ရော်နယ်ဒို လက်မှတ်ထိုးထားတဲ့ မန်ယူအင်္ကျီ အထည် ၈၀ အမှာလုပ်ကြားလာတဲ့ ဗြိတိန်ဘုရင်မကြီး

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်တကျော့ပြန်ခရီးဟာလောကတစ်ခုလုံးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်။ရော်နယ်ဒိုရဲ့မန်ယူတကျော့ပြန်ခရီးဟာဘက်ကင်ဟန်နန်းတော်အထိရိုက်ခတ်ခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီးအဲလစ်ဇဘတ်ဟာအသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုလက်မှတ်ရေးထိုးထားတဲ့မန်ယူအသင်းအင်္ကျီအထည် ၈၀အားမန်ယူထံသို့မှာကြားထားကြောင်းသိရပါတယ်။

ဗြိတိန်ဘုရင်မကြီးဟာသူမရဲ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်လူတစ်ဦးထံမှအမှတ်တရလက်မှတ်ထိုးပေးရန်တောင်းဆိုမှုလည်းဖြစ်ပါတယ်။

မန်ယူဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာခရစ္စတီယာနိုရော်နယ်ဒိုကိုဂျူဗင်တပ်မှပေါင်၁၂.၈၅သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူသူ့ရဲ့အင်္ကျီအမြောက်အမြားရောင်းချလာရဖို့သေချာနေပါတယ်။အခုဘုရင်မကြီးကတော့မန်ယူအင်္ကျီအလုံး၈၀အမှာလုပ်လာပါပြီ။ဘုရင်မကြီးဟာသူမရဲ့ဘက်ကင်ဟန်နန်းတော်မှဝန်ထမ်းများကိုလက်ဆောင်ပေးရန်ခရစ္စတီယာနိုရော်နယ်ဒိုလက်မှတ်ထိုးထားတဲ့မန်ယူအင်္ကျီမှာကြားလာတာပါ။

မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်္ကျီအမြောက်အမြားရောင်းချလာရဖို့သေချာနေပေမယ့်အကျိုးအမြတ်ကတော့အင်္ကျီတစ်ထည်ရောင်းချရတိုင်း ၅ပေါင်မျှသာခံစားခွင့်ရရှိမှာဖြစ်ကြောင်းသိရပါတယ်။မန်ယူဟာ Adidas နှင့်ချုပ်ဆိုထားတဲ့အင်္ကျစပွန်ဆာစာချုပ်အရအင်္ကျီတစ်ထည်ရောင်းချရတိုင်း၁၀ရာခိုင်နှုန်းဘဲခံစားခွင့်ရှိပါတယ်။

ZawGyi

ေရာ္နယ္ဒို လက္မွတ္ထိုးထားတဲ့ မန္ယူအက်ႌ အထည္ ၈၀ အမွာလုပ္ၾကားလာတဲ့ ၿဗိတိန္ဘုရင္မႀကီး

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္တေက်ာ့ျပန္ခရီးဟာေလာကတစ္ခုလုံးကိုလႈပ္လႈပ္ခတ္ခတ္ျဖစ္သြားေစခဲ့ပါတယ္။ေရာ္နယ္ဒိုရဲ႕မန္ယူတေက်ာ့ျပန္ခရီးဟာဘက္ကင္ဟန္နန္းေတာ္အထိ႐ိုက္ခတ္ခဲ့ပါတယ္။

ၿဗိတိန္ဘုရင္မႀကီးအဲလစ္ဇဘတ္ဟာအသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုလက္မွတ္ေရးထိုးထားတဲ့မန္ယူအသင္းအက်ႌအထည္ ၈၀အားမန္ယူထံသို႔မွာၾကားထားေၾကာင္းသိရပါတယ္။

ၿဗိတိန္ဘုရင္မႀကီးဟာသူမရဲ႕ဘဝမွာပထမဆုံးအႀကိမ္အျဖစ္လူတစ္ဦးထံမွအမွတ္တရလက္မွတ္ထိုးေပးရန္ေတာင္းဆိုမႈလည္းျဖစ္ပါတယ္။

မန္ယူဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာခရစၥတီယာႏိုေရာ္နယ္ဒိုကိုဂ်ဴဗင္တပ္မွေပါင္၁၂.၈၅သန္းျဖင့္ေခၚယူခဲ့ပါတယ္။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူသူ႔ရဲ႕အက်ႌအေျမာက္အျမားေရာင္းခ်လာရဖို႔ေသခ်ာေနပါတယ္။အခုဘုရင္မႀကီးကေတာ့မန္ယူအက်ႌအလုံး၈၀အမွာလုပ္လာပါၿပီ။ဘုရင္မႀကီးဟာသူမရဲ႕ဘက္ကင္ဟန္နန္းေတာ္မွဝန္ထမ္းမ်ားကိုလက္ေဆာင္ေပးရန္ခရစၥတီယာႏိုေရာ္နယ္ဒိုလက္မွတ္ထိုးထားတဲ့မန္ယူအက်ႌမွာၾကားလာတာပါ။

မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အက်ႌအေျမာက္အျမားေရာင္းခ်လာရဖို႔ေသခ်ာေနေပမယ့္အက်ိဳးအျမတ္ကေတာ့အက်ႌတစ္ထည္ေရာင္းခ်ရတိုင္း ၅ေပါင္မွ်သာခံစားခြင့္ရရွိမွာျဖစ္ေၾကာင္းသိရပါတယ္။မန္ယူဟာ Adidas ႏွင့္ခ်ဳပ္ဆိုထားတဲ့အက်ၤစပြန္ဆာစာခ်ဳပ္အရအက်ႌတစ္ထည္ေရာင္းခ်ရတိုင္း၁၀ရာခိုင္ႏႈန္းဘဲခံစားခြင့္ရွိပါတယ္။