ရော်နယ်ဒိုရဲ့စတိုင်နဲ့ J-Lingz စတိုင်ကို ပေါင်းစပ်အောင်ပွဲခံကာ ရော်နယ်ဒိုကို ကြိုဆိုခဲ့တဲ့ လင်ဂတ်

ဂျက်စီလင်ဂတ်ဟာဝင်ဘာလေကွင်းမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံစတိုင်ဖြင့်အောင်ပွဲခံမှုပြုလုပ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုအားကြိုဆိုမှုပြုလုပ်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာသို့ရောက်ရှိနေပြီဖြစ်ပြီးလာမယ့်ဗုဒ္ဓဟူးနေ့မှစတင်ကာမန်ယူကစားဖော်သစ်များနှင့်အတူစတင်လေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီးစက်တင်ဘာလ၁၁ရက်နေ့နယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲကိုကစားသွားဖို့ရှိပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာမနေ့ညတုန်းကအန်ဒိုရာဘက်သို့ဂိုးသွင်းယူပြီးနောက် ရော်နယ်ဒိုရဲ့နာမည်ကျော်ဂိုးသွင်းအောင်ပွဲခံစတိုင်ကို သူ့ရဲ့J-Lingz အောင်ပွဲခံစတိုင်နှင့်ပေါင်းစပ်ပြီးအောင်ပွဲခံခဲ့ပါတယ်။

မန်ယူတောင်ပံတိုက်စစ်သမားဟာမန်ယူတွင်နေရာရရှိရန်ရုန်းကန်နေရပေမယ့်လည်းအင်ဒိုရာနဲ့ပွဲမှာပွဲထွက်ကစားခွင့်ရရှိကာပွဲချိန်၁၈မိနစ်မှာဘယ်ခြေဖြင့်ထောင့်ကျဉ်းသို့ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ခုန်ပျံပြီးနောက် J-Lingz စတိုင်ဖြင့် အောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။

အင်ဒိုရာအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးတွင်လင်ဂတ်က “မေဆင်မောင့်နဲ့ဂိုးသွင်းအောင်ပွဲခံပုံနဲ့ပတ်သက်ပြီးစကားပြောဖြစ်ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုရဲ့I said i’d do it စတိုင်ကိုကျွန်တော့်အောင်ပွဲခံစတိုင်နဲ့ပေါင်းစပ်လိုက်တယ်။ဒါကရော်နယ်ဒိုအတွက်အသေးစားကြိုဆိုမှုလက်ဆောင်ပါ။ဒါပေမယ့်သူဟာဒီမှာအလျှင်အမြန်ဘဲအထိုင်လာမှာပါ။သူဟာအသင်းကိုလည်းအများကြီးကူညီပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕စတိုင္နဲ႔ J-Lingz စတိုင္ကို ေပါင္းစပ္ေအာင္ပြဲခံကာ ေရာ္နယ္ဒိုကို ႀကိဳဆိုခဲ့တဲ့ လင္ဂတ္

ဂ်က္စီလင္ဂတ္ဟာဝင္ဘာေလကြင္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံစတိုင္ျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုအားႀကိဳဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာသို႔ေရာက္ရွိေနၿပီျဖစ္ၿပီးလာမယ့္ဗုဒၶဟူးေန႔မွစတင္ကာမန္ယူကစားေဖာ္သစ္မ်ားႏွင့္အတူစတင္ေလ့က်င့္ခန္းဆင္းမွာျဖစ္ၿပီးစက္တင္ဘာလ၁၁ရက္ေန႔နယူးကာဆယ္ႏွင့္ပြဲတြင္မန္ယူအတြက္ပထမဆုံးပြဲကိုကစားသြားဖို႔ရွိပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာမေန႔ညတုန္းကအန္ဒိုရာဘက္သို႔ဂိုးသြင္းယူၿပီးေနာက္ ေရာ္နယ္ဒိုရဲ႕နာမည္ေက်ာ္ဂိုးသြင္းေအာင္ပြဲခံစတိုင္ကို သူ႔ရဲ႕J-Lingz ေအာင္ပြဲခံစတိုင္ႏွင့္ေပါင္းစပ္ၿပီးေအာင္ပြဲခံခဲ့ပါတယ္။

မန္ယူေတာင္ပံတိုက္စစ္သမားဟာမန္ယူတြင္ေနရာရရွိရန္႐ုန္းကန္ေနရေပမယ့္လည္းအင္ဒိုရာနဲ႔ပြဲမွာပြဲထြက္ကစားခြင့္ရရွိကာပြဲခ်ိန္၁၈မိနစ္မွာဘယ္ေျချဖင့္ေထာင့္က်ဥ္းသို႔ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔ခုန္ပ်ံၿပီးေနာက္ J-Lingz စတိုင္ျဖင့္ ေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။

အင္ဒိုရာအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးတြင္လင္ဂတ္က “ေမဆင္ေမာင့္နဲ႔ဂိုးသြင္းေအာင္ပြဲခံပုံနဲ႔ပတ္သက္ၿပီးစကားေျပာျဖစ္ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕I said i’d do it စတိုင္ကိုကြၽန္ေတာ့္ေအာင္ပြဲခံစတိုင္နဲ႔ေပါင္းစပ္လိုက္တယ္။ဒါကေရာ္နယ္ဒိုအတြက္အေသးစားႀကိဳဆိုမႈလက္ေဆာင္ပါ။ဒါေပမယ့္သူဟာဒီမွာအလွ်င္အျမန္ဘဲအထိုင္လာမွာပါ။သူဟာအသင္းကိုလည္းအမ်ားႀကီးကူညီပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။