစ္တုံ႔ျပန္

မိုက္ကယ္ကာရစ္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာ High-Pressing Team တြင္မကစားႏိုင္လို႔ေျပာၾကားေနမႈမ်ားမွာယုံတမ္းစကားမွ်သာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕လာမယ့္နည္းျပေရးဖ္ရန္နစ္ခ္ဟာ High-Pressing ကစားတဲ့ Gegenpressing နည္းဗ်ဴဟာကိုဖန္တီးသူျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာ ရန္နစ္ခ္ရဲ႕ Gegenpressing ဗ်ဴဟာတြင္အံဝင္ေအာင္ကစားႏိုင္ပါ့မလားေမးခြန္းထုတ္မႈမ်ားရွိေနပါတယ္။

ကာရစ္က “ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႏွစ္မ်ားစြာအသင္းေတြမွာကစားလာခဲ့တဲ့သူပါ။ကစားဟန္ေပါင္းစုံနဲ႔ေအာင္ျမင္စြာကစားလာခဲ့တယ္။သူကစားတဲ့အသင္းတိုင္းအတြက္လည္းဂိုးေတြအမ်ားႀကီးသြင္းခဲ့တယ္။သူဟာဆက္ၿပီးေတာ့လည္းဂိုးေတြသြင္းေနဦးမွာပါ။ဒါနဲ႔ပတ္သက္ၿပီးသံသယမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတနဂၤေႏြေန႔တုန္းကခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့မိုက္ကယ္ကာရစ္ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရၿပီးပြဲခ်ိန္၆၄မိနစ္တြင္ဆန္ခ်ိဳအစားလူစားဝင္ေရာက္ကစားခဲ့ရပါတယ္။သူဟာပြဲအၿပီးခရာမႈတ္ၿပီးခ်ိန္တြင္ဥမင္လႈိဏ္ေခါင္းထဲသို႔ေဒါသတႀကီးဆင္းသြားခဲ့ပါတယ္။

ယေန႔ညတြင္ကစားမယ့္အာဆင္နယ္ႏွင့္ပြဲမွာေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲထြက္ကစားလာဖို႔ရွိေနပါတယ္။ယင္းပြဲကိုယူႏိုက္တက္ရဲ႕လာမယ့္နည္းျပရန္နစ္ခ္လည္းလာေရာက္ၾကည့္ရႈသြားပါမယ္။