ရော်နယ်ဒိုသာ သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုတာ သက်သေထူလာတဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှသင်္ချာပရော်ဖက်ဆာ

အောက်စ်ဖို့ဒ်တက္ကသိုလ်မှထိပ်တန်းသင်္ချာပရော်ဖက်ဆာတစ်ဦးဟာဘောလုံးသမိုင်းတွင်အကောင်းဆုံးဘောလုံးသမားမှာခရစ္စတီယာနိုရော်နယ်ဒိုဖြစ်ကြောင်းသက်သေထူလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူနဲ့ခေတ်ပြိုင်လီယွန်နယ်မက်ဆီအပြင်အခြားဂန္ထဝင်ကစာသမားကြီးများဖြစ်ကြတဲ့ဒီယေဂိုမာရာဒိုနာ၊ပီလီတို့ကိုကျော်ဖြတ်ကာဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံလာရတာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဥရောပထိပ်သီးလိဂ်ကြီးသုံးခုတို့တွင်နှစ်ပေါင်းများစွာအောင်ပွဲများရယူလာခဲ့ကာဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားများထဲမှတစ်ဦးဖြစ်ကြောင်းသက်သေထူလာသူလည်းဖြစ်ပါတယ်။

ယခုအခါအောက်စ်ဖို့ဒ်တက္ကသိုလ်မှသင်္ချာပရော်ဖက်ဆာဒေါက်တာတွမ်ခရောဖို့ဒ်ဟာ livescore နှင့်ပူးပေါင်းကာ G.O.A.T Index ကိုလုပ်ဆောင်လာပါတယ်။

ရော်နယ်ဒိုဟာရမှတ်၁၀၀အပြည့်ရရှိပြီးထိပ်ဆုံးမှာရပ်တည်ခဲ့ပြီးသူ့နောက်တွင်မက်ဆီ၊ပီလီ၊ပွတ်ရှ်ကပ်စ်၊ရော်နယ်ဒို၊ဗန်ဘတ်စ်တန်၊ဒီစတီဖာနို၊ပလာတီနီ၊မာရာဒိုနာ၊ဂျိုဟန်ခရိုက်ဖ်တို့ရပ်တည်ခဲ့တာတွေ့ရပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှပရော်ဖက်ဆာဟာကလပ်ဂိုး၊ဆုဖလားအောင်မြင်မှု၊နိုင်ငံတကာဂိုး၊နိုင်ငံတကာဆုဖလား၊Ballon d’Or ဆုရရှိမှု၊တစ်ကိုယ်တော်ဆုများရရှိမှုအပြင်အချက်အလက်ပေါင်းများစွာဖြင့်တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကလပ်ပွဲပေါင်း၈၉၇ပွဲမှာ၆၇၄ဂိုးသာသွင်းထားပြီးမက်ဆီကတော့ကလပ်ပွဲ၈၁၁ပွဲမှာ၆၈၃ဂိုးအထိသွင်းထားပါတယ်။တစ်ဖက်တွင်ရော်နယ်ဒိုဟာမက်ဆီထက်ချန်ပီယံလိဂ်ဖလားနှင့်နိုင်ငံတကာဖလားဆွတ်ခူးမှုအပိုင်းမှာသာလွန်နေပါတယ်။

နိုင်ငံတကာဂိုးတွင်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာ၁၁၁ဂိုးအထိသွင်းယူကာနိုင်ငံတကာဂိုးအများဆုံးသွင်းယူထားသူအဖြစ်ဂရင်းနစ်မှတ်တမ်းရေးထိုးထားပါတယ်။မက်ဆီကတော့နိုင်ငံတကာဂိုး၇၆ဂိုးသာသွင်းထားနိုင်ပါတယ်။

၎င်းတို့အကြားအဓိကဆုံးဖြတ်ချက်ပေးလာနိုင်တာကတော့တကိုယ်တော်ဆုတံဆိပ်ရရှိမှုကအဓိကကွဲပြားလာစေတာဖြစ်လာဖို့ရှိပါတယ်။

ZawGyi

ေရာ္နယ္ဒိုသာ သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆိုတာ သက္ေသထူလာတဲ့ ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွသခ်ၤာပေရာ္ဖက္ဆာ

ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွထိပ္တန္းသခ်ၤာပေရာ္ဖက္ဆာတစ္ဦးဟာေဘာလုံးသမိုင္းတြင္အေကာင္းဆုံးေဘာလုံးသမားမွာခရစၥတီယာႏိုေရာ္နယ္ဒိုျဖစ္ေၾကာင္းသက္ေသထူလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူနဲ႔ေခတ္ၿပိဳင္လီယြန္နယ္မက္ဆီအျပင္အျခားဂႏၴဝင္ကစာသမားႀကီးမ်ားျဖစ္ၾကတဲ့ဒီေယဂိုမာရာဒိုနာ၊ပီလီတို႔ကိုေက်ာ္ျဖတ္ကာေဘာလုံးသမိုင္းမွာအေကာင္းဆုံးကစားသမားအျဖစ္သတ္မွတ္ခံလာရတာလည္းျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဥေရာပထိပ္သီးလိဂ္ႀကီးသုံးခုတို႔တြင္ႏွစ္ေပါင္းမ်ားစြာေအာင္ပြဲမ်ားရယူလာခဲ့ကာေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္ေၾကာင္းသက္ေသထူလာသူလည္းျဖစ္ပါတယ္။

ယခုအခါေအာက္စ္ဖို႔ဒ္တကၠသိုလ္မွသခ်ၤာပေရာ္ဖက္ဆာေဒါက္တာတြမ္ခေရာဖို႔ဒ္ဟာ livescore ႏွင့္ပူးေပါင္းကာ G.O.A.T Index ကိုလုပ္ေဆာင္လာပါတယ္။

ေရာ္နယ္ဒိုဟာရမွတ္၁၀၀အျပည့္ရရွိၿပီးထိပ္ဆုံးမွာရပ္တည္ခဲ့ၿပီးသူ႔ေနာက္တြင္မက္ဆီ၊ပီလီ၊ပြတ္ရွ္ကပ္စ္၊ေရာ္နယ္ဒို၊ဗန္ဘတ္စ္တန္၊ဒီစတီဖာႏို၊ပလာတီနီ၊မာရာဒိုနာ၊ဂ်ိဳဟန္ခ႐ိုက္ဖ္တို႔ရပ္တည္ခဲ့တာေတြ႕ရပါတယ္။

ေအာက္စ္ဖို႔ဒ္တကၠသိုလ္မွပေရာ္ဖက္ဆာဟာကလပ္ဂိုး၊ဆုဖလားေအာင္ျမင္မႈ၊ႏိုင္ငံတကာဂိုး၊ႏိုင္ငံတကာဆုဖလား၊Ballon d’Or ဆုရရွိမႈ၊တစ္ကိုယ္ေတာ္ဆုမ်ားရရွိမႈအျပင္အခ်က္အလက္ေပါင္းမ်ားစြာျဖင့္တြက္ခ်က္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကလပ္ပြဲေပါင္း၈၉၇ပြဲမွာ၆၇၄ဂိုးသာသြင္းထားၿပီးမက္ဆီကေတာ့ကလပ္ပြဲ၈၁၁ပြဲမွာ၆၈၃ဂိုးအထိသြင္းထားပါတယ္။တစ္ဖက္တြင္ေရာ္နယ္ဒိုဟာမက္ဆီထက္ခ်န္ပီယံလိဂ္ဖလားႏွင့္ႏိုင္ငံတကာဖလားဆြတ္ခူးမႈအပိုင္းမွာသာလြန္ေနပါတယ္။

ႏိုင္ငံတကာဂိုးတြင္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၁၁၁ဂိုးအထိသြင္းယူကာႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ဂရင္းနစ္မွတ္တမ္းေရးထိုးထားပါတယ္။မက္ဆီကေတာ့ႏိုင္ငံတကာဂိုး၇၆ဂိုးသာသြင္းထားႏိုင္ပါတယ္။

၎တို႔အၾကားအဓိကဆုံးျဖတ္ခ်က္ေပးလာႏိုင္တာကေတာ့တကိုယ္ေတာ္ဆုတံဆိပ္ရရွိမႈကအဓိကကြဲျပားလာေစတာျဖစ္လာဖို႔ရွိပါတယ္။