ရော်နယ်ဒိုရဲ့အင်္ကျီရယူဖို့ ကွင်းထဲအတင်းဝင်ခဲ့တဲ့ ပရိသတ်ကို လက်မတင်ကလေး ထိန်းချုပ်နိုင်ခဲ့တဲ့ ကွင်းလုံခြုံရေး

မန်ချက်စတာယူနိုက်တက်ကွင်းလုံခြုံရေးများဟာ အတ္တလန္တာနှင့်ချန်ပီယံလိဂ်အုပ်စုပွဲအပြီးမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်္ကျီရယူဖို့အတွက်ကွင်းထဲအတင်းပြေးဝင်ကာကြိုးပမ်းခဲ့တဲ့ပရိသတ်တစ်ဦးကိုလက်မတင်ကလေးတားဆီးနိုင်ခဲ့ကြပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီဂန္ထဝင်ကစားသမားဟာအတ္တလန္တာကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲချိန်၈၁မိနစ်မှာခေါင်းအပြင်းတိုက်ပြီးမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

ယင်းပွဲမှာမန်ယူဟာပထမပိုင်းမှာ၂-၀ဂိုးဖြင့်ဦးဆောင်ခြင်းခံနေခဲ့ရပြီးရပ်ရှ်ဖို့ဒ်နှင့်ဟယ်ရီမက်ဂွိုင်းယားတို့ကချေပဂိုးသွင်းခဲ့ကာရော်နယ်ဒိုကအနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခရာမှုတ်ပြီးချိန်တွင်ရော်နယ်ဒိုဟာကွင်းအတွင်းလှည့်ပတ်ကာအောင်ပွဲခံနေခဲ့ပြီးရုပ်သံကင်မရာကလည်းတောက်လျှောက်လိုက်ရိုက်ကာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒါပေမယ့်ယင်းအချိန်မှာပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့အတင်းဝင်ရောက်ကာခရစ္စတီယာရော်နယ်ဒိုရှိရာသို့ဦးတည်ပြေးလွှားပြီးအင်္ကျီတောင်းဆိုမှုလုပ်ဖို့ကြိုးပမ်းခဲ့ပါတယ်။ယင်းပရိသတ်ဟာရော်နယ်ဒိုဆီသို့ရောက်ပြီးအင်္ကျီစကိုစဆွဲမိတဲ့အချိန်မှာဘဲသူ့နောက်ကိုလိုက်နေတဲ့ကွင်းလုံခြုံရေးတို့ရဲ့ထိန်းချုပ်ခြင်းခံခဲ့ရပါတယ်။ရော်နယ်ဒိုဟာယင်းပရိသတ်ရဲ့အင်္ကျီစဆွဲလိုက်မှုကြောင့်အနည်းငယ်တုန်လှုပ်သွားခဲ့တာလည်းတွေ့ရပါတယ်။

ရော်နယ်ဒိုဟာအတ္တလန္တာနှင့်ပွဲမတိုင်မီဗီလာရီးရဲလ်နှင့်ပွဲမှာတုန်းကလည်းနာကျင်အချိန်ပိုမှာမန်ယူအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူပြီးဆိုးလ်ရှားရဲ့ဖိအားများကိုသက်သာစေခဲ့သူဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕အက်ႌရယူဖို႔ ကြင္းထဲအတင္းဝင္ခဲ့တဲ့ ပရိသတ္ကို လက္မတင္ကေလး ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ ကြင္းလုံၿခဳံေရး

မန္ခ်က္စတာယူႏိုက္တက္ကြင္းလုံၿခဳံေရးမ်ားဟာ အတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲအၿပီးမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အက်ႌရယူဖို႔အတြက္ကြင္းထဲအတင္းေျပးဝင္ကာႀကိဳးပမ္းခဲ့တဲ့ပရိသတ္တစ္ဦးကိုလက္မတင္ကေလးတားဆီးႏိုင္ခဲ့ၾကပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီဂႏၴဝင္ကစားသမားဟာအတၱလႏၲာကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၈၁မိနစ္မွာေခါင္းအျပင္းတိုက္ၿပီးမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါတယ္။

ယင္းပြဲမွာမန္ယူဟာပထမပိုင္းမွာ၂-၀ဂိုးျဖင့္ဦးေဆာင္ျခင္းခံေနခဲ့ရၿပီးရပ္ရွ္ဖို႔ဒ္ႏွင့္ဟယ္ရီမက္ဂြိဳင္းယားတို႔ကေခ်ပဂိုးသြင္းခဲ့ကာေရာ္နယ္ဒိုကအႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခရာမႈတ္ၿပီးခ်ိန္တြင္ေရာ္နယ္ဒိုဟာကြင္းအတြင္းလွည့္ပတ္ကာေအာင္ပြဲခံေနခဲ့ၿပီး႐ုပ္သံကင္မရာကလည္းေတာက္ေလွ်ာက္လိုက္႐ိုက္ကာ ထုတ္လႊင့္ျပသခဲ့ပါတယ္။

ဒါေပမယ့္ယင္းအခ်ိန္မွာပရိသတ္တစ္ဦးဟာကြင္းအတြင္းသို႔အတင္းဝင္ေရာက္ကာခရစၥတီယာေရာ္နယ္ဒိုရွိရာသို႔ဦးတည္ေျပးလႊားၿပီးအက်ႌေတာင္းဆိုမႈလုပ္ဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ယင္းပရိသတ္ဟာေရာ္နယ္ဒိုဆီသို႔ေရာက္ၿပီးအက်ႌစကိုစဆြဲမိတဲ့အခ်ိန္မွာဘဲသူ႔ေနာက္ကိုလိုက္ေနတဲ့ကြင္းလုံၿခဳံေရးတို႔ရဲ႕ထိန္းခ်ဳပ္ျခင္းခံခဲ့ရပါတယ္။ေရာ္နယ္ဒိုဟာယင္းပရိသတ္ရဲ႕အက်ႌစဆြဲလိုက္မႈေၾကာင့္အနည္းငယ္တုန္လႈပ္သြားခဲ့တာလည္းေတြ႕ရပါတယ္။

ေရာ္နယ္ဒိုဟာအတၱလႏၲာႏွင့္ပြဲမတိုင္မီဗီလာရီးရဲလ္ႏွင့္ပြဲမွာတုန္းကလည္းနာက်င္အခ်ိန္ပိုမွာမန္ယူအတြက္အဖိုးတန္အႏိုင္ဂိုးသြင္းယူၿပီးဆိုးလ္ရွားရဲ႕ဖိအားမ်ားကိုသက္သာေစခဲ့သူျဖစ္ပါတယ္။