
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကြီးကျယ်ခမ်းနားလှတဲ့ကစားသမားဘဝကိုလေးစားသောအားဖြင့်မန်ချက်စတာဒါဘီအရှက်တကွဲရှုံးနိမ့်ပွဲတွင်လူစားဝင်ရောက်မကစားစေခဲ့ခြင်းဖြစ်ကြောင်းပြောကြားလာပါတယ်။
ယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကအီတီဟတ်တွင်ဒေသတွင်းပြိုင်ဘက်မန်စီးတီးကို၆-၃ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မန်စီးတီးအတွက်ဂိုးများကိုအာလင်းဟာလန်းနှင့်ဖီးလ်ဖိုဒန်တို့ဟက်ထရစ်ကိုယ်စီသွင်းယူခဲ့ကြပါတယ်။
ဒုတိယပိုင်းတွင်ယူနိုက်တက်အတွက်နှစ်သိမ့်ဂိုးများကိုအန်တိုနီ(၁ဂိုး)နှင့်အန်တိုနီမာရှယ်(၂ဂိုး)တို့အသီးသီးသွင်းယူခဲ့ကြပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာပရီးမီးယားလိဂ်တွင်လေးပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ပေမဲ့မန်စီးတီးနှင့်ထိပ်တိုက်တွေ့ချိန်မှာတော့ရပ်တန့်လာပါတယ်။
ပွဲအပြီးတွင်အဲရစ်တန်ဟက်က “ခရစ္စတီယာနိုရဲ့ကြီးကျယ်တဲ့ကစားသမားဘဝကိုလေးစားသောအားဖြင့်သူ့ကိုအသုံးမပြုခဲ့တာပါ။တဖက်မှာမာရှယ်ကိုအသုံးပြုလာနိုင်ပါတယ်။သူကလည်းပွဲကစားဖို့လိုအပ်နေတယ်”လို့ပြောကြားသွားပါတယ်။
မာရှယ်ဟာပွဲချိန်၅၉မိနစ်တွင်မားကပ်စ်ရက်ဖို့ဒ်အစားလူစားဝင်ရောက်လာပြီးနောက်ယူနိုက်တက်အတွက်နှစ်သိမ့်ဂိုးနှစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
အထက်ပါအတိုင်းအဲရစ်တန်ဟက်ကပြောကြားလာမှုနှင့်အတူ ယူနိုက်တက်ပရိသတ်များက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကစားသမားဘဝကိုလေးစားလျှင် နွေရာသီကတည်းကထွက်ခွာခွင့်ပေးသင့်ကြောင်းဝေဖန်ပြောကြားနေကြပါတယ်။
ZawGyi
ေရာ္နယ္ဒိုရဲ႕ႀကီးက်ယ္တဲ့ကစားသမားဘဝကို ေလးစားေသာအားျဖည့္ မန္စီးတီးႏွင့္ပြဲတြင္ မသုံးခဲ့ျခင္းဟု အဲရစ္တန္ဟက္ဖြင့္ဟလာ
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ႀကီးက်ယ္ခမ္းနားလွတဲ့ကစားသမားဘဝကိုေလးစားေသာအားျဖင့္မန္ခ်က္စတာဒါဘီအရွက္တကြဲရႈံးနိမ့္ပြဲတြင္လူစားဝင္ေရာက္မကစားေစခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။
ယူႏိုက္တက္ဟာတနဂၤေႏြေန႔တုန္းကအီတီဟတ္တြင္ေဒသတြင္းၿပိဳင္ဘက္မန္စီးတီးကို၆-၃ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။မန္စီးတီးအတြက္ဂိုးမ်ားကိုအာလင္းဟာလန္းႏွင့္ဖီးလ္ဖိုဒန္တို႔ဟက္ထရစ္ကိုယ္စီသြင္းယူခဲ့ၾကပါတယ္။
ဒုတိယပိုင္းတြင္ယူႏိုက္တက္အတြက္ႏွစ္သိမ့္ဂိုးမ်ားကိုအန္တိုနီ(၁ဂိုး)ႏွင့္အန္တိုနီမာရွယ္(၂ဂိုး)တို႔အသီးသီးသြင္းယူခဲ့ၾကပါတယ္။
ဒတ္ခ်္လူမ်ိဳးနည္းျပဟာပရီးမီးယားလိဂ္တြင္ေလးပြဲဆက္ႏိုင္ပြဲရယူႏိုင္ခဲ့ေပမဲ့မန္စီးတီးႏွင့္ထိပ္တိုက္ေတြ႕ခ်ိန္မွာေတာ့ရပ္တန႔္လာပါတယ္။
ပြဲအၿပီးတြင္အဲရစ္တန္ဟက္က “ခရစၥတီယာႏိုရဲ႕ႀကီးက်ယ္တဲ့ကစားသမားဘဝကိုေလးစားေသာအားျဖင့္သူ႔ကိုအသုံးမျပဳခဲ့တာပါ။တဖက္မွာမာရွယ္ကိုအသုံးျပဳလာႏိုင္ပါတယ္။သူကလည္းပြဲကစားဖို႔လိုအပ္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။
မာရွယ္ဟာပြဲခ်ိန္၅၉မိနစ္တြင္မားကပ္စ္ရက္ဖို႔ဒ္အစားလူစားဝင္ေရာက္လာၿပီးေနာက္ယူႏိုက္တက္အတြက္ႏွစ္သိမ့္ဂိုးႏွစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။
အထက္ပါအတိုင္းအဲရစ္တန္ဟက္ကေျပာၾကားလာမႈႏွင့္အတူ ယူႏိုက္တက္ပရိသတ္မ်ားက ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ကစားသမားဘဝကိုေလးစားလွ်င္ ေႏြရာသီကတည္းကထြက္ခြာခြင့္ေပးသင့္ေၾကာင္းေဝဖန္ေျပာၾကားေနၾကပါတယ္။