ခရစ္စတီယာနိုရော်နယ်ဒိုကြောင့် ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီလွဲခဲ့ခြင်းဖြစ်

စပါးစ်နည်းပြဟောင်းတမ်ရှားဝုဒ်ကဘရူနိုဖာနန်ဒက်စ်ဟာမနေ့ညတုန်းကဗီလာအားရှုံးနိမ့်တဲ့ပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုရှိနေမှုကြောင့်ဖိအားများကာအချိန်ပိုပင်နယ်တီလွဲခဲ့ခြင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာစပို့တင်းလစ္စဘွန်းမှရောက်လာပြီးနောက်ချက်ချင်းပင်မန်ယူရဲ့ဦးစားပေးပင်နယ်တီကန်သွင်းသူဖြစ်လာခဲ့သူဖြစ်ပါတယ်။သူဟာမန်ယူသို့ရောက်လာပြီးနောက်ပင်နယ်တီ၂၂ကြိမ်ကန်ခဲ့ရာမှာတစ်ကြိမ်သာဂိုးသမားကာကွယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဗီလာနဲ့ပွဲစဉ်မှာပွဲချိန်၉၂မိနစ်မှာမန်ယူအသင်းပင်နယ်တီရခဲ့ပြီးဘရူနိုဖာနန်ဒက်စ်ကန်ခဲ့ရာမှာအပေါ်ထောင်သွားခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာသူ့ကစားသမားဘဝတစ်လျှောက်မှာပထမဆုံးအကြိမ်အဖြစ်ပင်နယ်တီဂိုးပေါက်လွဲခဲ့တာဖြစ်ပါတယ်။

တမ်ရှားဝုဒ်ကဘရူနိုဖာနန်ဒက်စ်ပင်နယ်တီလွဲရခြင်းမှာခရစ္စတီယာနိုရော်နယ်ဒိုရှိနေခြင်းကြောင့်ဖိအားများကာမဝင်ရခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

တမ်ရှားဝုဒ်က “လွဲစရာကိုမရှိတာ။သူအဲဒီလိုအပေါ်ထောင်ကန်လိုက်တာတစ်ခါမှတောင်မမြင်ဖူးဘူး။သူကဂိုးသမားလှုပ်ရှားအောင်စောင့်ပြီးမှတစ်ဖက်ကိုကန်လေ့ရှိတဲ့သူပါ။တစ်ယောက်ယောက်ရဲ့ဖိအားရှိနေလို့ပါ။အဓိကလူကရှိနေတယ်။သူ့အတွေးတွေကိုမငြိမ်မသက်ဖြစ်စေတယ်။အခွင့်အရေးတစ်ကြိမ်ရတာသူသိတယ်။တစ်ကြိမ်တည်းဘဲ”လို့ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီအပေါ်သို့ထောင်မကန်မီဗီလာဂိုးသမားမာတီနက်ဇ်ဟာခရစ္စတီယာနိုရော်နယ်ဒိုအားပင်နယ်တီကန်ရန်တောင်းဆိုပြီးစိန်ခေါ်မှုလုပ်ကာစိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခဲ့တာတွေ့ရပါတယ်။သူဟာဘရူနိုဖာနန်ဒက်စ်ကိုလည်းစကားပြောခဲ့သလိုပင်နယ်တီလွဲပြီးနောက်မန်ယူပရိသတ်များဘက်သို့လှည့်ကာကပြခဲ့ပါတယ်။

ZawGyi

ခရစၥတီယာႏိုေရာ္နယ္ဒိုေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ ပင္နယ္တီလြဲခဲ့ျခင္းျဖစ္

စပါးစ္နည္းျပေဟာင္းတမ္ရွားဝုဒ္ကဘ႐ူႏိုဖာနန္ဒက္စ္ဟာမေန႔ညတုန္းကဗီလာအားရႈံးနိမ့္တဲ့ပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုရွိေနမႈေၾကာင့္ဖိအားမ်ားကာအခ်ိန္ပိုပင္နယ္တီလြဲခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာစပို႔တင္းလစၥဘြန္းမွေရာက္လာၿပီးေနာက္ခ်က္ခ်င္းပင္မန္ယူရဲ႕ဦးစားေပးပင္နယ္တီကန္သြင္းသူျဖစ္လာခဲ့သူျဖစ္ပါတယ္။သူဟာမန္ယူသို႔ေရာက္လာၿပီးေနာက္ပင္နယ္တီ၂၂ႀကိမ္ကန္ခဲ့ရာမွာတစ္ႀကိမ္သာဂိုးသမားကာကြယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ဗီလာနဲ႔ပြဲစဥ္မွာပြဲခ်ိန္၉၂မိနစ္မွာမန္ယူအသင္းပင္နယ္တီရခဲ့ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ကန္ခဲ့ရာမွာအေပၚေထာင္သြားခဲ့ပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ဟာသူ႔ကစားသမားဘဝတစ္ေလွ်ာက္မွာပထမဆုံးအႀကိမ္အျဖစ္ပင္နယ္တီဂိုးေပါက္လြဲခဲ့တာျဖစ္ပါတယ္။

တမ္ရွားဝုဒ္ကဘ႐ူႏိုဖာနန္ဒက္စ္ပင္နယ္တီလြဲရျခင္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုရွိေနျခင္းေၾကာင့္ဖိအားမ်ားကာမဝင္ရျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

တမ္ရွားဝုဒ္က “လြဲစရာကိုမရွိတာ။သူအဲဒီလိုအေပၚေထာင္ကန္လိုက္တာတစ္ခါမွေတာင္မျမင္ဖူးဘူး။သူကဂိုးသမားလႈပ္ရွားေအာင္ေစာင့္ၿပီးမွတစ္ဖက္ကိုကန္ေလ့ရွိတဲ့သူပါ။တစ္ေယာက္ေယာက္ရဲ႕ဖိအားရွိေနလို႔ပါ။အဓိကလူကရွိေနတယ္။သူ႔အေတြးေတြကိုမၿငိမ္မသက္ျဖစ္ေစတယ္။အခြင့္အေရးတစ္ႀကိမ္ရတာသူသိတယ္။တစ္ႀကိမ္တည္းဘဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ ပင္နယ္တီအေပၚသို႔ေထာင္မကန္မီဗီလာဂိုးသမားမာတီနက္ဇ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားပင္နယ္တီကန္ရန္ေတာင္းဆိုၿပီးစိန္ေခၚမႈလုပ္ကာစိတ္ဓာတ္စစ္ဆင္ေရးျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။သူဟာဘ႐ူႏိုဖာနန္ဒက္စ္ကိုလည္းစကားေျပာခဲ့သလိုပင္နယ္တီလြဲၿပီးေနာက္မန္ယူပရိသတ္မ်ားဘက္သို႔လွည့္ကာကျပခဲ့ပါတယ္။