ရော်နယ်ဒိုရောက်လာမှုနဲ့အတူ ဆုဖလားများ ရယူရေး ဆိုးလ်ရှား ဖိအားမြင့်မားလာပြီ

ဝိန်းရွန်းနီကအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူ ဆုဖလားဆွတ်ခူးရေးအတွက်ဖိအားအလွန်ကြီးမားလာပြီဖြစ်ကြောင်းသတိပေးပြောကြားလာပါတယ်။

ဝိန်းရွန်းနီဟာမန်ချက်စတာယူနိုက်တက်တွင်၁၃နှစ်ကြာကစားခဲ့သူဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၅ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်မန်ယူအသင်းဟာဝိန်းရွန်းနီနောက်ဆုံးကစားခဲ့တဲ့၂၀၁၃ခုနှစ်နောက်ပိုင်းတွင်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။

မန်ယူဟာယခုနွေရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူထားပါတယ်။ဒါဘီကောင်တီနည်းပြကမန်ယူကစားဖော်ဟောင်းရောက်လာမှုနဲ့အတူဆိုးလ်ရှားအနေဖြင့်ဆုဖလားမဖြစ်မနေရယူပြရတော့မှာဖြစ်ကြောင်းသတိပေးလာပါတယ်။

ရွန်းနီက “ခရစ္စတီယာနိုကကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်နေတုန်းဖြစ်ပါတယ်။သူဟာရောက်ခဲ့တဲ့နေရာတိုင်းမှာဆုဖလားများစွာရယူနိုင်ခဲ့ပါတယ်။ဒီတော့သူဟာနောက်ထပ်လည်းလုပ်ပြလာပါဦးမယ်။သူကအကောင်းဆုံးဖြစ်ချင်နေတုန်းပါ။သူဟာဒီရာသီမှာသူတို့(မန်ယူ)အတွက်အများကြီးလုပ်ပြလာပါဦးမယ်။အိုလီအနေနဲ့သူခေါ်ယူထားတဲ့ကစားသမားတွေနဲ့ဆုဖလားကြီးကြီးမားမားတွေစတင်ရယူပြရပါတော့မယ်”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာလက်ရှိအချိန်တွင်ပေါ်တူဂီအသင်းနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကစားရန်ပြင်ဆင်နေပြီးလာမယ့်လစက်တင်ဘာလ၁၁ရက်နေ့မှာမန်ယူအတွက်ပထမဆုံးပွဲကိုကစားသွားပါမယ်။

ZawGyi

ေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ ဆုဖလားမ်ား ရယူေရး ဆိုးလ္ရွား ဖိအားျမင့္မားလာၿပီ

ဝိန္း႐ြန္းနီကအိုလီဂန္းနားဆိုးလ္ရွားအေနျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ ဆုဖလားဆြတ္ခူးေရးအတြက္ဖိအားအလြန္ႀကီးမားလာၿပီျဖစ္ေၾကာင္းသတိေပးေျပာၾကားလာပါတယ္။

ဝိန္း႐ြန္းနီဟာမန္ခ်က္စတာယူႏိုက္တက္တြင္၁၃ႏွစ္ၾကာကစားခဲ့သူျဖစ္ၿပီးပရီးမီးယားလိဂ္ဖလား၅ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္မန္ယူအသင္းဟာဝိန္း႐ြန္းနီေနာက္ဆုံးကစားခဲ့တဲ့၂၀၁၃ခုႏွစ္ေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ျခင္းမရွိပါဘူး။

မန္ယူဟာယခုေႏြရာသီတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူထားပါတယ္။ဒါဘီေကာင္တီနည္းျပကမန္ယူကစားေဖာ္ေဟာင္းေရာက္လာမႈနဲ႔အတူဆိုးလ္ရွားအေနျဖင့္ဆုဖလားမျဖစ္မေနရယူျပရေတာ့မွာျဖစ္ေၾကာင္းသတိေပးလာပါတယ္။

႐ြန္းနီက “ခရစၥတီယာႏိုကကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္ေနတုန္းျဖစ္ပါတယ္။သူဟာေရာက္ခဲ့တဲ့ေနရာတိုင္းမွာဆုဖလားမ်ားစြာရယူႏိုင္ခဲ့ပါတယ္။ဒီေတာ့သူဟာေနာက္ထပ္လည္းလုပ္ျပလာပါဦးမယ္။သူကအေကာင္းဆုံးျဖစ္ခ်င္ေနတုန္းပါ။သူဟာဒီရာသီမွာသူတို႔(မန္ယူ)အတြက္အမ်ားႀကီးလုပ္ျပလာပါဦးမယ္။အိုလီအေနနဲ႔သူေခၚယူထားတဲ့ကစားသမားေတြနဲ႔ဆုဖလားႀကီးႀကီးမားမားေတြစတင္ရယူျပရပါေတာ့မယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာလက္ရွိအခ်ိန္တြင္ေပၚတူဂီအသင္းႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကစားရန္ျပင္ဆင္ေနၿပီးလာမယ့္လစက္တင္ဘာလ၁၁ရက္ေန႔မွာမန္ယူအတြက္ပထမဆုံးပြဲကိုကစားသြားပါမယ္။