ရော်နယ်ဒိုရဲ့ကတိချိုးဖောက်မှုကြောင့် ဂျူဗင်တပ် တန်းဆင်းဇုန်သို့ ကျရောက်နေခြင်းဖြစ်

ဂျူဗင်တပ်အသင်းဟာခရစ္စတီယာနိုရော်နယ်ဒိုဘက်ကကတိချိုးဖောက်ကာအသင်းဟောင်းမန်ချက်စတာသို့ပြောင်းရွှေ့သွားခဲ့မှုကြောင့်ယခုရာသီတွင်ရုန်းကန်နေရတာဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီစူပါစတားဟာအစောပိုင်းတုန်းကဂျူဗင်တပ်အသင်းတွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်နှစ်နွေရာသီအထိဆက်ရှိနေမယ်လို့ယူဆခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာအပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးအချိန်တွင်စိတ်ပြောင်းကာအသင်းဟောင်းမန်ယူသို့ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နှင့်ဂျူဗင်တပ်တို့အကြားတွင်အပြောင်းအရွှေ့ဈေးကွက်မပိတ်မီနှစ်ပတ်အလို ဩဂုတ်လ၁၅ရက်မတိုင်မီ အသင်းပြောင်းရန်သာသဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာပါကအစားထိုးမယ့်ကစားသမားအားအချိန်ယူခေါ်ယူနိုင်ရန်အတွက်ယင်းသို့သဘောတူညီမှုရယူထားခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုဘက်ကအပြောင်းအရွှေ့နောက်ဆုံးရက်တွင်မန်ယူသို့ပြောင်းရွှေ့သွားမှုနဲ့အတူအစားထိုးနိုင်မယ့်ထိပ်တန်းကစားသမားရှာဖွေရခက်ခဲခဲ့ပြီးအဲဗာတန်မှတိုက်စစ်မှူးဟောင်းကိန်းကိုနှစ်ရာသီအငှားဖြင့်ခေါ်ယူခဲ့ရပါတယ်။

ဂျူဗင်တပ်ဟာရော်နယ်ဒိုနေရာတွင်ထိပ်တန်းကစားသမားဖြင့်အစားမထိုးနိုင်ခဲ့မှုနဲ့အတူယခုရာသီတွင်စီးရီးအေတွင်နိုင်ပွဲမရရှိသေးဘဲရုန်းကန်နေရကာရမှတ်၂မှတ်တည်းသာရရှိကာတန်းဆင်းဇုန်တွင်ရပ်တည်နေပါတယ်။

၎င်းတို့ဟာယနေ့ညမှာစပီဇီယာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕ကတိခ်ိဳးေဖာက္မႈေၾကာင့္ ဂ်ဴဗင္တပ္ တန္းဆင္းဇုန္သို႔ က်ေရာက္ေနျခင္းျဖစ္

ဂ်ဴဗင္တပ္အသင္းဟာခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကကတိခ်ိဳးေဖာက္ကာအသင္းေဟာင္းမန္ခ်က္စတာသို႔ေျပာင္းေ႐ႊ႕သြားခဲ့မႈေၾကာင့္ယခုရာသီတြင္႐ုန္းကန္ေနရတာျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီစူပါစတားဟာအေစာပိုင္းတုန္းကဂ်ဴဗင္တပ္အသင္းတြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ႏွစ္ေႏြရာသီအထိဆက္ရွိေနမယ္လို႔ယူဆခဲ့ရသူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ခါနီးအခ်ိန္တြင္စိတ္ေျပာင္းကာအသင္းေဟာင္းမန္ယူသို႔ေျပာင္းေ႐ႊ႕ခဲ့တာလည္းျဖစ္ပါတယ္။

အေစာပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္ဂ်ဴဗင္တပ္တို႔အၾကားတြင္အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီႏွစ္ပတ္အလို ဩဂုတ္လ၁၅ရက္မတိုင္မီ အသင္းေျပာင္းရန္သာသေဘာတူညီမႈရရွိထားတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုထြက္ခြာပါကအစားထိုးမယ့္ကစားသမားအားအခ်ိန္ယူေခၚယူႏိုင္ရန္အတြက္ယင္းသို႔သေဘာတူညီမႈရယူထားခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္တြင္မန္ယူသို႔ေျပာင္းေ႐ႊ႕သြားမႈနဲ႔အတူအစားထိုးႏိုင္မယ့္ထိပ္တန္းကစားသမားရွာေဖြရခက္ခဲခဲ့ၿပီးအဲဗာတန္မွတိုက္စစ္မႉးေဟာင္းကိန္းကိုႏွစ္ရာသီအငွားျဖင့္ေခၚယူခဲ့ရပါတယ္။

ဂ်ဴဗင္တပ္ဟာေရာ္နယ္ဒိုေနရာတြင္ထိပ္တန္းကစားသမားျဖင့္အစားမထိုးႏိုင္ခဲ့မႈနဲ႔အတူယခုရာသီတြင္စီးရီးေအတြင္ႏိုင္ပြဲမရရွိေသးဘဲ႐ုန္းကန္ေနရကာရမွတ္၂မွတ္တည္းသာရရွိကာတန္းဆင္းဇုန္တြင္ရပ္တည္ေနပါတယ္။

၎တို႔ဟာယေန႔ညမွာစပီဇီယာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။