ရော်နယ်ဒိုရဲ့ပရိသတ်ဖုန်းမတော်တဆမှုအတွက် ပွဲပယ်လာပါက ယူနိုက်တက်အစွမ်းကုန်တိုက်ပွဲဝင်လာမည်

မန်ချက်စတာယူနိုက်တက်နှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာဧပြီလတုန်းကအဲဗာတန်နှင့်ပွဲအပြီးတွင်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်နှင့်ပတ်သက်ပြီးအက်ဖ်အေရဲ့စွဲချက်တင်မှုအပေါ်လက်ခံပေမဲ့လည်းပွဲပယ်ပြစ်ဒဏ်ချမှတ်လာမည်ဆိုပါကအစွမ်းကုန်တိုက်ပွဲဝင်ရန်အသင့်ရှိနေပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာအဲဗာတန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဥမင်လှိုဏ်ခေါင်းသို့အဝင်တွင်အဲဗာတန်ပရိသတ်ငယ်တစ်ဦးရဲ့လက်ထဲမှဖုန်းကိုလက်ဖြင့်ရိုက်ပုတ်ချခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာချက်ချင်းပင်သူ့လုပ်ရပ်အတွက်လူသိရှင်ကြားတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။နောက်ပိုင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းဖြစ်ရပ်အတွက်မာဆေးဆိုက်ရဲတပ်ဖွဲ့ရဲ့စစ်ဆေးခြင်းခံခဲ့ရပါတယ်။

ဩဂုတ်လမှာတော့မာဆေးဆိုက်ရဲတပ်ဖွဲ့ကခရစ္စတီယာနိုရော်နယ်ဒိုကိုယင်းဖြစ်ရပ်အတွက်အပြင်းအထန်သတိပေးခဲ့ကြောင်းကြေညာခဲ့ပါတယ်။

ဒါပေမဲ့ပြီးခဲ့တဲ့လမှာတော့အက်ဖ်အေဟာအထက်ပါအဖြစ်အပျက်ကိုပြန်လည်စစ်ဆေးမှုပြုလုပ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုဟာစွဲချက်တင်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့အပေါ်စွဲချက်တင်လာမှုအပေါ်လက်ခံပေမဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်လာမယ့်အနေအထားအပေါ်မှာတော့လက်ခံသွားမှာမဟုတ်ပါဘူး။

တဖက်တွင်ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ကလည်း ပွဲပယ်ပြစ်ဒဏ်ချမှတ်လာမည်ဆိုပါက လုံးဝလက်ခံမှာမဟုတ်ဘဲအစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ဆိုထားပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕ပရိသတ္ဖုန္းမေတာ္တဆမႈအတြက္ ပြဲပယ္လာပါက ယူႏိုက္တက္အစြမ္းကုန္တိုက္ပြဲဝင္လာမည္

မန္ခ်က္စတာယူႏိုက္တက္ႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာဧၿပီလတုန္းကအဲဗာတန္ႏွင့္ပြဲအၿပီးတြင္ျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီးအက္ဖ္ေအရဲ႕စြဲခ်က္တင္မႈအေပၚလက္ခံေပမဲ့လည္းပြဲပယ္ျပစ္ဒဏ္ခ်မွတ္လာမည္ဆိုပါကအစြမ္းကုန္တိုက္ပြဲဝင္ရန္အသင့္ရွိေနပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဲဗာတန္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဥမင္လႈိဏ္ေခါင္းသို႔အဝင္တြင္အဲဗာတန္ပရိသတ္ငယ္တစ္ဦးရဲ႕လက္ထဲမွဖုန္းကိုလက္ျဖင့္႐ိုက္ပုတ္ခ်ခဲ့ပါတယ္။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာခ်က္ခ်င္းပင္သူ႔လုပ္ရပ္အတြက္လူသိရွင္ၾကားေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။ေနာက္ပိုင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းျဖစ္ရပ္အတြက္မာေဆးဆိုက္ရဲတပ္ဖြဲ႕ရဲ႕စစ္ေဆးျခင္းခံခဲ့ရပါတယ္။

ဩဂုတ္လမွာေတာ့မာေဆးဆိုက္ရဲတပ္ဖြဲ႕ကခရစၥတီယာႏိုေရာ္နယ္ဒိုကိုယင္းျဖစ္ရပ္အတြက္အျပင္းအထန္သတိေပးခဲ့ေၾကာင္းေၾကညာခဲ့ပါတယ္။

ဒါေပမဲ့ၿပီးခဲ့တဲ့လမွာေတာ့အက္ဖ္ေအဟာအထက္ပါအျဖစ္အပ်က္ကိုျပန္လည္စစ္ေဆးမႈျပဳလုပ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုဟာစြဲခ်က္တင္လာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔အေပၚစြဲခ်က္တင္လာမႈအေပၚလက္ခံေပမဲ့ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္လာမယ့္အေနအထားအေပၚမွာေတာ့လက္ခံသြားမွာမဟုတ္ပါဘူး။

တဖက္တြင္ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ကလည္း ပြဲပယ္ျပစ္ဒဏ္ခ်မွတ္လာမည္ဆိုပါက လုံးဝလက္ခံမွာမဟုတ္ဘဲအစြမ္းကုန္တိုက္ပြဲဝင္သြားမယ္လို႔ဆိုထားပါတယ္။