ရော်နယ်ဒိုရဲ့ပထမဆုံးမန်ယူပွဲ လက်မှတ်ဈေးနှုန်း ပေါင် ၂၅၀၀ အထိမြင့်တက်နေ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်တကျော့ပြန်ပထမဆုံးပွဲစဉ်အတွက်လက်မှတ်ဈေးနှုန်းမှာမိုးခေါင်ခိုက်အောင်မြင့်တက်နေပါတယ်။

Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂါနေ့တုန်းကဂျူဗင်တပ်မှအသင်းဟောင်းမန်ယူသို့ပြောင်းရွှေ့ကြေးပေါင်၁၉.၆သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီအသင်းရဲ့လာမယ့်အဇာဘိုင်ဂျန်ပွဲအားပွဲပယ်ခံထားရမှုနဲ့အတူလက်ရွေးစင်အသင်းမှနုတ်ထွက်လာခဲ့ပြီဖြစ်ပြီးမန်ယူနှင့်စောစောစီးစီးပူးပေါင်းပါတော့မယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတကျော့ပြန်ခရီးတွင်ပထမအကြိမ်တုန်းကဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုပင်ဆက်လက်ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။

မန်ယူဟာလာမယ့်စက်တင်ဘာလ၁၁ရက်နေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းပွဲအမီဗြိတိန်ဗီဇာရရရှိပါကနယူးကာဆယ်နှင့်ပွဲမှာသေချာပေါက်ပါဝင်ကစားသွားပါမယ်။

ယင်းသို့နယူးကာဆယ်နှင့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်လာမယ့်အခြေအနေကြောင့်မန်ယူရဲ့ယင်းပွဲအတွက်လက်မှတ်ရောင်းချမှုကအဆမတဝယ်လိုအားမြင့်တက်နေခဲ့ပြီးလက်မှတ်အားလုံးရောင်းချခဲ့ရပြီးဖြစ်ပါတယ်။

ဒါပေမယ့်ယင်းပွဲအတွက်လက်မှတ်ဝယ်ယူထားလိုက်နိုင်တဲ့သူများဟာပွဲကြည့်လက်မှတ်အားအွန်လိုင်းမှာမှောင်ခိုဈေးနှုန်းဖြင့်ရောင်းချနေပါတယ်။

အမေရိကန်ဝက်ဘ်ဆိုက် StubHub မှာယင်းပွဲအတွက်လက်မှတ်ကိုပေါင်၂၅၁၄ဖြင့်ရောင်းချနေပြီး Live Football Tickets မှာလည်းယင်းပွဲအတွက်လက်မှတ်၂၀၀ကျော်ကိုရောင်းချနေပါတယ်။

မန်ယူဝက်ဘ်ဆိုက်မှာဈေးနှုန်းအသက်သာဆုံးဖြစ်တဲ့ဆာအဲလက်စ်ဖာဂူဆန်ပွဲကြည့်စင်မှ ပထမတန်းလက်မှတ်ကိုပေါင်၆၉၉ဖြင့်ရောင်းချနေပြီးအနောက်ဘက်ပွဲကြည့်စင်မှဥမင်လှိုဏ်ခေါင်းအနီးခုံတန်းကိုပေါင်၃၅၀ဖြင့်ရောင်းချနေတာလည်းဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕ပထမဆုံးမန္ယူပြဲ လက္မွတ္ေဈးႏႈန္း ေပါင္ ၂၅၀၀ အထိျမင့္တက္ေန

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္တေက်ာ့ျပန္ပထမဆုံးပြဲစဥ္အတြက္လက္မွတ္ေဈးႏႈန္းမွာမိုးေခါင္ခိုက္ေအာင္ျမင့္တက္ေနပါတယ္။

Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤါေန႔တုန္းကဂ်ဴဗင္တပ္မွအသင္းေဟာင္းမန္ယူသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၉.၆သန္းျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီအသင္းရဲ႕လာမယ့္အဇာဘိုင္ဂ်န္ပြဲအားပြဲပယ္ခံထားရမႈနဲ႔အတူလက္ေ႐ြးစင္အသင္းမွႏုတ္ထြက္လာခဲ့ၿပီျဖစ္ၿပီးမန္ယူႏွင့္ေစာေစာစီးစီးပူးေပါင္းပါေတာ့မယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတေက်ာ့ျပန္ခရီးတြင္ပထမအႀကိမ္တုန္းကဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၇ကိုပင္ဆက္လက္ဝတ္ဆင္ကစားသြားမွာလည္းျဖစ္ပါတယ္။

မန္ယူဟာလာမယ့္စက္တင္ဘာလ၁၁ရက္ေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းပြဲအမီၿဗိတိန္ဗီဇာရရရွိပါကနယူးကာဆယ္ႏွင့္ပြဲမွာေသခ်ာေပါက္ပါဝင္ကစားသြားပါမယ္။

ယင္းသို႔နယူးကာဆယ္ႏွင့္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုပါဝင္လာမယ့္အေျခအေနေၾကာင့္မန္ယူရဲ႕ယင္းပြဲအတြက္လက္မွတ္ေရာင္းခ်မႈကအဆမတဝယ္လိုအားျမင့္တက္ေနခဲ့ၿပီးလက္မွတ္အားလုံးေရာင္းခ်ခဲ့ရၿပီးျဖစ္ပါတယ္။

ဒါေပမယ့္ယင္းပြဲအတြက္လက္မွတ္ဝယ္ယူထားလိုက္ႏိုင္တဲ့သူမ်ားဟာပြဲၾကည့္လက္မွတ္အားအြန္လိုင္းမွာေမွာင္ခိုေဈးႏႈန္းျဖင့္ေရာင္းခ်ေနပါတယ္။

အေမရိကန္ဝက္ဘ္ဆိုက္ StubHub မွာယင္းပြဲအတြက္လက္မွတ္ကိုေပါင္၂၅၁၄ျဖင့္ေရာင္းခ်ေနၿပီး Live Football Tickets မွာလည္းယင္းပြဲအတြက္လက္မွတ္၂၀၀ေက်ာ္ကိုေရာင္းခ်ေနပါတယ္။

မန္ယူဝက္ဘ္ဆိုက္မွာေဈးႏႈန္းအသက္သာဆုံးျဖစ္တဲ့ဆာအဲလက္စ္ဖာဂူဆန္ပြဲၾကည့္စင္မွ ပထမတန္းလက္မွတ္ကိုေပါင္၆၉၉ျဖင့္ေရာင္းခ်ေနၿပီးအေနာက္ဘက္ပြဲၾကည့္စင္မွဥမင္လႈိဏ္ေခါင္းအနီးခုံတန္းကိုေပါင္၃၅၀ျဖင့္ေရာင္းခ်ေနတာလည္းျဖစ္ပါတယ္။pmnews