ရော်နယ်ဒို ရောက်လာပြီးနောက် ကလပ်ရဲ့စူပါစတားအဖြစ် မခံစားရတော့တဲ့ မန်ယူကစားသမား

ပေါလ်ပေါ့ဘာဟာအိုးထရက်ဖို့ဒ်ရဲ့ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာပြီးနောက်သူ့အပေါ်လူအများအာရုံစိုက်မှုမရရှိတော့သလိုခံစားနေရကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်အလယ်တန်းကစားသမားဟာလိဒ်ကို၅-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလေးကြိမ်ဖန်တီးမှုပြုလုပ်ပြီးပရီးမီးယားလိဂ်တာထွက်ကောင်းခဲ့သူဖြစ်ပါတယ်။ယခုရာသီတွင်မန်ယူအတွက်၇ကြိမ်အထိဖန်တီးမှုပြုလုပ်ထားနိုင်တဲ့ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ပေါလ်ပေါ့ဘာဟာနောက်ပိုင်းပွဲစဉ်များတွင်သူ့ရဲ့ထင်ပေါ်ကျော်ကြားမှု၊သူ့အပေါ်လူများရဲ့စိတ်ဝင်စားမှုအားခရစ္စတီယာနိုရော်နယ်ဒိုရောက်လာပြီးနောက်ပျောက်ဆုံးသွားတယ်လို့ခံစားနေရပါတယ်။ယင်းသို့စိတ်ဓာတ်ပိုင်းနိမ့်ကျလာမှုနဲ့အတူပေါလ်ပေါ့ဘာရဲ့နောက်ပိုင်းပွဲစဉ်များမှခြေစွမ်းဟာလည်းဆိုးရွားလာပါတယ်။

အီတလီဂျာနယ်လစ်ပါအိုလိုကွန်ဒိုက “ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာပြီးတဲ့နောက် ပေါ့ဘာဟာသူ့ကိုယ်သူမန်ချက်စတာယူနိုက်တက်စတားတစ်ဦးလို့မခံစားရတော့ပါဘူး။အားလုံးရဲ့အာရုံစိုက်မှုမရတော့ပါဘူး။နောက်ပိုင်းပွဲတွေမှာပေါ့ဘာရဲ့ခြေစွမ်းကျလာပါတယ်”လို့ပြောကြားသွားပါတယ်၊

ပေါလ်ပေါ့ဘာဟာယခုရာသီမှာမန်ယူရဲ့ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်ပွဲအားလုံးကိုပွဲထွက်ကစားခွင့်ရထားပါတယ်။သူဟာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၈ပွဲကစားထားပြီး၇ကြိမ်ဖန်တီးထားနိုင်ပါတယ်။

ZawGyi

ေရာ္နယ္ဒို ေရာက္လာၿပီးေနာက္ ကလပ္ရဲ႕စူပါစတားအျဖစ္ မခံစားရေတာ့တဲ့ မန္ယူကစားသမား

ေပါလ္ေပါ့ဘာဟာအိုးထရက္ဖို႔ဒ္ရဲ႕ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာၿပီးေနာက္သူ႔အေပၚလူအမ်ားအာ႐ုံစိုက္မႈမရရွိေတာ့သလိုခံစားေနရေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္အလယ္တန္းကစားသမားဟာလိဒ္ကို၅-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာေလးႀကိမ္ဖန္တီးမႈျပဳလုပ္ၿပီးပရီးမီးယားလိဂ္တာထြက္ေကာင္းခဲ့သူျဖစ္ပါတယ္။ယခုရာသီတြင္မန္ယူအတြက္၇ႀကိမ္အထိဖန္တီးမႈျပဳလုပ္ထားႏိုင္တဲ့ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ေပါလ္ေပါ့ဘာဟာေနာက္ပိုင္းပြဲစဥ္မ်ားတြင္သူ႔ရဲ႕ထင္ေပၚေက်ာ္ၾကားမႈ၊သူ႔အေပၚလူမ်ားရဲ႕စိတ္ဝင္စားမႈအားခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ေပ်ာက္ဆုံးသြားတယ္လို႔ခံစားေနရပါတယ္။ယင္းသို႔စိတ္ဓာတ္ပိုင္းနိမ့္က်လာမႈနဲ႔အတူေပါလ္ေပါ့ဘာရဲ႕ေနာက္ပိုင္းပြဲစဥ္မ်ားမွေျခစြမ္းဟာလည္းဆိုး႐ြားလာပါတယ္။

အီတလီဂ်ာနယ္လစ္ပါအိုလိုကြန္ဒိုက “ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာၿပီးတဲ့ေနာက္ ေပါ့ဘာဟာသူ႔ကိုယ္သူမန္ခ်က္စတာယူႏိုက္တက္စတားတစ္ဦးလို႔မခံစားရေတာ့ပါဘူး။အားလုံးရဲ႕အာ႐ုံစိုက္မႈမရေတာ့ပါဘူး။ေနာက္ပိုင္းပြဲေတြမွာေပါ့ဘာရဲ႕ေျခစြမ္းက်လာပါတယ္”လို႔ေျပာၾကားသြားပါတယ္၊

ေပါလ္ေပါ့ဘာဟာယခုရာသီမွာမန္ယူရဲ႕ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ပြဲအားလုံးကိုပြဲထြက္ကစားခြင့္ရထားပါတယ္။သူဟာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၈ပြဲကစားထားၿပီး၇ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။