ရော်နယ်ဒိုအစား ပွဲထွက်ကစားခွင့်ရပြီးနောက် ဟက်ထရစ်သွင်းပြခဲ့တဲ့ အသက် ၂၁ နှစ်အရွယ်တိုက်စစ်သမားရာမို့စ်

ဂွန်ကာလိုရာမို့စ်ဟာပထမဆုံးကမ္ဘာ့ဖလားပွဲထွက်ကစားခွင့်ရရှိတဲ့ပွဲစဉ်တွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့ရုံသာမကဖန်တီးမှုပါတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ရာမို့စ်ဟာမနေ့ညတုန်းကပေါ်တူဂီကဆွစ်ဇာလန်ကို၆-၁ဂိုးဖြင့်အနိုင်ရတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအစား ပွဲထွက်လူစာရင်းမှာရွေးချယ်ခြင်းခံခဲ့ရပါတယ်။

သူဟာပွဲချိန်၁၇မိနစ်မှာဘဲပြင်းထန်လှတဲ့ကန်ချက်ဖြင့်ပေါ်တူဂီအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ဆွစ်ဇာလန်ဂိုးသမားဆွမ်းမားတစ်ယောက်ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

ယင်းနောက်သူဟာဒုတိယပိုင်း၉မိနစ်မှာဒါလော့ရဲ့ဖန်တီးမှုကနေသူ့ရဲ့ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

အသက်၂၁နှစ်ရှိဘင်ဖီကာတိုက်စစ်သမားဟာပွဲချိန်၆၇မိနစ်မှာတော့ဆွမ်မားကိုကျော်ပြီးသူ့ရဲ့ဟက်ထရစ်မြောက်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ယင်းနှင့်တင်မလုံလောက်သေးပါဘူး။သူဟာဂွါရဲရိုး ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးခဲ့ပါသေးတယ်။

ရာမို့စ်ဟာပထမဆုံးကစားခွင့်ရတဲ့ကမ္ဘာ့ဖလားပွဲမှာဟက်ထရစ်သွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။သူဟာကမ္ဘာ့ဖလားရှုံးထွက်မှာဟက်ထရစ်သွင်းထားနိုင်ပါပြီ။တဖက်မှာပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒိုကတော့ကမ္ဘာ့ဖလားငါးကြိမ်ဆက်ရှုံးထွက်အဆင့်မှာဂိုးမသွင်းနိုင်သေးပါဘူး။

သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာဟက်ထရစ်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုအစား ပြဲထြက္ကစားခြင့္ရၿပီးေနာက္ ဟက္ထရစ္သြင္းျပခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္တိုက္စစ္သမားရာမို႔စ္

ဂြန္ကာလိုရာမို႔စ္ဟာပထမဆုံးကမာၻ႔ဖလားပြဲထြက္ကစားခြင့္ရရွိတဲ့ပြဲစဥ္တြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့႐ုံသာမကဖန္တီးမႈပါတစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ရာမို႔စ္ဟာမေန႔ညတုန္းကေပၚတူဂီကဆြစ္ဇာလန္ကို၆-၁ဂိုးျဖင့္အႏိုင္ရတဲ့ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုအစား ပြဲထြက္လူစာရင္းမွာေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

သူဟာပြဲခ်ိန္၁၇မိနစ္မွာဘဲျပင္းထန္လွတဲ့ကန္ခ်က္ျဖင့္ေပၚတူဂီအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။ဆြစ္ဇာလန္ဂိုးသမားဆြမ္းမားတစ္ေယာက္ဘယ္လိုမွမတတ္ႏိုင္ခဲ့ပါဘူး။

ယင္းေနာက္သူဟာဒုတိယပိုင္း၉မိနစ္မွာဒါေလာ့ရဲ႕ဖန္တီးမႈကေနသူ႔ရဲ႕ဒုတိယဂိုးကိုသြင္းယူခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိဘင္ဖီကာတိုက္စစ္သမားဟာပြဲခ်ိန္၆၇မိနစ္မွာေတာ့ဆြမ္မားကိုေက်ာ္ၿပီးသူ႔ရဲ႕ဟက္ထရစ္ေျမာက္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ယင္းႏွင့္တင္မလုံေလာက္ေသးပါဘူး။သူဟာဂြါရဲ႐ိုး ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးခဲ့ပါေသးတယ္။

ရာမို႔စ္ဟာပထမဆုံးကစားခြင့္ရတဲ့ကမာၻ႔ဖလားပြဲမွာဟက္ထရစ္သြင္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။သူဟာကမာၻ႔ဖလားရႈံးထြက္မွာဟက္ထရစ္သြင္းထားႏိုင္ပါၿပီ။တဖက္မွာေပၚတူဂီအသင္းေခါင္းေဆာင္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ကမာၻ႔ဖလားငါးႀကိမ္ဆက္ရႈံးထြက္အဆင့္မွာဂိုးမသြင္းႏိုင္ေသးပါဘူး။

သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာဟက္ထရစ္သြင္းယူႏိုင္တဲ့ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။