ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဂျူဗင်တပ်ကစားဖော်ပွင့်လင်းစွာပြောကြားလာ

ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုမှာလာမယ့်ဘောလုံးရာသီအထိ ဂျူဗင်တပ်တွင်ဆက်ရှိနေမှာဖြစ်ကြောင်းဂျူဗင်တပ်ကစားဖော်ဒါနီလိုကပြောကြားလာပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းဟောင်းမန်ယူနှင့်ပီအက်စ်ဂျီတို့ရဲ့စိတ်ဝင်စားခြင်းခံနေရသူဖြစ်ပါတယ်။ဒါပေမယ့်လက်ရှိအနေအထားအရသူဟာတူရင်မှာနောက်ထပ်တစ်ရာသီရှိနေဖို့သေချာနေပြီဖြစ်ပါတယ်။

ဂျူဗင်တပ်နောက်ခံလူဒါနီလိုက “သူကဂိုးတွေအများကြီးသွင်းနိုင်တာကြောင့်အသင်းမှာသူရှိနေဖို့ကအလွန်အရေးကြီးပါတယ်။သူကချစ်ရတဲ့သူငယ်ချင်းတစ်ဦးပါ။ရီးရဲလ်မက်ဒရစ်မှာကစားကတည်းကသူနဲ့ရင်းနှီးလာခဲ့တာပါ။သူဟာလမယ့်ရာသီမှာကျွန်တော်တို့နဲ့အတူရှိနေပါမယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟောင်းဒါနီလိုနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ၂၀၁၅ခုနှစ်မှ၂၀၁၇ခုနှစ်အထိရီးရဲလ်မက်ဒရစ်တွင်အတူကစားခဲ့ကြသူများဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၉ခုနှစ်တွင်ဂျူဗင်တပ်သို့ယူရိုသန်း၁၀၀ဖြင့်ရောက်လာပြီးနောက်စီးရီးအေပွဲ၉၇ပွဲကစားထားရာမှာ၈၁ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။

ဂျူဗင်တပ်ဟာအသုံးစရိတ်လျှော့ချလိုတာကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုကိုယူရိုသန်း၃၀ဝန်းကျင်ဖြင့်ရောင်းချနိုင်ကြောင်း အစောပိုင်းတုန်းကသတင်းထွက်ခဲ့ဖူးပါတယ်။

ZawGyi

ေရာ္နယ္ဒိုရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဂ်ဴဗင္တပ္ကစားေဖာ္ပြင့္လင္းစြာေျပာၾကားလာ

ေပၚတူဂီအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုမွာလာမယ့္ေဘာလုံးရာသီအထိ ဂ်ဴဗင္တပ္တြင္ဆက္ရွိေနမွာျဖစ္ေၾကာင္းဂ်ဴဗင္တပ္ကစားေဖာ္ဒါနီလိုကေျပာၾကားလာပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေဟာင္းမန္ယူႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရသူျဖစ္ပါတယ္။ဒါေပမယ့္လက္ရွိအေနအထားအရသူဟာတူရင္မွာေနာက္ထပ္တစ္ရာသီရွိေနဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ေနာက္ခံလူဒါနီလိုက “သူကဂိုးေတြအမ်ားႀကီးသြင္းႏိုင္တာေၾကာင့္အသင္းမွာသူရွိေနဖို႔ကအလြန္အေရးႀကီးပါတယ္။သူကခ်စ္ရတဲ့သူငယ္ခ်င္းတစ္ဦးပါ။ရီးရဲလ္မက္ဒရစ္မွာကစားကတည္းကသူနဲ႔ရင္းႏွီးလာခဲ့တာပါ။သူဟာလမယ့္ရာသီမွာကြၽန္ေတာ္တို႔နဲ႔အတူရွိေနပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးေဟာင္းဒါနီလိုႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာ၂၀၁၅ခုႏွစ္မွ၂၀၁၇ခုႏွစ္အထိရီးရဲလ္မက္ဒရစ္တြင္အတူကစားခဲ့ၾကသူမ်ားျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၉ခုႏွစ္တြင္ဂ်ဴဗင္တပ္သို႔ယူ႐ိုသန္း၁၀၀ျဖင့္ေရာက္လာၿပီးေနာက္စီးရီးေအပြဲ၉၇ပြဲကစားထားရာမွာ၈၁ဂိုးအထိသြင္းယူေပးထားႏိုင္ပါတယ္။

ဂ်ဴဗင္တပ္ဟာအသုံးစရိတ္ေလွ်ာ့ခ်လိုတာေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုယူ႐ိုသန္း၃၀ဝန္းက်င္ျဖင့္ေရာင္းခ်ႏိုင္ေၾကာင္း အေစာပိုင္းတုန္းကသတင္းထြက္ခဲ့ဖူးပါတယ္။