ရော်နယ်ဒိုရဲ့ဂျူဗင်တပ်အနာဂတ်ကို ချစ်သူဂျော်ဂျီနာဖွင့်ဟလာ

ခရစ္စတီယာနိုရော်နယ်ဒိုမှာဂျူဗင်တပ်တွင်ပင်ဆက်ရှိနေမှာဖြစ်ကြောင်းချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်ကပြောကြားလာပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယခုနွေရာသီတွင်ဂျူဗင်တပ်မှထွက်ခွာမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။

ဒါပေမယ့်ယနေ့မှာချစ်သူဂျော်ဂျီနာကအသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးပြောကြားလာပါတယ်။

သူမက “သူဆက်ရှိနေပါမယ်”လို့တိုတိုတုပ်တုပ်ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းကဂျူဗင်တပ်စတားဟာအသင်းဟောင်းမန်ယူသို့ပေါလ်ပေါ့ဘာနှင့်အလဲအထပ်လုပ်ကာပြောင်းရွှေ့မယ်လို့သတင်းထွက်နေပါတယ်။

ဂျော်ဂျီနာဟာလက်ရှိအချိန်မှာမွေးရပ်မြေစပိန်သို့ရောက်ရှိနေပြီး Netflix တွင်ပြသမယ့်သူမရဲ့မှတ်တမ်းရုပ်ရှင်အတွက်အလုပ်လုပ်နေပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္အနာဂတ္ကို ခ်စ္သူေဂ်ာ္ဂ်ီနာဖြင့္ဟလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာဂ်ဴဗင္တပ္တြင္ပင္ဆက္ရွိေနမွာျဖစ္ေၾကာင္းခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကေျပာၾကားလာပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုေႏြရာသီတြင္ဂ်ဴဗင္တပ္မွထြက္ခြာမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚေနပါတယ္။

ဒါေပမယ့္ယေန႔မွာခ်စ္သူေဂ်ာ္ဂ်ီနာကအသက္၃၆ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီးေျပာၾကားလာပါတယ္။

သူမက “သူဆက္ရွိေနပါမယ္”လို႔တိုတိုတုပ္တုပ္ေျပာၾကားသြားပါတယ္။

အေစာပိုင္းတုန္းကဂ်ဴဗင္တပ္စတားဟာအသင္းေဟာင္းမန္ယူသို႔ေပါလ္ေပါ့ဘာႏွင့္အလဲအထပ္လုပ္ကာေျပာင္းေ႐ႊ႕မယ္လို႔သတင္းထြက္ေနပါတယ္။

ေဂ်ာ္ဂ်ီနာဟာလက္ရွိအခ်ိန္မွာေမြးရပ္ေျမစပိန္သို႔ေရာက္ရွိေနၿပီး Netflix တြင္ျပသမယ့္သူမရဲ႕မွတ္တမ္း႐ုပ္ရွင္အတြက္အလုပ္လုပ္ေနပါတယ္။