ရော်နယ်ဒိုအား ဆေးလ်ဗား၊လာပေါ်တီတို့ဖြင့် မန်စီးတီးအံ့ဩသင့်ဖွယ်ကမ်းလှမ်းလာနိုင်

မန်စီးတီးဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရန်အတွက်ဂျူဗင်တပ်ထံသို့ဘာနတ်ဒိုဆေးလ်ဗား၊အေမီရစ်လာပေါ်တီတို့အားအံ့ဩသင့်ဖွယ်ကမ်းလှမ်းလာနိုင်ကြောင်းသိရပါတယ်။

ယခုထွက်ပေါ်လာတဲ့သတင်းအရအသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့အေးဂျင့်ဂျော့မန်ဒက်စ်အားအပြောင်းအရွှေ့အတွက်မန်စီးတီးနှင့်ဆက်သွယ်မှုပြုလုပ်ရန်ပြောကြားထားကြောင်းသိရပါတယ်။

L’Equipe ကမန်စီးတီးဟာအသင်းမှထွက်ခွာခွင့်တောင်းဆိုထားတဲ့ဘာနတ်ဆေးလ်ဗားနှင့်အေမီရစ်လာပေါ်တီတို့အားအလိုက်ပေးကမ်းလှမ်းမှုပြုလုပ်နိုင်ကြောင်းသိရပါတယ်။

ရော်နယ်ဒိုဟာမန်စီးတီးရဲ့မြို့ခံပြိုင်ဘက်မန်ယူတွင်ကစားခဲ့ဖူးရာမန်စီးတီးအပြောင်းအရွှေ့သာဖြစ်လာပါကမန်ယူပရိသတ်များရဲ့ဒေါသထွက်ခြင်းခံလာရဖို့တော့ရှိပါတယ်။ဒါပေမယ့်မန်စီးတီးတွင်ပေါ်တူဂီကစားဖော်များဖြစ်တဲ့ရူဘင်ဒိုင်ယက်စ်၊ကန်စီလိုရှိနေရာရော်နယ်ဒိုအတွက်အသင်းပြောင်းဖို့စိတ်ဝင်စားဖို့ကောင်းတဲ့နေရာဖြစ်နေပါတယ်။

မန်စီးတီးဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အားအလျှင်စလိုတော့လုပ်လာဖို့မရှိပါဘူး။၎င်းတို့ဟာသူတို့ရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ဟယ်ရီကိန်းကိုခေါ်ယူရေးလုပ်ဆောင်မှုတိုးတက်မှုမရှိလာမှသာလျှင်ရော်နယ်ဒိုကိုမျှားဦးလှည့်လာမှာဖြစ်ပါတယ်။

တစ်ဖက်တွင်ပီအက်စ်ဂျီဟာလည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အခြေအနေကိုစောင့်ကြည့်နေပါတယ်။ပီအက်စ်ဂျီဟာမက်ဆီအားခေါ်ယူထားပြီးဖြစ်ရာအကယ်၍ခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူနိုင်လာပါကဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးအိပ်မက်အသင်းဖြစ်လာတော့မှာဖြစ်ပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီသာဘက်ပေးကိုရီးရဲလ်မက်ဒရစ်သို့ရောင်းချမှသာလျှင်ရော်နယ်ဒိုကိုခေါ်ယူဖို့ရှိပါတယ်။

ZawGyi

ေရာ္နယ္ဒိုအား ေဆးလ္ဗား၊လာေပၚတီတို႔ျဖင့္ မန္စီးတီးအံ့ဩသင့္ဖြယ္ကမ္းလွမ္းလာႏိုင္

မန္စီးတီးဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူရန္အတြက္ဂ်ဴဗင္တပ္ထံသို႔ဘာနတ္ဒိုေဆးလ္ဗား၊ေအမီရစ္လာေပၚတီတို႔အားအံ့ဩသင့္ဖြယ္ကမ္းလွမ္းလာႏိုင္ေၾကာင္းသိရပါတယ္။

ယခုထြက္ေပၚလာတဲ့သတင္းအရအသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္အားအေျပာင္းအေ႐ႊ႕အတြက္မန္စီးတီးႏွင့္ဆက္သြယ္မႈျပဳလုပ္ရန္ေျပာၾကားထားေၾကာင္းသိရပါတယ္။

L’Equipe ကမန္စီးတီးဟာအသင္းမွထြက္ခြာခြင့္ေတာင္းဆိုထားတဲ့ဘာနတ္ေဆးလ္ဗားႏွင့္ေအမီရစ္လာေပၚတီတို႔အားအလိုက္ေပးကမ္းလွမ္းမႈျပဳလုပ္ႏိုင္ေၾကာင္းသိရပါတယ္။

ေရာ္နယ္ဒိုဟာမန္စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူတြင္ကစားခဲ့ဖူးရာမန္စီးတီးအေျပာင္းအေ႐ႊ႕သာျဖစ္လာပါကမန္ယူပရိသတ္မ်ားရဲ႕ေဒါသထြက္ျခင္းခံလာရဖို႔ေတာ့ရွိပါတယ္။ဒါေပမယ့္မန္စီးတီးတြင္ေပၚတူဂီကစားေဖာ္မ်ားျဖစ္တဲ့႐ူဘင္ဒိုင္ယက္စ္၊ကန္စီလိုရွိေနရာေရာ္နယ္ဒိုအတြက္အသင္းေျပာင္းဖို႔စိတ္ဝင္စားဖို႔ေကာင္းတဲ့ေနရာျဖစ္ေနပါတယ္။

မန္စီးတီးဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အားအလွ်င္စလိုေတာ့လုပ္လာဖို႔မရွိပါဘူး။၎တို႔ဟာသူတို႔ရဲ႕အဓိကပစ္မွတ္ျဖစ္တဲ့ဟယ္ရီကိန္းကိုေခၚယူေရးလုပ္ေဆာင္မႈတိုးတက္မႈမရွိလာမွသာလွ်င္ေရာ္နယ္ဒိုကိုမွ်ားဦးလွည့္လာမွာျဖစ္ပါတယ္။

တစ္ဖက္တြင္ပီအက္စ္ဂ်ီဟာလည္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အေျခအေနကိုေစာင့္ၾကည့္ေနပါတယ္။ပီအက္စ္ဂ်ီဟာမက္ဆီအားေခၚယူထားၿပီးျဖစ္ရာအကယ္၍ခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူႏိုင္လာပါကေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးအိပ္မက္အသင္းျဖစ္လာေတာ့မွာျဖစ္ပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီသာဘက္ေပးကိုရီးရဲလ္မက္ဒရစ္သို႔ေရာင္းခ်မွသာလွ်င္ေရာ္နယ္ဒိုကိုေခၚယူဖို႔ရွိပါတယ္။