ရော်နယ်ဒိုရောက်လာမှုနဲ့အတူ မန်ယူတွင် ဆက်ကစားရန် အလေးအနက်ထားစဉ်းစားလာတဲ့ ပေါလ်ပေါ့ဘာ

ပေါလ်ပေါ့ဘာဟာအိုးထရက်ဖို့ဒ်သို့ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုကာမန်ယူတွင်ပင်ဆက်ကစားသွားရန်အလေးအနက်ထားစဉ်းစားလာကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာမန်ယူနှင့်စာချုပ်သက်တမ်းမှာယခုရာသီအကုန်တွင်ကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။သူဟာနွေရာသီတုန်းကမန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့သူလည်းဖြစ်ပါတယ်။ယင်းသို့အနေအထားကြောင့်သူဟာရာသီအကုန်တွင်အခြားကလပ်တစ်ခုသို့အလွတ်ပြောင်းရွှေ့မယ့်အနေအထားမှာရှိနေခဲ့ပါတယ်။

ဒါပေမယ့် The Athletic ရဲ့ဖော်ပြချက်အရပေါလ်ပေါ့ဘာဟာစနေနေ့တုန်းကနယူးကာဆယ်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိပြီးနောက်မန်ယူတွင်ဆက်ကစားရေးအပေါ်အလေးအနက်ထားစဉ်းစားလာကြောင်းသိရပါတယ်။

ပေါလ်ပေါ့ဘာဟာနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိပွဲတွင်ဘရူနိုဖာနန်ဒက်စ်နှင့်လင်ဂတ်တို့ဂိုးသွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်နိုင်ပြီးနောက်ယခုရာသီပရီးမီးယားလိဂ်တွင်ဂိုးဖန်တီးမှု၇ကြိမ်အထိပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။

သူဟာကစားရတာပျော်ရွှင်နေသလိုခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူ ဆုဖလားရရှိရေးအခွင့်အလမ်းများစွာရှိလာမှုကြောင့်အိုးထရက်ဖို့ဒ်တွင်ဆက်နေခြင်းသာအသင့်တော်ဆုံးလို့စဉ်းစားလာပါတယ်။

ZawGyi

ေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ မန္ယူတြင္ ဆက္ကစားရန္ အေလးအနက္ထားစဥ္းစားလာတဲ့ ေပါလ္ေပါ့ဘာ

ေပါလ္ေပါ့ဘာဟာအိုးထရက္ဖို႔ဒ္သို႔ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုကာမန္ယူတြင္ပင္ဆက္ကစားသြားရန္အေလးအနက္ထားစဥ္းစားလာေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာမန္ယူႏွင့္စာခ်ဳပ္သက္တမ္းမွာယခုရာသီအကုန္တြင္ကုန္ဆုံးမယ့္သူလည္းျဖစ္ပါတယ္။သူဟာေႏြရာသီတုန္းကမန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့သူလည္းျဖစ္ပါတယ္။ယင္းသို႔အေနအထားေၾကာင့္သူဟာရာသီအကုန္တြင္အျခားကလပ္တစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕မယ့္အေနအထားမွာရွိေနခဲ့ပါတယ္။

ဒါေပမယ့္ The Athletic ရဲ႕ေဖာ္ျပခ်က္အရေပါလ္ေပါ့ဘာဟာစေနေန႔တုန္းကနယူးကာဆယ္ကို၄-၁ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္မန္ယူတြင္ဆက္ကစားေရးအေပၚအေလးအနက္ထားစဥ္းစားလာေၾကာင္းသိရပါတယ္။

ေပါလ္ေပါ့ဘာဟာနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိပြဲတြင္ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္လင္ဂတ္တို႔ဂိုးသြင္းႏိုင္ေအာင္ဖန္တီးမႈျပဳလုပ္ႏိုင္ၿပီးေနာက္ယခုရာသီပရီးမီးယားလိဂ္တြင္ဂိုးဖန္တီးမႈ၇ႀကိမ္အထိျပဳလုပ္လာႏိုင္ၿပီျဖစ္ပါတယ္။

သူဟာကစားရတာေပ်ာ္႐ႊင္ေနသလိုခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ ဆုဖလားရရွိေရးအခြင့္အလမ္းမ်ားစြာရွိလာမႈေၾကာင့္အိုးထရက္ဖို႔ဒ္တြင္ဆက္ေနျခင္းသာအသင့္ေတာ္ဆုံးလို႔စဥ္းစားလာပါတယ္။