ရော်နယ်ဒိုရဲ့မန်ယူအပြောင်းအရွှေ့ ဂယ်ရီလိုင်နီကာရဲ့အိမ်နောက်ဖေးပန်းခြံတွင် အပြီးသတ်ခဲ့ခြင်းဖြစ်

အံ့ဩစရာကောင်းတဲ့ဖွင့်ဟမှုတစ်ခုကို အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူဂယ်ရီလိုင်နီကာပြုလုပ်လာပါတယ်။ဂယ်ရီလိုင်နီကာကခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ချက်စတာယူနိုက်တက်တကျော့ပြန်အပြောင်းအရွှေ့မှာသူ့အိမ်နောက်ဖေးပန်းခြံတွင်အပြီးသတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ယင်းကိုဓာတ်ပုံလည်းရိုက်ကူးထားကြောင်းဖွင့်ဟလာပါတယ်။

မန်ယူဟာဩဂုတ်လနှောင်းပိုင်းတုန်းကကစားသမားဟောင်းရော်နယ်ဒိုကိုခေါ်ယူရန်ဂျူဗင်တပ်နှင့်သဘောတူညီမှုရရှိသွားပြီဖြစ်ပြီးရော်နယ်ဒိုနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များရရှိသားပြီဖြစ်တဲ့အပြင်ဗီဇာနှင့်ဆေးစစ်ဆေးမှုပါပြုလုပ်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုနှစ်နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်စာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းထားပါတယ်။

ယခုနှစ်လအကြာတွင် ဂယ်ရီလိုင်နီကာကမန်ယူနှင့်ရော်နယ်ဒိုတို့ရဲ့စာချုပ်ချုပ်ဆိုမှုမှာသူ့အိမ်နောက်ဘက်ပန်းခြံတွင်အပြီးသတ်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

၎င်းက “အက်ဒ်ဝုဒ်ကကျွန်တော်နဲ့အရမ်းရင်းနှီးတဲ့သူပါ။အိမ်ချင်းကပ်လျက်နေတဲ့သူပါ။သူကျွန်တော့်ပန်းခြံသို့ရောက်နေချိန်မှာခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်ချုပ်ဆိုခဲ့တာပါ။သူဟာဂျော့မန်ဒက်စ်(ရော်နယ်ဒိုရဲ့အေးဂျင့်)နဲ့ဖုန်းဆက်ရင်းကျွန်တော့်ပန်းခြံသို့ရောက်လာတာပါ။ကျွန်တော်အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ဓာတ်ပုံတစ်ပုံလည်းရိုက်ကူးခဲ့ပါတယ်။တစ်နေ့သူ့ဆီကခွင့်ပြုချက်ရရင်မျှဝေသွားပါမယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတွင်ပထမအကြိမ်ကစားစဉ်က၂၉၂ပွဲတွင်၁၁၈ဂိုးသွင်းခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူသို့တစ်ကျော့ပြန်ရောက်လာချိန်တွင်၆ပွဲကစားထားရာတွင်၅ဂိုးသွင်းထားပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕မန္ယူအေျပာင္းအေ႐ႊ႕ ဂယ္ရီလိုင္နီကာရဲ႕အိမ္ေနာက္ေဖးပန္းၿခံတြင္ အၿပီးသတ္ခဲ့ျခင္းျဖစ္

အံ့ဩစရာေကာင္းတဲ့ဖြင့္ဟမႈတစ္ခုကို အဂၤလန္ဂႏၴဝင္တိုက္စစ္မႉဂယ္ရီလိုင္နီကာျပဳလုပ္လာပါတယ္။ဂယ္ရီလိုင္နီကာကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ခ်က္စတာယူႏိုက္တက္တေက်ာ့ျပန္အေျပာင္းအေ႐ႊ႕မွာသူ႔အိမ္ေနာက္ေဖးပန္းၿခံတြင္အၿပီးသတ္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ယင္းကိုဓာတ္ပုံလည္း႐ိုက္ကူးထားေၾကာင္းဖြင့္ဟလာပါတယ္။

မန္ယူဟာဩဂုတ္လေႏွာင္းပိုင္းတုန္းကကစားသမားေဟာင္းေရာ္နယ္ဒိုကိုေခၚယူရန္ဂ်ဴဗင္တပ္ႏွင့္သေဘာတူညီမႈရရွိသြားၿပီျဖစ္ၿပီးေရာ္နယ္ဒိုႏွင့္ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္အလက္မ်ားရရွိသားၿပီျဖစ္တဲ့အျပင္ဗီဇာႏွင့္ေဆးစစ္ေဆးမႈပါျပဳလုပ္ၿပီးျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေပမယ့္စာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းထားပါတယ္။

ယခုႏွစ္လအၾကာတြင္ ဂယ္ရီလိုင္နီကာကမန္ယူႏွင့္ေရာ္နယ္ဒိုတို႔ရဲ႕စာခ်ဳပ္ခ်ဳပ္ဆိုမႈမွာသူ႔အိမ္ေနာက္ဘက္ပန္းၿခံတြင္အၿပီးသတ္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

၎က “အက္ဒ္ဝုဒ္ကကြၽန္ေတာ္နဲ႔အရမ္းရင္းႏွီးတဲ့သူပါ။အိမ္ခ်င္းကပ္လ်က္ေနတဲ့သူပါ။သူကြၽန္ေတာ့္ပန္းၿခံသို႔ေရာက္ေနခ်ိန္မွာခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။သူဟာေဂ်ာ့မန္ဒက္စ္(ေရာ္နယ္ဒိုရဲ႕ေအးဂ်င့္)နဲ႔ဖုန္းဆက္ရင္းကြၽန္ေတာ့္ပန္းၿခံသို႔ေရာက္လာတာပါ။ကြၽန္ေတာ္အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ဓာတ္ပုံတစ္ပုံလည္း႐ိုက္ကူးခဲ့ပါတယ္။တစ္ေန႔သူ႔ဆီကခြင့္ျပဳခ်က္ရရင္မွ်ေဝသြားပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတြင္ပထမအႀကိမ္ကစားစဥ္က၂၉၂ပြဲတြင္၁၁၈ဂိုးသြင္းခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူသို႔တစ္ေက်ာ့ျပန္ေရာက္လာခ်ိန္တြင္၆ပြဲကစားထားရာတြင္၅ဂိုးသြင္းထားပါတယ္။