ရော်နယ်ဒို ပြန်လာမှုနဲ့အတူ မန်ယူအသင်းရဲ့တန်ဖိုး ပေါင်သန်း ၅၅၀ ဖိုးအထိ မြင့်တက်သွားခဲ့

အိုးထရက်ဖို့ဒ်သို့ ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာမှုက၅၄ရက်အတွင်းမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့တန်ဖိုးကို ပေါင်သန်း၅၅၀အထိမြင့်တက်သွားစေခဲ့ပါတယ်။

ဒါ့အပြင်မန်ယူအသင်းရဲ့ရှယ်ယာတန်ဖိုးမြှင့်တက်မှုမှာချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှု၊ကော်မာရှယ်စာချုပ်များချုပ်ဆိုနိုင်မှု၊ပရိသတ်များကွင်းအတွင်းဝင်ရောက်လာမှုများနှင့်လည်းသက်ဆိုင်နေပါတယ်။

ဒါပေမယ့်ယင်းသို့မန်ယူအသင်းရဲ့တန်ဖိုးမြင့်တက်သွားမှုကအသင်းအတွက်တစ်စုံတစ်ရာအကျိုးရှိလာခြင်းမရှိဘဲအသင်းပိုင်ရှင်ဂလေဇာမိသားစုအတွက်သာအကျိုးဖြစ်ထွန်းဖို့ရှိနေပါတယ်။

မန်ယူဟာဩဂုတ်လ၂၇ရက်နေ့တုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုဂျူဗင်တပ်မှခေါ်ယူရန်သဘောတူညီမှုရရှိပြီးနောက်အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။

ယင်းမတိုင်မီနှစ်ပတ်တုန်းကမန်ယူအသင်းဟာ၁၈လပထမဆုံးအကြိမ်အဖြစ်အိုးထရက်ဖို့ဒ်ကွင်းမှာပရိသတ်အပြည့်ဖြင့်လိဒ်နှင့်ပရီးမီးယားလိဂ်အဖွင့်ပွဲကစားခဲ့ရပါတယ်။

ယင်းသို့တိုက်ဆိုင်မှုများစွာဖြစ်လာမှုနဲ့အတူနယူးယော့ခ်စတော့အိတ်ချိန်းတွင်မန်ယူအသင်းရဲ့ရှယ်ယာတန်ဖိုးဟာမြင့်တက်လာခဲ့ပါတယ်။

ဩဂုတ်လ၄ရက်နေ့တုန်းကမန်ယူအသင်းရဲ့ရှယ်ယာတန်ဖိုးမှာပေါင်၁၁.၇၀သို့ကျဆင်းခဲ့ပြီးကလပ်တန်ဖိုးမှာပေါင်၁.၉၁ဘီလီယံသာရှိခဲ့ပါတယ်။ဒါပေမယ့်ဩဂုတ်လ၂၆ရက်နေ့မှာပေါင်၁၂.၇၂သို့တက်လာခဲ့ပြီးပေါင်၂.၀၈ဘီလီယံအထိတန်ဖိုးမြင့်လာပါတယ်။

ဒါပေမယ့်ရော်နယ်ဒိုရောက်လာပြီးနောက်၂၄နာရီအတွင်းတွင်မန်ယူရှယ်ယာတန်ဖိုးမှာ၁၃.၄၆သို့အထိတက်လာပြီးကလပ်တန်ဖိုးမှာပေါင်၂.၁၉ဘီလီယံအထိရှိလာပါတယ်။

ဆက်တိုက်ဆိုသလိုမန်ယူအသင်းရဲ့ရှယ်ယာတန်ဖိုးဟာမြင့်တက်လျက်ရှိနေခဲ့ကာ၅၄ရက်အတွင်းတွင်ပေါင်၁၅.၀၉အထိမြင့်တက်ခဲ့ပြီးကလပ်တန်ဖိုးမှာပေါင်သန်း၅၅၀အထိမြင့်မားလာခဲ့ပါတယ်။ယခုအခါမန်ယူအသင်းတန်ဖိုးမှာပေါင်၂.၄၆ဘီလီယံဖြစ်လာပြီဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုဟာမနေ့တုန်းမန်ယူအသင်းရှယ်ယာ၁၀သန်းနီးပါးအထိထပ်မံထုတ်ရောင်းခဲ့ပါတယ်။၎င်းတို့ရဲ့ယင်းသို့ရှယ်ယာထပ်မံ ရောင်းချခဲ့ပေမယ့်ကလပ်အတွက်တစ်စုံတစ်ရာအကျိုးရှိလာမှာမဟုတ်ဘဲ၎င်းတို့အတွက်သာ ငွေကြေးအကျိုးအမြတ်ပိုမိုရရှိလာစေပါတယ်။

ZawGyi

ေရာ္နယ္ဒို ျပန္လာမႈနဲ႔အတူ မန္ယူအသင္းရဲ႕တန္ဖိုး ေပါင္သန္း ၅၅၀ ဖိုးအထိ ျမင့္တက္သြားခဲ့

အိုးထရက္ဖို႔ဒ္သို႔ ခရစၥတီယာႏိုေရာ္နယ္ဒို ေရာက္လာမႈက၅၄ရက္အတြင္းမွာမန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕တန္ဖိုးကို ေပါင္သန္း၅၅၀အထိျမင့္တက္သြားေစခဲ့ပါတယ္။

ဒါ့အျပင္မန္ယူအသင္းရဲ႕ရွယ္ယာတန္ဖိုးျမႇင့္တက္မႈမွာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမႈ၊ေကာ္မာရွယ္စာခ်ဳပ္မ်ားခ်ဳပ္ဆိုႏိုင္မႈ၊ပရိသတ္မ်ားကြင္းအတြင္းဝင္ေရာက္လာမႈမ်ားႏွင့္လည္းသက္ဆိုင္ေနပါတယ္။

ဒါေပမယ့္ယင္းသို႔မန္ယူအသင္းရဲ႕တန္ဖိုးျမင့္တက္သြားမႈကအသင္းအတြက္တစ္စုံတစ္ရာအက်ိဳးရွိလာျခင္းမရွိဘဲအသင္းပိုင္ရွင္ဂေလဇာမိသားစုအတြက္သာအက်ိဳးျဖစ္ထြန္းဖို႔ရွိေနပါတယ္။

မန္ယူဟာဩဂုတ္လ၂၇ရက္ေန႔တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကိုဂ်ဴဗင္တပ္မွေခၚယူရန္သေဘာတူညီမႈရရွိၿပီးေနာက္အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူခဲ့ပါတယ္။

ယင္းမတိုင္မီႏွစ္ပတ္တုန္းကမန္ယူအသင္းဟာ၁၈လပထမဆုံးအႀကိမ္အျဖစ္အိုးထရက္ဖို႔ဒ္ကြင္းမွာပရိသတ္အျပည့္ျဖင့္လိဒ္ႏွင့္ပရီးမီးယားလိဂ္အဖြင့္ပြဲကစားခဲ့ရပါတယ္။

ယင္းသို႔တိုက္ဆိုင္မႈမ်ားစြာျဖစ္လာမႈနဲ႔အတူနယူးေယာ့ခ္စေတာ့အိတ္ခ်ိန္းတြင္မန္ယူအသင္းရဲ႕ရွယ္ယာတန္ဖိုးဟာျမင့္တက္လာခဲ့ပါတယ္။

ဩဂုတ္လ၄ရက္ေန႔တုန္းကမန္ယူအသင္းရဲ႕ရွယ္ယာတန္ဖိုးမွာေပါင္၁၁.၇၀သို႔က်ဆင္းခဲ့ၿပီးကလပ္တန္ဖိုးမွာေပါင္၁.၉၁ဘီလီယံသာရွိခဲ့ပါတယ္။ဒါေပမယ့္ဩဂုတ္လ၂၆ရက္ေန႔မွာေပါင္၁၂.၇၂သို႔တက္လာခဲ့ၿပီးေပါင္၂.၀၈ဘီလီယံအထိတန္ဖိုးျမင့္လာပါတယ္။

ဒါေပမယ့္ေရာ္နယ္ဒိုေရာက္လာၿပီးေနာက္၂၄နာရီအတြင္းတြင္မန္ယူရွယ္ယာတန္ဖိုးမွာ၁၃.၄၆သို႔အထိတက္လာၿပီးကလပ္တန္ဖိုးမွာေပါင္၂.၁၉ဘီလီယံအထိရွိလာပါတယ္။

ဆက္တိုက္ဆိုသလိုမန္ယူအသင္းရဲ႕ရွယ္ယာတန္ဖိုးဟာျမင့္တက္လ်က္ရွိေနခဲ့ကာ၅၄ရက္အတြင္းတြင္ေပါင္၁၅.၀၉အထိျမင့္တက္ခဲ့ၿပီးကလပ္တန္ဖိုးမွာေပါင္သန္း၅၅၀အထိျမင့္မားလာခဲ့ပါတယ္။ယခုအခါမန္ယူအသင္းတန္ဖိုးမွာေပါင္၂.၄၆ဘီလီယံျဖစ္လာၿပီျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းပိုင္ရွင္ဂေလဇာမိသားစုဟာမေန႔တုန္းမန္ယူအသင္းရွယ္ယာ၁၀သန္းနီးပါးအထိထပ္မံထုတ္ေရာင္းခဲ့ပါတယ္။၎တို႔ရဲ႕ယင္းသို႔ရွယ္ယာထပ္မံ ေရာင္းခ်ခဲ့ေပမယ့္ကလပ္အတြက္တစ္စုံတစ္ရာအက်ိဳးရွိလာမွာမဟုတ္ဘဲ၎တို႔အတြက္သာ ေငြေၾကးအက်ိဳးအျမတ္ပိုမိုရရွိလာေစပါတယ္။