ရော်နယ်ဒိုရဲ့နေ့လည်စာစားဖို့ ဖိတ်ကြားမှုကြောင့် အိမ်သို့သွားချိန်မှာ ပက်ထရစ်အီဗရာ ကြုံခဲ့ရတဲ့ အံ့ဩဖွယ်ဇာတ်လမ်း

တခါတုန်းကအီဗရာဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဖိတ်ကြားမှုကြောင့် နေအိမ်သို့သွားပြီးနေ့လည်စာသွားခဲ့ပါတယ်။ဒါပေမယ့်အီဗရာဟာရော်နယ်ဒိုရဲ့ဖိတ်ကြားမှုကိုလက်ခံကာနေအိမ်သို့သွားလိုက်မှုအတွက်နောင်တရဆုံးအဖြစ်အပျက်နှင့်ကြုံခဲ့ရပါတယ်။

အီဗရာနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာအိုးထရက်ဖို့ဒ်မှာသုံးနှစ်ကြာအတူတွဲကစားခဲ့ပြီးအလွန်ရင်းနှီးတဲ့သူငယ်ချင်းများလည်းဖြစ်ခဲ့ကြပါတယ်။

တချိန်မှာတော့ရော်နယ်ဒိုဟာသူ့အိမ်မှာနေ့လည်စာလိုက်စားဖို့အီဗရာကိုဖိတ်ပါတယ်။အီဗရာလည်းရော်နယ်ဒိုသို့အိမ်သို့သွားခဲ့ပါတယ်။တကယ်တမ်းနေ့လည်စာလိုက်စားတဲ့အချိန်မှာတော့အီဗရာထင်သလိုမဖြစ်လာခဲ့ပါဘူး။

အီဗရာဟာရော်နယ်ဒိုရဲ့အိမ်မှာနေ့လည်စာစားကောင်းသောက်ကောင်းတွေစားရမယ်လို့မျှော်လင့်ခဲ့ပေမယ့်လည်းကြက်သားအလွတ်ပြုတ်ထားတဲ့အသားကိုသာစားခဲ့ရပြီးနှစ်ချက်ထိကစားခြင်း၊ရေကူးခြင်း၊ချွေးထုတ်ခြင်းတို့နဲ့ဘဲအဆုံးသတ်ခဲ့ရပါတယ်။

အီဗရာက “အားလုံးကိုအကြံပေးပါတယ်။ခရစ္စတီယာနိုကသူ့အိမ်သို့နေ့လည်စာစားဖို့ဖိတ်ရင်လုံးဝငြင်းကြပါ။သူကလေ့ကျင့်ခန်းအစီအစဉ်ပြီးရင်သူ့အိမ်လာဖို့ပြောပါတယ်။သွားခဲ့တယ်။လူကပင်ပန်းပင်ပန်းနေတယ်။စားမယ်ပေါ့။စားပွဲကြည့်လိုက်တော့ဆလပ်ရွက်နဲ့ပလိန်းချက်ထားတဲ့ကြက်သားရယ်ပဲရှိတယ်။ရပါတယ်ဘာမှမဖြစ်ဘူးပေါ့။ပြီးတော့ရေပဲရှိတယ်။ဘာအချိုရည်မှမရှိဘူး။ကျုပ်တို့စစားကြတယ်။ဒါပြီးတော့စားကောင်းသောက်ကောင်းတော့လာချဦးမှာပေါ့လေ။ဒါပေမယ့်ဘာမှမရောက်လာဘူး။သူကတော့ပြီးသွားပြီ။ရပ်ပြီးဘောလုံးကစားနေတယ်။စကေးအချို့လုပ်တယ်။သူကသူနဲ့နှစ်ချက်ထိလာကစားဖို့ခေါ်တယ်။ကျုပ်ကလည်း စားလက်စအဆုံးသတ်လိုက်ဦးမယ်လို့ပြောတော့ သူကတော်ပြီးကစားမယ်တဲ့။ဒီလိုနဲ့နှစ်ချက်ထိကစားကြတယ်ပေါ့။အဲဒါလည်းပြီးရောရေကူးဖို့ခေါ်တယ်။အဲဒါပြီးတော့ဂျာကူဇီ၊ချွေးထုတ်ခန်းသို့ထပ်ခေါ်တယ်။အားလုံးလုပ်ခဲ့ရတယ်။ကျုပ်ကလည်း ‘ဟေ့ကောင် ခရစ္စတီယာနို မနက်ဖြန်ပွဲရှိလို့ငါတို့ဒီလိုလုပ်နေတာလား၊နေ့လည်စာစားဖို့ပဲမလား’လို့ပြောချလိုက်တယ်။ဒါကြောင့်ခရစ္စတီယာနိုကသူ့အိမ်ကိုဖိတ်ရင်မသွားဖို့ငြင်းကြပါလို့အားလုံးကိုပြောချင်တာပါ။သူကစက်လိုပဲ။လေ့ကျင့်တာကိုဘယ်တော့မှမရပ်ချင်ဘူး။အလေးအနက်ထားတယ်။သူကအလုပ်လည်းအရမ်းကြိုးစားတော့သူရတာတွေအားလုံးထိုက်တန်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕ေန႔လည္စာစားဖို႔ ဖိတ္ၾကားမႈေၾကာင့္ အိမ္သို႔သြားခ်ိန္မွာ ပက္ထရစ္အီဗရာ ႀကဳံခဲ့ရတဲ့ အံ့ဩဖြယ္ဇာတ္လမ္း

တခါတုန္းကအီဗရာဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဖိတ္ၾကားမႈေၾကာင့္ ေနအိမ္သို႔သြားၿပီးေန႔လည္စာသြားခဲ့ပါတယ္။ဒါေပမယ့္အီဗရာဟာေရာ္နယ္ဒိုရဲ႕ဖိတ္ၾကားမႈကိုလက္ခံကာေနအိမ္သို႔သြားလိုက္မႈအတြက္ေနာင္တရဆုံးအျဖစ္အပ်က္ႏွင့္ႀကဳံခဲ့ရပါတယ္။

အီဗရာႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာအိုးထရက္ဖို႔ဒ္မွာသုံးႏွစ္ၾကာအတူတြဲကစားခဲ့ၿပီးအလြန္ရင္းႏွီးတဲ့သူငယ္ခ်င္းမ်ားလည္းျဖစ္ခဲ့ၾကပါတယ္။

တခ်ိန္မွာေတာ့ေရာ္နယ္ဒိုဟာသူ႔အိမ္မွာေန႔လည္စာလိုက္စားဖို႔အီဗရာကိုဖိတ္ပါတယ္။အီဗရာလည္းေရာ္နယ္ဒိုသို႔အိမ္သို႔သြားခဲ့ပါတယ္။တကယ္တမ္းေန႔လည္စာလိုက္စားတဲ့အခ်ိန္မွာေတာ့အီဗရာထင္သလိုမျဖစ္လာခဲ့ပါဘူး။

အီဗရာဟာေရာ္နယ္ဒိုရဲ႕အိမ္မွာေန႔လည္စာစားေကာင္းေသာက္ေကာင္းေတြစားရမယ္လို႔ေမွ်ာ္လင့္ခဲ့ေပမယ့္လည္းၾကက္သားအလြတ္ျပဳတ္ထားတဲ့အသားကိုသာစားခဲ့ရၿပီးႏွစ္ခ်က္ထိကစားျခင္း၊ေရကူးျခင္း၊ေခြၽးထုတ္ျခင္းတို႔နဲ႔ဘဲအဆုံးသတ္ခဲ့ရပါတယ္။

အီဗရာက “အားလုံးကိုအႀကံေပးပါတယ္။ခရစၥတီယာႏိုကသူ႔အိမ္သို႔ေန႔လည္စာစားဖို႔ဖိတ္ရင္လုံးဝျငင္းၾကပါ။သူကေလ့က်င့္ခန္းအစီအစဥ္ၿပီးရင္သူ႔အိမ္လာဖို႔ေျပာပါတယ္။သြားခဲ့တယ္။လူကပင္ပန္းပင္ပန္းေနတယ္။စားမယ္ေပါ့။စားပြဲၾကည့္လိုက္ေတာ့ဆလပ္႐ြက္နဲ႔ပလိန္းခ်က္ထားတဲ့ၾကက္သားရယ္ပဲရွိတယ္။ရပါတယ္ဘာမွမျဖစ္ဘူးေပါ့။ၿပီးေတာ့ေရပဲရွိတယ္။ဘာအခ်ိဳရည္မွမရွိဘူး။က်ဳပ္တို႔စစားၾကတယ္။ဒါၿပီးေတာ့စားေကာင္းေသာက္ေကာင္းေတာ့လာခ်ဦးမွာေပါ့ေလ။ဒါေပမယ့္ဘာမွမေရာက္လာဘူး။သူကေတာ့ၿပီးသြားၿပီ။ရပ္ၿပီးေဘာလုံးကစားေနတယ္။စေကးအခ်ိဳ႕လုပ္တယ္။သူကသူနဲ႔ႏွစ္ခ်က္ထိလာကစားဖို႔ေခၚတယ္။က်ဳပ္ကလည္း စားလက္စအဆုံးသတ္လိုက္ဦးမယ္လို႔ေျပာေတာ့ သူကေတာ္ၿပီးကစားမယ္တဲ့။ဒီလိုနဲ႔ႏွစ္ခ်က္ထိကစားၾကတယ္ေပါ့။အဲဒါလည္းၿပီးေရာေရကူးဖို႔ေခၚတယ္။အဲဒါၿပီးေတာ့ဂ်ာကူဇီ၊ေခြၽးထုတ္ခန္းသို႔ထပ္ေခၚတယ္။အားလုံးလုပ္ခဲ့ရတယ္။က်ဳပ္ကလည္း ‘ေဟ့ေကာင္ ခရစၥတီယာႏို မနက္ျဖန္ပြဲရွိလို႔ငါတို႔ဒီလိုလုပ္ေနတာလား၊ေန႔လည္စာစားဖို႔ပဲမလား’လို႔ေျပာခ်လိုက္တယ္။ဒါေၾကာင့္ခရစၥတီယာႏိုကသူ႔အိမ္ကိုဖိတ္ရင္မသြားဖို႔ျငင္းၾကပါလို႔အားလုံးကိုေျပာခ်င္တာပါ။သူကစက္လိုပဲ။ေလ့က်င့္တာကိုဘယ္ေတာ့မွမရပ္ခ်င္ဘူး။အေလးအနက္ထားတယ္။သူကအလုပ္လည္းအရမ္းႀကိဳးစားေတာ့သူရတာေတြအားလုံးထိုက္တန္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။