ရော်နယ်ဒိုအတွက် ကြီးကျယ်ခမ်းနားတဲ့ ဇိမ်ခံအိမ်ငှားရမ်းပေးထားတဲ့ မန်ယူ

မန်ယူဟာအသင်းသို့တစ်ကျော့ပြန်ရောက်လာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်သူ့ရဲ့မိသားစုအတွက်ကြီးကျယ်ခမ်းနားတဲ့ဇိမ်ခံအိမ်တစ်လုံးငှားရမ်းပေးထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒို၊ဂျော်ဂျီနာနှင့်သူတို့ရဲ့သားသမီးများဟာပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကကိုယ်ပိုင်လေယာဉ်ဖြင့်မန်ချက်စတာသို့ရောက်လာခဲ့ကြပါတယ်။

သူဟာမန်ယူအသင်းတာဝန်ရှိသူများ၊လုံခြုံရေးအဖွဲ့တို့နှင့်ခဏမျှသာတွေ့ဆုံပြီးနောက်မန်ယူကငှားရမ်းပေးထားတဲ့လူသူကင်းဝင်းပြီးအေးချမ်းသာတဲ့အရပ်မှဇိမ်ခံအိမ်သို့သွားရောက်ခဲ့ကြပါတယ်။

မန်ယူကခရစ္စတီယာနိုရော်နယ်ဒိုအတွက်ငှားရမ်းပေးထားတဲ့နေအိမ်မှာရေကူးကန်တစ်ကန်၊အားကစားခန်းမတစ်ခု၊ရုပ်ရှင်ရုံတစ်ရုံတို့ပါဝင်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းအိမ်မှာမိသားစုနဲ့အတူကွာရန်တင်းငါးရက်ဝင်နေတာဖြစ်ပါတယ်။ဒါ့အပြင်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်မိသားစုတို့ရဲ့လုံခြုံရေးအတွက်လူခြောက်ဦးပါလုံခြုံရေးအဖွဲ့တစ်ခုကိုလည်းငှားရမ်းပေးထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူကငှားရမ်းပေးထားတဲ့နေအိမ်မှာကွာရန်တင်းပြီးနောက်လာမယ့်ဗုဒ္ဓဟူးနေ့မှာမန်ယူကစားဖော်များနှင့်အတူလေ့ကျင့်ခန်းစတင်ဆင်းပါမယ်။

မန်ယူတွင်တစ်ပတ်လုပ်ခပေါင်၄၅၀၀၀၀ရရှိနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်စနေနေ့နယူးကာဆယ်နှင့်ပွဲစဉ်မှာမန်ယူအတွက်ပထမဆုံးပွဲအားကစားသွားပါမယ်။

ZawGyi

ေရာ္နယ္ဒိုအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ ဇိမ္ခံအိမ္ငွားရမ္းေပးထားတဲ့ မန္ယူ

မန္ယူဟာအသင္းသို႔တစ္ေက်ာ့ျပန္ေရာက္လာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္သူ႔ရဲ႕မိသားစုအတြက္ႀကီးက်ယ္ခမ္းနားတဲ့ဇိမ္ခံအိမ္တစ္လုံးငွားရမ္းေပးထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒို၊ေဂ်ာ္ဂ်ီနာႏွင့္သူတို႔ရဲ႕သားသမီးမ်ားဟာၿပီးခဲ့တဲ့ၾကာသပေတးေန႔တုန္းကကိုယ္ပိုင္ေလယာဥ္ျဖင့္မန္ခ်က္စတာသို႔ေရာက္လာခဲ့ၾကပါတယ္။

သူဟာမန္ယူအသင္းတာဝန္ရွိသူမ်ား၊လုံၿခဳံေရးအဖြဲ႕တို႔ႏွင့္ခဏမွ်သာေတြ႕ဆုံၿပီးေနာက္မန္ယူကငွားရမ္းေပးထားတဲ့လူသူကင္းဝင္းၿပီးေအးခ်မ္းသာတဲ့အရပ္မွဇိမ္ခံအိမ္သို႔သြားေရာက္ခဲ့ၾကပါတယ္။

မန္ယူကခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ငွားရမ္းေပးထားတဲ့ေနအိမ္မွာေရကူးကန္တစ္ကန္၊အားကစားခန္းမတစ္ခု၊႐ုပ္ရွင္႐ုံတစ္႐ုံတို႔ပါဝင္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းအိမ္မွာမိသားစုနဲ႔အတူကြာရန္တင္းငါးရက္ဝင္ေနတာျဖစ္ပါတယ္။ဒါ့အျပင္မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မိသားစုတို႔ရဲ႕လုံၿခဳံေရးအတြက္လူေျခာက္ဦးပါလုံၿခဳံေရးအဖြဲ႕တစ္ခုကိုလည္းငွားရမ္းေပးထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူကငွားရမ္းေပးထားတဲ့ေနအိမ္မွာကြာရန္တင္းၿပီးေနာက္လာမယ့္ဗုဒၶဟူးေန႔မွာမန္ယူကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းစတင္ဆင္းပါမယ္။

မန္ယူတြင္တစ္ပတ္လုပ္ခေပါင္၄၅၀၀၀၀ရရွိေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္စေနေန႔နယူးကာဆယ္ႏွင့္ပြဲစဥ္မွာမန္ယူအတြက္ပထမဆုံးပြဲအားကစားသြားပါမယ္။