
မန်ချက်စတာယူနိုက်တက်ဟာကာရင်တန်လေ့ကျင့်ရေးကွင်းကိုခေတ်မီလေ့ကျင့်ရေးကွင်းအဖြစ်ပြောင်းလဲရန်အစီအစဉ်ရေးဆွဲနေပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာလာမယ့်နွေရာသီတွင်လေ့ကျင့်ရေးကွင်းကိုပြန်လည်ပြန်ဆင်တည်ဆောက်သွားမှာဖြစ်ပြီးကစားသမားများအနေဖြင့်ယောဂပြုလုပ်နိုင်မဲ့ အခန်းသစ်လည်းပါဝင်လာပါမယ်။
ယူနိုက်တက်ဟာပြီးခဲ့တဲ့နှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုကလေ့ကျင့်ရေးကွင်းမှာခေတ်မှီတော့ခြင်းမရှိတော့ကြောင်းဝေဖန်ခြင်းခံခဲ့ရပါတယ်။ပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးတွင်ရော်နယ်ဒိုကကာရင်တန်လေ့ကျင့်ရေးကွင်းမှာ၂၀၀၉ခုနှစ်တုန်းကသူထွက်သွားစဉ်ကနှင့်သိပ်မကွာကြောင်းဝေဖန်ခဲ့ပါတယ်။
ယခုအခါမှာတော့ယူနိုက်တက်ဟာသန်းပေါင်းများစွာရင်းနှီးမြှပ်နှံပြီးကာရင်တန်လေ့ကျင့်ရေးကွင်းကိုခေတ်မှီလေ့ကျင့်ရေးကွင်းအဖြစ်အဆင့်မြှင့်လာတော့မှာဖြစ်ပါတယ်။
ZawGyi
ရော်နယ်ဒိုရဲ့ဝေဖန်ခြင်းခံရပြီးနောက် လေ့ကျင့်ရေးကွင်းကို အဆင့်မြှင့်လာတော့မဲ့ ယူနိုက်တက်