ရော်နယ်ဒိုအစစ်နဲ့ပတ်သက်ပြီး ခရစ္စတီယာနိုရော်နယ်ဒို ဘာကြောင့် စိတ်ပျက်ရသလဲ R9 ဖွင့်ဟလာ

ဘောလုံးလောကမှာခရစ္စတီယာနိုရော်နယ်ဒိုထိုးဖောက်လာပြီးနောက် ရော်နယ်ဒိုနှစ်ဦးအကြားခွဲခြားရတာကြီးမားတဲ့ပြဿနာတော့မဟုတ်ခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်စူပါစတားဟာဘရာဇီးဂန္ထဝင်ကစားသမားနဲ့အမည်တူညီနေသလိုသူ့ရဲ့အဆင့်မျိုးရောက်ဖို့လည်းအစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ရောက်လည်းရောက်ခဲ့သလိုပိုလိုတောင်နေတယ်လို့လည်းပြောလို့ရပါသေးတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုထွန်းပေါက်လာပြီးနောက် အော်ရီဂျင်နယ်ရော်နယ်ဒိုကို ဖက်တီးရော်နယ်ဒိုလို့လည်းပရိသတ်တွေကခွဲခြားခေါ်ဝေါ်မှုရှိလာပါတယ်။ယင်းအချိန်တုန်းကဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုသုံးကြိမ်ရထားတဲ့အော်ရီဂျင်နယ်ရော်နယ်ဒိုကကစားသမားဘဝမှနှောင်းပိုင်းသို့ရောက်ပြီးဖက်တီးဘဝသို့ရောက်နေပြီဖြစ်ပါတယ်။

အီတလီဂန္ထဝင်ကစားသမားဖေဘီယိုကန်နဗာရိုးဟာဘရာဇီးဂန္ထဝင်တိုက်စစ်မှူးအား Instagram Live မှာ ရော်နယ်ဒိုအစစ်လို့ခေါ်ဝေါ်မှုနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ပါတယ်။

အသက်၄၅နှစ်ရှိဘရာဇီးဂန္ထဝင်တိုက်စစ်မှူးက “CR7 အတွက်ကတော့ကျွန်တော့်ကို ရော်နယ်ဒိုအစစ်လို့ခေါ်ဝေါ်တာကြားရရင်စိတ်ပျက်ကောင်းပျက်ပါလိမ့်မယ်။နှိုင်းယှဉ်လို့မရပါဘူး။ခရစ္စတီယာနိုကဂိုးတွေအောင်မြင်မှုတွေအတွက်ဘောလုံးသမိုင်းမှာဆက်လက်ရှိနေပါဦးမယ်။သူကမက်ဆီလိုပဲအကောင်းဆုံးထဲကတစ်ဦးအဖြစ်ရှိနေပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်မှူးရော်နယ်ဒိုဟာအသက်၂၁နှစ်မွေးနေ့မရောက်ခင်မှာဘဲ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး၁၉၉၈ခုနှစ်မှာဒုတိယအကြိမ်အဖြစ်ဆွတ်ခူးခဲ့ပါတယ်။

ယင်းနောက်သူဟာဒဏ်ရာပြဿနာများစွာရင်ဆိုင်ခဲ့ရပေမယ့်၂၀၀၂ကမ္ဘာ့ဖလားမှာချန်ပီယံဖြစ်အောင်ကူညီခဲ့ကာနောက်ထပ်တစ်ကြိမ်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့ပါတယ်။ဒါပေမယ့်သူဟာကစားသမားဘဝနှောင်းပိုင်းမှာအဝလွန်မှု၊ကြံ့ခိုင်မှုပြဿနာများနဲ့ကြုံရမှုနဲ့အတူ ကစားသမားဘဝစောစောစီးစီးနားခဲ့ရပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကတော့အသက်၃၆နှစ်တိုင်ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးအနေအထားမှာရှိနေဆဲဖြစ်ပါတယ်။သူဟာယခုရာသီမှာမန်ယူအတွက်၁၁ပွဲကစားထားရာမှာ၉ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုအစစ္နဲ႔ပတ္သက္ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒို ဘာေၾကာင့္ စိတ္ပ်က္ရသလဲ R9 ဖြင့္ဟလာ

ေဘာလုံးေလာကမွာခရစၥတီယာႏိုေရာ္နယ္ဒိုထိုးေဖာက္လာၿပီးေနာက္ ေရာ္နယ္ဒိုႏွစ္ဦးအၾကားခြဲျခားရတာႀကီးမားတဲ့ျပႆနာေတာ့မဟုတ္ခဲ့ပါဘူး။

မန္ခ်က္စတာယူႏိုက္တက္စူပါစတားဟာဘရာဇီးဂႏၴဝင္ကစားသမားနဲ႔အမည္တူညီေနသလိုသူ႔ရဲ႕အဆင့္မ်ိဳးေရာက္ဖို႔လည္းအစြမ္းကုန္ႀကိဳးပမ္းအားထုတ္ခဲ့ပါတယ္။ေရာက္လည္းေရာက္ခဲ့သလိုပိုလိုေတာင္ေနတယ္လို႔လည္းေျပာလို႔ရပါေသးတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုထြန္းေပါက္လာၿပီးေနာက္ ေအာ္ရီဂ်င္နယ္ေရာ္နယ္ဒိုကို ဖက္တီးေရာ္နယ္ဒိုလို႔လည္းပရိသတ္ေတြကခြဲျခားေခၚေဝၚမႈရွိလာပါတယ္။ယင္းအခ်ိန္တုန္းကဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုသုံးႀကိမ္ရထားတဲ့ေအာ္ရီဂ်င္နယ္ေရာ္နယ္ဒိုကကစားသမားဘဝမွေႏွာင္းပိုင္းသို႔ေရာက္ၿပီးဖက္တီးဘဝသို႔ေရာက္ေနၿပီျဖစ္ပါတယ္။

အီတလီဂႏၴဝင္ကစားသမားေဖဘီယိုကန္နဗာ႐ိုးဟာဘရာဇီးဂႏၴဝင္တိုက္စစ္မႉးအား Instagram Live မွာ ေရာ္နယ္ဒိုအစစ္လို႔ေခၚေဝၚမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းမႈျပဳလုပ္ခဲ့ပါတယ္။

အသက္၄၅ႏွစ္ရွိဘရာဇီးဂႏၴဝင္တိုက္စစ္မႉးက “CR7 အတြက္ကေတာ့ကြၽန္ေတာ့္ကို ေရာ္နယ္ဒိုအစစ္လို႔ေခၚေဝၚတာၾကားရရင္စိတ္ပ်က္ေကာင္းပ်က္ပါလိမ့္မယ္။ႏႈိင္းယွဥ္လို႔မရပါဘူး။ခရစၥတီယာႏိုကဂိုးေတြေအာင္ျမင္မႈေတြအတြက္ေဘာလုံးသမိုင္းမွာဆက္လက္ရွိေနပါဦးမယ္။သူကမက္ဆီလိုပဲအေကာင္းဆုံးထဲကတစ္ဦးအျဖစ္ရွိေနပါလိမ့္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးတိုက္စစ္မႉးေရာ္နယ္ဒိုဟာအသက္၂၁ႏွစ္ေမြးေန႔မေရာက္ခင္မွာဘဲ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ၿပီး၁၉၉၈ခုႏွစ္မွာဒုတိယအႀကိမ္အျဖစ္ဆြတ္ခူးခဲ့ပါတယ္။

ယင္းေနာက္သူဟာဒဏ္ရာျပႆနာမ်ားစြာရင္ဆိုင္ခဲ့ရေပမယ့္၂၀၀၂ကမာၻ႔ဖလားမွာခ်န္ပီယံျဖစ္ေအာင္ကူညီခဲ့ကာေနာက္ထပ္တစ္ႀကိမ္ကမာၻ႔အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့ပါတယ္။ဒါေပမယ့္သူဟာကစားသမားဘဝေႏွာင္းပိုင္းမွာအဝလြန္မႈ၊ႀကံ့ခိုင္မႈျပႆနာမ်ားနဲ႔ႀကဳံရမႈနဲ႔အတူ ကစားသမားဘဝေစာေစာစီးစီးနားခဲ့ရပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့အသက္၃၆ႏွစ္တိုင္ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးအေနအထားမွာရွိေနဆဲျဖစ္ပါတယ္။သူဟာယခုရာသီမွာမန္ယူအတြက္၁၁ပြဲကစားထားရာမွာ၉ဂိုးသြင္းထားႏိုင္ပါတယ္။