ရော်နယ်ဒိုအား ဗလက်ကာယမှုဖြင့် တရားစွဲထားမှုကို ပယ်ချရန် တရားသူကြီးထံ ရှေ့နေအဖွဲ့လျှောက်ထားလာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ရှေ့နေအဖွဲ့ကပေါ်တူဂီစူပါစတားအားအမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခဲ့တဲ့အမှုအတွက်နစ်နာကြေးအများကြီးရယူဖို့ကြိုးပမ်းလာတဲ့တရားစွဲမှုကိုပယ်ချရန်တရားရုံးသို့လျှောက်ထားလာပါတယ်။ကက်သရင်းမာယော်ဂါဟာ၂၀၁၀ခုနှစ်တုန်းကသူမကိုလေ့စ်ဗီးဂက်စ်တွင်ရော်နယ်ဒိုကအတင်းဓမ္မပြုကျင်ခဲ့တယ်ဆိုပြီးတရားစွဲခဲ့ပြီးရော်နယ်ဒိုကလည်းငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့်နောက်ပိုင်းတွင်ရော်နယ်ဒိုရဲ့ရှေ့နေများကသူမကိုပေါင်၃၇၅၀၀၀ပေးပြီးအမှုကိုအပြီးတိုင်ပိတ်သိမ်းခဲ့ပါတယ်။

ယခုအခါရော်နယ်ဒိုရဲ့ရှေ့နေအဖွဲ့ကရော်နယ်ဒိုနဲ့ရှေ့နေအဖွဲ့အကြားလုပ်ဆောင်ထားတဲ့ရာပေါင်းများစွာသောစာရွက်စာတမ်းများကိုမာယော်ဂါရဲ့ရှေ့နေများကခိုးယူမှုပြုလုပ်ကြောင်း သက်သေအထောက်အထားများနှင့်တကွာ တရားရုံးတွင်တင်ပြကာအမှုကိုအပြီးတိုင်ပိတ်သိမ်းဖို့ကြိုးစားလာခဲ့ပါတယ်။

Football Leaks ဟာပေါ်တူဂီစူပါစတားနှင့်ရှေ့နေအဖွဲ့တို့ထံမှ စာရွက်စာတမ်းပေါင်းများစွာတို့ကိုဟက်ပြီးရယူကာ မာယော်ကာရဲ့ရှေ့နေအဖွဲ့ကိုလွဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။

ယခုအခါနီဗားဒါးပြည်နယ်တရားသူကြီးဒါနီရယ်အယ်ဘရက်ကမာယော်ကာအတွက်ရှေ့နေလိုက်ပေးနေတဲ့ရှေ့နေအဖွဲ့မှာစာရွက်စာတမ်းများခိုးယူခဲ့မှုမှာအလွန်မှားယွင်းတဲ့လုပ်ရပ်ဖြစ်ကြောင်းပြောကြားခဲ့ပြီးရော်နယ်ဒိုရဲ့ရှေ့နေအဖွဲ့ကလည်းအမှုကိုငြင်းပယ်ရန်လျှောက်ထားလာပါတယ်။မာယော်ကာရဲ့ရှေ့နေအဖွဲ့အနေဖြင့်တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကို၁၄ရက်အတွင်းအယူခံဝင်ရပါမယ်။

မာယော်ကာဟာ၂၀၀၉ခုနှစ်တုန်းကလော့စ်ဗီးဂက်စ်ရှိဟိုတယ်တစ်ခုတွင်သူမကိုရော်နယ်ဒိုက မတရားပြုကျင့်ခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်။နောက်ပိုင်းတွင်သူမနှင့်ရော်နယ်ဒိုရဲ့ရှေ့နေအဖွဲ့တို့ဟာနစ်နာကြေးပေါင်၃၇၅၀၀၀ဖြင့်အမှုကိုပိတ်သိမ်းခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၈ခုနှစ်မှာတော့မာယော်ကာကသူမမှာခြိမ်းခြောက်အကြပ်ကိုင်ခြင်းကြောင့်အမှုပိတ်သိမ်းရန်စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊သူမရဲ့နာကျင်မှုနဲ့ခံစားခဲ့မှုရများအတွက်ပေါင်၁၈သန်းနှင့်နောင်တွင်ခံစားလာရမယ့်နာကျင်မှုများအတွက်ပေါင်၁၈သန်း စုစုပေါင်းပေါင်၃၆သန်းနစ်နာကြေးရရှိလိုကြောင်းတရားရုံးတွင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုအား ဗလက္ကာယမႈျဖင့္ တရားစြဲထားမႈကို ပယ္ခ်ရန္ တရားသူႀကီးထံ ေရွ႕ေနအဖြဲ႕ေလွ်ာက္ထားလာ

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေရွ႕ေနအဖြဲ႕ကေပၚတူဂီစူပါစတားအားအမ်ိဳးသမီးတစ္ဦးက မုဒိန္းက်င့္ခဲ့တဲ့အမႈအတြက္နစ္နာေၾကးအမ်ားႀကီးရယူဖို႔ႀကိဳးပမ္းလာတဲ့တရားစြဲမႈကိုပယ္ခ်ရန္တရား႐ုံးသို႔ေလွ်ာက္ထားလာပါတယ္။ကက္သရင္းမာေယာ္ဂါဟာ၂၀၁၀ခုႏွစ္တုန္းကသူမကိုေလ့စ္ဗီးဂက္စ္တြင္ေရာ္နယ္ဒိုကအတင္းဓမၼျပဳက်င္ခဲ့တယ္ဆိုၿပီးတရားစြဲခဲ့ၿပီးေရာ္နယ္ဒိုကလည္းျငင္းဆိုခဲ့ပါတယ္။ဒါေပမယ့္ေနာက္ပိုင္းတြင္ေရာ္နယ္ဒိုရဲ႕ေရွ႕ေနမ်ားကသူမကိုေပါင္၃၇၅၀၀၀ေပးၿပီးအမႈကိုအၿပီးတိုင္ပိတ္သိမ္းခဲ့ပါတယ္။

ယခုအခါေရာ္နယ္ဒိုရဲ႕ေရွ႕ေနအဖြဲ႕ကေရာ္နယ္ဒိုနဲ႔ေရွ႕ေနအဖြဲ႕အၾကားလုပ္ေဆာင္ထားတဲ့ရာေပါင္းမ်ားစြာေသာစာ႐ြက္စာတမ္းမ်ားကိုမာေယာ္ဂါရဲ႕ေရွ႕ေနမ်ားကခိုးယူမႈျပဳလုပ္ေၾကာင္း သက္ေသအေထာက္အထားမ်ားႏွင့္တကြာ တရား႐ုံးတြင္တင္ျပကာအမႈကိုအၿပီးတိုင္ပိတ္သိမ္းဖို႔ႀကိဳးစားလာခဲ့ပါတယ္။

Football Leaks ဟာေပၚတူဂီစူပါစတားႏွင့္ေရွ႕ေနအဖြဲ႕တို႔ထံမွ စာ႐ြက္စာတမ္းေပါင္းမ်ားစြာတို႔ကိုဟက္ၿပီးရယူကာ မာေယာ္ကာရဲ႕ေရွ႕ေနအဖြဲ႕ကိုလြဲေျပာင္းေပးခဲ့တာလည္းျဖစ္ပါတယ္။

ယခုအခါနီဗားဒါးျပည္နယ္တရားသူႀကီးဒါနီရယ္အယ္ဘရက္ကမာေယာ္ကာအတြက္ေရွ႕ေနလိုက္ေပးေနတဲ့ေရွ႕ေနအဖြဲ႕မွာစာ႐ြက္စာတမ္းမ်ားခိုးယူခဲ့မႈမွာအလြန္မွားယြင္းတဲ့လုပ္ရပ္ျဖစ္ေၾကာင္းေျပာၾကားခဲ့ၿပီးေရာ္နယ္ဒိုရဲ႕ေရွ႕ေနအဖြဲ႕ကလည္းအမႈကိုျငင္းပယ္ရန္ေလွ်ာက္ထားလာပါတယ္။မာေယာ္ကာရဲ႕ေရွ႕ေနအဖြဲ႕အေနျဖင့္တရားသူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို၁၄ရက္အတြင္းအယူခံဝင္ရပါမယ္။

မာေယာ္ကာဟာ၂၀၀၉ခုႏွစ္တုန္းကေလာ့စ္ဗီးဂက္စ္ရွိဟိုတယ္တစ္ခုတြင္သူမကိုေရာ္နယ္ဒိုက မတရားျပဳက်င့္ခဲ့တယ္လို႔စြပ္စြဲခဲ့ပါတယ္။ေနာက္ပိုင္းတြင္သူမႏွင့္ေရာ္နယ္ဒိုရဲ႕ေရွ႕ေနအဖြဲ႕တို႔ဟာနစ္နာေၾကးေပါင္၃၇၅၀၀၀ျဖင့္အမႈကိုပိတ္သိမ္းခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၁၈ခုႏွစ္မွာေတာ့မာေယာ္ကာကသူမမွာၿခိမ္းေျခာက္အၾကပ္ကိုင္ျခင္းေၾကာင့္အမႈပိတ္သိမ္းရန္စာခ်ဳပ္တြင္လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း၊သူမရဲ႕နာက်င္မႈနဲ႔ခံစားခဲ့မႈရမ်ားအတြက္ေပါင္၁၈သန္းႏွင့္ေနာင္တြင္ခံစားလာရမယ့္နာက်င္မႈမ်ားအတြက္ေပါင္၁၈သန္း စုစုေပါင္းေပါင္၃၆သန္းနစ္နာေၾကးရရွိလိုေၾကာင္းတရား႐ုံးတြင္ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။