ရော်နယ်ဒိုအပြောင်းအရွှေ့ကြေညာပြီး ၂ နာရီအတွင်းတွင် အွန်လိုင်းပရိသတ် တစ်သန်းကျော်မြင့်တက်သွားခဲ့တဲ့ မန်ယူ

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုက်ပြီဖြစ်ကြောင်းကြေညာပြီး၂နာရီအတွင်းတွင်ဆိုရှယ်မီဒီယာတွင်ပရိသတ်များမြင့်မားစွာရရှိလာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအစောပိုင်းတုန်းကမန်ယူရဲ့မြို့ခံပြိုင်ဘက်မန်စီးတီးသို့ပြောင်းမယ်လို့သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်မန်ယူဟာအသက်၃၆နှစ်ရှိကစားသမားအားကြားဖြတ်လုယူလိုက်နိုင်ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်အတွက်ဂျူဗင်တပ်ကိုပြောင်းရွှေ့ကြေးပေါင်၁၉.၄သန်းပေးရပါမယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုက်ပြီးနောက်တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်ခြင်းခံလာရပါတယ်။အထူးသဖြင့်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအပြောင်းအရွှေ့အားကြေညာလိုက်ပြီးတဲ့နောက် Instagram တွင်ပရိသတ်များစွာမြင့်မားလာခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ််ဒိုမကြေညာခင်တုန်းက Followers ၄၃.၁သန်းသာရှိခဲ့တာဖြစ်ပြီးရော်နယ်ဒိုအပြောင်းအရွှေ့ကိုကြေညာပြီး၂နာရီကျော်ကာလအတွင်းတွင် ၄၄.၃သန်းအထိမြင့်တက်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာဘောလုံးလောကရဲ့နာမည်အကြီးဆုံးကစားသမားထဲမှတစ်ဦးဖြစ်တာနဲ့အညီမန်ယူဟာလည်း Instagram တွင် Followers များစွာမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုက်မှုကြောင့်အင်္ကျီရောင်းချမှုမှဝင်ငွေ၊ကြော်ငြာရှင်များကိုဆွဲဆောင်နိုင်မှုပိုင်းများစွာမြင့်မားလာဦးမှာလည်းဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်ပေါင်သန်း၅၀တန်၂နှစ်စာချုပ်ချုပ်ဆိုသွားပါမယ်။သူဟာလာမယ့်စက်တင်ဘာလ၁၁ရက်နေ့မှာနယူးကာဆယ်နှင့်ကစားမယ့်ပွဲမှာမန်ယူအတွက်ပထမဆုံးပွဲကိုပါဝင်ကစားလာဖို့ရှိနေပါတယ်။

ZawGyi






မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုမကြေညာခင်တုန်းက Followers ၄၃.၁သန်းသာရှိခဲ့တာဖြစ်ပြီးရော်နယ်ဒိုအပြောင်းအရွှေ့ကိုကြေညာပြီး၂နာရီကျော်ကာလအတွင်းတွင် ၄၄.၃သန်းအထိမြင့်တက်လာခဲ့ပါတယ်။


