ရော်နယ်ဒိုရောက်လာပြီးနောက် မန်ယူအသင်းတွင် အကြီးအကျယ်ပြောင်းလဲလာမှုကို လုခ်ရှောဖွင့်ချလာ

လုခ်ရှောဟာခရစ္စတီယာနိုရော်နယ်ဒို အိုးထရက်ဖို့ဒ်သို့တကျော့ပြန်ရောက်လာမှုကအဝတ်အစားလဲခန်းတွင် ဘယ်လောက်အရေးပါလာကြောင်းနှင့်ပေါ်တူဂီစတားကြောင့်အသင်းအတွင်းကြီးမားတဲ့ပြောင်းလဲလာမှုကိုဖွင့်ချလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုအားမန်ယူကပြန်လည်ခေါ်ယူလိုက်မှုကအများစုကဆုဖလားအတွက်ကြီးမားတဲ့ခေါ်ယူမှုတစ်ခုအဖြစ်သာမြင်ကြပါတယ်။ဒါပေမယ့် Ballon d’Or ငါးကြိမ်ရကစားသမားဟာကွင်းတွင်သာမကကွင်းပြင်ပတွင်လည်းမန်ယူကိုကြီးမားတဲ့အပြောင်းအလဲဖြစ်လာစေနေပါတယ်။

လုခ်ရှောက “သူဘယ်လိုပြုမူနေထိုင်တယ်ဆိုတာမြင်နိုင်ပါတယ်။ဘယ်လောက်ပရော်ဖက်ရှင်နယ်ဆန်သလဲမြင်နိုင်ပါတယ်။ဒါကြောင့်လည်းသူဟာထိပ်တန်းအဆင့်မှာနှစ်ပေါင်းများစွာရှိနေနိုင်တာပါ။သူ့စိတ်ဓာတ်ပိုင်းကတော့ပြိုင်ဘက်ကင်းပါပဲ။သူ့ရဲ့စိတ်ဓာတ်ကြောင့်လည်းအသင်းရဲ့အဝတ်အစားလဲခန်းကိုအများကြီးတိုးတက်လာစေတာတွေ့ရပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်ငါးဂိုးသွင်းယူထားနိုင်ကာစက်တင်ဘာလအတွက်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ မန္ယူအသင္းတြင္ အႀကီးအက်ယ္ေျပာင္းလဲလာမႈကို လုခ္ေရွာဖြင့္ခ်လာ

လုခ္ေရွာဟာခရစၥတီယာႏိုေရာ္နယ္ဒို အိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္ေရာက္လာမႈကအဝတ္အစားလဲခန္းတြင္ ဘယ္ေလာက္အေရးပါလာေၾကာင္းႏွင့္ေပၚတူဂီစတားေၾကာင့္အသင္းအတြင္းႀကီးမားတဲ့ေျပာင္းလဲလာမႈကိုဖြင့္ခ်လာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုအားမန္ယူကျပန္လည္ေခၚယူလိုက္မႈကအမ်ားစုကဆုဖလားအတြက္ႀကီးမားတဲ့ေခၚယူမႈတစ္ခုအျဖစ္သာျမင္ၾကပါတယ္။ဒါေပမယ့္ Ballon d’Or ငါးႀကိမ္ရကစားသမားဟာကြင္းတြင္သာမကကြင္းျပင္ပတြင္လည္းမန္ယူကိုႀကီးမားတဲ့အေျပာင္းအလဲျဖစ္လာေစေနပါတယ္။

လုခ္ေရွာက “သူဘယ္လိုျပဳမူေနထိုင္တယ္ဆိုတာျမင္ႏိုင္ပါတယ္။ဘယ္ေလာက္ပေရာ္ဖက္ရွင္နယ္ဆန္သလဲျမင္ႏိုင္ပါတယ္။ဒါေၾကာင့္လည္းသူဟာထိပ္တန္းအဆင့္မွာႏွစ္ေပါင္းမ်ားစြာရွိေနႏိုင္တာပါ။သူ႔စိတ္ဓာတ္ပိုင္းကေတာ့ၿပိဳင္ဘက္ကင္းပါပဲ။သူ႔ရဲ႕စိတ္ဓာတ္ေၾကာင့္လည္းအသင္းရဲ႕အဝတ္အစားလဲခန္းကိုအမ်ားႀကီးတိုးတက္လာေစတာေတြ႕ရပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္ငါးဂိုးသြင္းယူထားႏိုင္ကာစက္တင္ဘာလအတြက္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးထားႏိုင္ပါတယ္။