ရော်နယ်ဒို Vs ဖာနန်ဒက်စ် သရဲနီရဲ့ ဖရီးကစ်နဲ့ ဖရီးကစ်တာဝန်ကို ဘယ်သူ တာဝန်ယူသင့်လဲ?

အိုလီဂန်းနားဆိုးလ်ရှားဟာယခုနွေရာသီမှာသရဲနီပရိသတ်အားလုံးရဲ့အိပ်မက်အပြောင်းအရွှေ့အဖြစ်ခရစ္စတီယာနိုရော်နယ်ဒိုအားအိုးထရက်ဖို့ဒ်သို့အရောက်ခေါ်ဆောင်နိုင်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်သို့ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူ အိုလီဂန်းနားဆိုးလ်ရှားအတွက်ပြဿနာတွေလည်းတသီတတန်းကြီးသယ်ဆောင်လာပါတယ်။ဆိုးလ်ရှားအရင်ဆုံးဖြေရှင်းရမယ့်ပြဿနာကဘယ်သူ့ကို ပင်နယ်တီကန်ခိုင်းမလဲ၊ ဘယ်သူ့ကိုဖရီးကစ်ကန်ခိုင်းမလဲဆိုတာပါ။

ဘရူနိုဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းကအိုးထရက်ဖို့ဒ်သို့ရောက်လာကတည်းကမန်ယူရဲ့ပင်နယ်တီကန်သွင်းသူတာဝန်ကိုရယူလာခဲ့တဲ့သူဖြစ်ပါတယ်။

အခုအိုးထရက်ဖို့ဒ်သို့တကျော့ပြန်ရောက်လာတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းသူကစားခဲ့တဲ့ကလပ်တိုင်းနှင့်ပေါ်တူဂီအသင်းတို့မှာပင်နယ်တီကန်သွင်းသူအဖြစ်တာဝန်ယူဆောင်လာမှုနဲ့အတူ အိုးထရက်ဖို့ဒ်ရဲ့ပင်နယ်တီကန်သွင်းသူဦးစားပေးတာဝန်ကိုရယူချင်လာမှာသေချာပါတယ်။

မန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှာပင်နယ်တီ၁၁ကြိမ်အထိရရှိခဲ့ပြီးလက်စတာ(၁၂ကြိမ်)ပြီးရင်ပင်နယ်တီအများဆုံးရရှိတဲ့သူအဖြစ်ရပ်တည်ခဲ့တဲ့အသင်းဖြစ်ပါတယ်။မန်ယူဟာပင်နယ်တီ၁၁ကြိမ်မှာ၁၀ဂိုးရခဲ့ပါတယ်။

၂၀၁၉-၂၀ရာသီမှာမန်ယူဟာ၁၄ကြိမ်အထိရရှိခဲ့ပြီးသမိုင်းတစ်လျှောက်ပင်နယ်တီအများဆုံးရရှိခဲ့ပါတယ်။ဒါပေမယ့်မန်ယူဟာ၁၀ကြိမ်ပဲဂိုးရခဲ့ပါတယ်။

တစ်ခုရှိတာကတော့ဆိုးလ်ရှားဟာပင်နယ်တီကနေရာခိုင်နှုန်းများများဂိုးလိုချင်တယ်ဆိုရင်တော့ဘရူနိုဖာနန်ဒက်စ်ကိုဘဲရွေးချယ်လာမှာတော့သေချာနေပါတယ်။

၂၀၁၇ခုနှစ်နောက်ပိုင်းမှတ်တမ်းများအရဘရူနိုဖာနန်ဒက်စ်ဟာပင်နယ်တီ၂၆ကြိမ်ကန်သွင်းခဲ့ရာမှာ၂၅ကြိမ်ဂိုးအဖြစ်ပြောင်းလဲနိုင်ပြီးပင်နယ်တီကန်သွင်းမှုအောင်မြင်မှု ၉၆.၁၅ရာခိုင်နှုန်းအထိရရှိထားပါတယ်။

သူဟာမန်ယူသို့ရောက်ပြီးတဲ့နောက်ပင်နယ်တီ၂၂ကြိမ်ကန်ခဲ့ရာမှာ၂၁ကြိမ်ဂိုးဝင်ခဲ့ပါတယ်။သူ့ရဲ့မန်ယူသွင်းဂိုး၄၃ဂိုးမှ၄၉ဂိုးကပင်နယ်တီကနေသွင်းခဲ့တာပါ။သူဟာပြီးခဲ့တဲ့ရာသီတုန်းကပင်နယ်တီကနေစုစုပေါင်း၁၃ဂိုးအထိရခဲ့ပါတယ်။

သူ့လွဲခဲ့တဲ့တစ်ကြိမ်ကပြီးခဲ့တဲ့ရာသီတုန်းကနယူးကာဆယ်ဂိုးသမားကားလ်ဒါလောကကာကွယ်ခဲ့ပါတယ်။ယင်းပွဲအပြီးသုံးရက်အကြာမှာဘရူနိုဖာနန်ဒက်စ်ဟာပီအက်စ်ဂျီနဲ့ပွဲမှာပင်နယ်တီထပ်လွဲခဲ့ပေမယ့်ဒိုင်လူကြီးကပြန်ကန်ခိုင်းမှုနဲ့အတူဒုတိယအကြိမ်မှာတော့အမှားအယွင်းမရှိခဲ့ပါဘူး။

ဘရူနိုဖာနန်ဒက်စ်ရဲ့ပင်နယ်တီကန်သွင်းမှုမှတ်တမ်းကရော်နယ်ဒိုနဲ့နှိုင်းယှဉ်ရင်အလွန်ကောင်းမွန်ပါတယ်။

အသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာ၂၀၁၇ခုနှစ်နောက်ပိုင်းကာလအတွင်းမှာပင်နယ်တီ၃၁ကြိမ်ကန်သွင်းခဲ့ရာမှာ၂၆ကြိမ်ပဲဂိုးဝင်ခဲ့ပြီးအောင်မြင်မှု၈၃.၈၇ရာခိုင်နှုန်းပဲရရှိထားပါတယ်။

သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာ၅ဂိုးသွင်းပြီးရွှေဖိနပ်ဆုဆွတ်ခူးခဲ့ရာမှာပင်နယ်တီကနေ၃ကြိမ်ဂိုးသွင်းခဲ့ပါတယ်။

သူဟာမန်ယူမှာပထမအကြိမ်ကစားတုန်းက၁၁၈ဂိုးသွင်းယူခဲ့ရာမှာပင်နယ်တီကနေ၁၇ဂိုးသွင်းယူခဲ့ပါတယ်။

ဖရီးကစ်ပိုင်းကိုကြည့်ရင်လည်းဘရူနိုဖာနန်ဒက်စ်ဟာခရစ္စတီယာနိုရော်နယ်ဒိုထက်များစွာသာလွန်နေပါတယ်။

ဖာနန်ဒက်စ်ဟာ၂၀၁၇ခုနှစ်နောက်ပိုင်းမှာဖရီးကစ်ကန်သွင်းမှု၅၈ကြိမ်ပြုလုပ်ခဲ့ရာမှာ၅ကြိမ်(၈.၆၂ရာခိုင်နှုန်း)ဂိုးဝင်ခဲ့ပြီးရော်နယ်ဒိုကတော့ဂျူဗင်တပ်မှာ၄၃ကြိမ်ကန်ခဲ့ရာမှာ၁ကြိမ်(၁.၄၉ရာခိုင်နှုန်း)ဘဲဂိုးဝင်ခဲ့ပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဘောလုံးသမားဘဝကိုပြန်ကြည့်ရင်အလွန်ကောင်းတဲ့ဖရီးကစ်ဂိုးတွေသွင်းခဲ့တာကြောင့်ဖရီးကစ်ကန်ကောင်းတဲ့သူတစ်ယောက်ဆိုတာငြင်းလို့တော့မရပါဘူး။

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ကတော့ရော်နယ်ဒိုကိုပင်နယ်တီဦးစားပေးကန်သွင်းသူအဖြစ်ရွေးချယ်ပြီးဘရူနိုဖာနန်ဒက်စ်ကိုတော့ဖရီးကစ်ကန်သူအဖြစ်ရွေးချယ်သင့်တယ်လို့ဆိုသွားပါတယ်။

ဖာဒီနန်က “ပင်နယ်တီကန်သူနေရာကိုဘရူနိုလက်လွှတ်မယ်လို့ထင်တယ်။ဒါပေမယ့်ဖရီးကစ်နဲ့ထောင့်ကန်ဘောကန်သူအဖြစ်တော့ဆက်ရှိနေပါလိမ့်မယ်။ဧရိယာဝန်းကျင်မှာရတဲ့ဖရီးကစ်ကိုတော့သူကန်သင့်တယ်။သူ့မှတ်တမ်းအရဆိုသူပဲကန်သင့်ပါတယ်။ရော်နယ်ဒိုကတော့ပင်နယ်တီကန်ပါလိမ့်မယ်။ရာနှုန်းပြည့်သေချာပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေရာ္နယ္ဒို Vs ဖာနန္ဒက္စ္ – သရဲနီရဲ႕ ဖရီးကစ္နဲ႔ ဖရီးကစ္တာဝန္ကို ဘယ္သူ တာဝန္ယူသင့္လဲ?

အိုလီဂန္းနားဆိုးလ္ရွားဟာယခုေႏြရာသီမွာသရဲနီပရိသတ္အားလုံးရဲ႕အိပ္မက္အေျပာင္းအေ႐ႊ႕အျဖစ္ခရစၥတီယာႏိုေရာ္နယ္ဒိုအားအိုးထရက္ဖို႔ဒ္သို႔အေရာက္ေခၚေဆာင္ႏိုင္ခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္သို႔ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူ အိုလီဂန္းနားဆိုးလ္ရွားအတြက္ျပႆနာေတြလည္းတသီတတန္းႀကီးသယ္ေဆာင္လာပါတယ္။ဆိုးလ္ရွားအရင္ဆုံးေျဖရွင္းရမယ့္ျပႆနာကဘယ္သူ႔ကို ပင္နယ္တီကန္ခိုင္းမလဲ၊ ဘယ္သူ႔ကိုဖရီးကစ္ကန္ခိုင္းမလဲဆိုတာပါ။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလတုန္းကအိုးထရက္ဖို႔ဒ္သို႔ေရာက္လာကတည္းကမန္ယူရဲ႕ပင္နယ္တီကန္သြင္းသူတာဝန္ကိုရယူလာခဲ့တဲ့သူျဖစ္ပါတယ္။

အခုအိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္ေရာက္လာတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္းသူကစားခဲ့တဲ့ကလပ္တိုင္းႏွင့္ေပၚတူဂီအသင္းတို႔မွာပင္နယ္တီကန္သြင္းသူအျဖစ္တာဝန္ယူေဆာင္လာမႈနဲ႔အတူ အိုးထရက္ဖို႔ဒ္ရဲ႕ပင္နယ္တီကန္သြင္းသူဦးစားေပးတာဝန္ကိုရယူခ်င္လာမွာေသခ်ာပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွာပင္နယ္တီ၁၁ႀကိမ္အထိရရွိခဲ့ၿပီးလက္စတာ(၁၂ႀကိမ္)ၿပီးရင္ပင္နယ္တီအမ်ားဆုံးရရွိတဲ့သူအျဖစ္ရပ္တည္ခဲ့တဲ့အသင္းျဖစ္ပါတယ္။မန္ယူဟာပင္နယ္တီ၁၁ႀကိမ္မွာ၁၀ဂိုးရခဲ့ပါတယ္။

၂၀၁၉-၂၀ရာသီမွာမန္ယူဟာ၁၄ႀကိမ္အထိရရွိခဲ့ၿပီးသမိုင္းတစ္ေလွ်ာက္ပင္နယ္တီအမ်ားဆုံးရရွိခဲ့ပါတယ္။ဒါေပမယ့္မန္ယူဟာ၁၀ႀကိမ္ပဲဂိုးရခဲ့ပါတယ္။

တစ္ခုရွိတာကေတာ့ဆိုးလ္ရွားဟာပင္နယ္တီကေနရာခိုင္ႏႈန္းမ်ားမ်ားဂိုးလိုခ်င္တယ္ဆိုရင္ေတာ့ဘ႐ူႏိုဖာနန္ဒက္စ္ကိုဘဲေ႐ြးခ်ယ္လာမွာေတာ့ေသခ်ာေနပါတယ္။

၂၀၁၇ခုႏွစ္ေနာက္ပိုင္းမွတ္တမ္းမ်ားအရဘ႐ူႏိုဖာနန္ဒက္စ္ဟာပင္နယ္တီ၂၆ႀကိမ္ကန္သြင္းခဲ့ရာမွာ၂၅ႀကိမ္ဂိုးအျဖစ္ေျပာင္းလဲႏိုင္ၿပီးပင္နယ္တီကန္သြင္းမႈေအာင္ျမင္မႈ ၉၆.၁၅ရာခိုင္ႏႈန္းအထိရရွိထားပါတယ္။

သူဟာမန္ယူသို႔ေရာက္ၿပီးတဲ့ေနာက္ပင္နယ္တီ၂၂ႀကိမ္ကန္ခဲ့ရာမွာ၂၁ႀကိမ္ဂိုးဝင္ခဲ့ပါတယ္။သူ႔ရဲ႕မန္ယူသြင္းဂိုး၄၃ဂိုးမွ၄၉ဂိုးကပင္နယ္တီကေနသြင္းခဲ့တာပါ။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကပင္နယ္တီကေနစုစုေပါင္း၁၃ဂိုးအထိရခဲ့ပါတယ္။

သူ႔လြဲခဲ့တဲ့တစ္ႀကိမ္ကၿပီးခဲ့တဲ့ရာသီတုန္းကနယူးကာဆယ္ဂိုးသမားကားလ္ဒါေလာကကာကြယ္ခဲ့ပါတယ္။ယင္းပြဲအၿပီးသုံးရက္အၾကာမွာဘ႐ူႏိုဖာနန္ဒက္စ္ဟာပီအက္စ္ဂ်ီနဲ႔ပြဲမွာပင္နယ္တီထပ္လြဲခဲ့ေပမယ့္ဒိုင္လူႀကီးကျပန္ကန္ခိုင္းမႈနဲ႔အတူဒုတိယအႀကိမ္မွာေတာ့အမွားအယြင္းမရွိခဲ့ပါဘူး။

ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ပင္နယ္တီကန္သြင္းမႈမွတ္တမ္းကေရာ္နယ္ဒိုနဲ႔ႏႈိင္းယွဥ္ရင္အလြန္ေကာင္းမြန္ပါတယ္။

အသက္၃၆ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းကာလအတြင္းမွာပင္နယ္တီ၃၁ႀကိမ္ကန္သြင္းခဲ့ရာမွာ၂၆ႀကိမ္ပဲဂိုးဝင္ခဲ့ၿပီးေအာင္ျမင္မႈ၈၃.၈၇ရာခိုင္ႏႈန္းပဲရရွိထားပါတယ္။

သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာ၅ဂိုးသြင္းၿပီးေ႐ႊဖိနပ္ဆုဆြတ္ခူးခဲ့ရာမွာပင္နယ္တီကေန၃ႀကိမ္ဂိုးသြင္းခဲ့ပါတယ္။

သူဟာမန္ယူမွာပထမအႀကိမ္ကစားတုန္းက၁၁၈ဂိုးသြင္းယူခဲ့ရာမွာပင္နယ္တီကေန၁၇ဂိုးသြင္းယူခဲ့ပါတယ္။

ဖရီးကစ္ပိုင္းကိုၾကည့္ရင္လည္းဘ႐ူႏိုဖာနန္ဒက္စ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုထက္မ်ားစြာသာလြန္ေနပါတယ္။

ဖာနန္ဒက္စ္ဟာ၂၀၁၇ခုႏွစ္ေနာက္ပိုင္းမွာဖရီးကစ္ကန္သြင္းမႈ၅၈ႀကိမ္ျပဳလုပ္ခဲ့ရာမွာ၅ႀကိမ္(၈.၆၂ရာခိုင္ႏႈန္း)ဂိုးဝင္ခဲ့ၿပီးေရာ္နယ္ဒိုကေတာ့ဂ်ဴဗင္တပ္မွာ၄၃ႀကိမ္ကန္ခဲ့ရာမွာ၁ႀကိမ္(၁.၄၉ရာခိုင္ႏႈန္း)ဘဲဂိုးဝင္ခဲ့ပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေဘာလုံးသမားဘဝကိုျပန္ၾကည့္ရင္အလြန္ေကာင္းတဲ့ဖရီးကစ္ဂိုးေတြသြင္းခဲ့တာေၾကာင့္ဖရီးကစ္ကန္ေကာင္းတဲ့သူတစ္ေယာက္ဆိုတာျငင္းလို႔ေတာ့မရပါဘူး။

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ကေတာ့ေရာ္နယ္ဒိုကိုပင္နယ္တီဦးစားေပးကန္သြင္းသူအျဖစ္ေ႐ြးခ်ယ္ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ကိုေတာ့ဖရီးကစ္ကန္သူအျဖစ္ေ႐ြးခ်ယ္သင့္တယ္လို႔ဆိုသြားပါတယ္။

ဖာဒီနန္က “ပင္နယ္တီကန္သူေနရာကိုဘ႐ူႏိုလက္လႊတ္မယ္လို႔ထင္တယ္။ဒါေပမယ့္ဖရီးကစ္နဲ႔ေထာင့္ကန္ေဘာကန္သူအျဖစ္ေတာ့ဆက္ရွိေနပါလိမ့္မယ္။ဧရိယာဝန္းက်င္မွာရတဲ့ဖရီးကစ္ကိုေတာ့သူကန္သင့္တယ္။သူ႔မွတ္တမ္းအရဆိုသူပဲကန္သင့္ပါတယ္။ေရာ္နယ္ဒိုကေတာ့ပင္နယ္တီကန္ပါလိမ့္မယ္။ရာႏႈန္းျပည့္ေသခ်ာပါတယ္”လို႔ေျပာၾကားသြားပါတယ္။pmnews