ရော်နယ်ဒို Vs မက်ဆီပွဲကို ကမ္ဘာ့ဈေးအကြီးဆုံးလက်မှတ် ပေါင် ၂.၂ သန်းပေးပြီး ကြည့်သူတစ်ဦးရှိနေ

ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ထိပ်တိုက်တွေ့ဆုံမဲ့ဆော်ဒီအော့စတားအသင်းနှင့်ပီအက်စ်ဂျီတို့ရဲ့ခြေစမ်းပွဲစဉ်ကိုကမ္ဘာ့ဖလားဈေးအကြီးဆုံးလက်မှတ်ဈေးနှုန်းပေါင်၂.၂သန်းပေးပြီးကြည့်လာပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကြာသပတေးနေ့တွင်ဆော်ဒီအောစတားအသင်းနှင့်ပီအက်စ်ဂျီတို့ကစားမဲ့ခြေစမ်းပွဲတွင်ဆော်ဒီကလပ် Al Nassr သို့ပြောင်းပြီးနောက်ပထမဆုံးပွဲအဖြစ်ပါဝင်ကစားလာပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဒီဇင်ဘာလနှောင်းပိုင်းကတည်းက Al Nassr သို့ပြောင်းခဲ့ပေမဲ့ ကစားသမားမှတ်ပုံတင်နိုင်ခြင်းမရှိမှု၊၂ပွဲပယ်ပြစ်ဒဏ်ကျခံနေရမှုတို့ကြောင့် တစ်ပွဲမျှမကစားရသေးပါဘူး။

သူဟာဆော်ဒီမြေတွင်ပထမဆုံးကစားတဲ့ပွဲအဖြစ် Al Nassr နှင့် Al Hilal နှစ်သင်းမှ ရွေးချယ်ထားတဲ့ကစားသမားများနှင့်ပီအက်စ်ဂျီတို့ရင်ဆိုင်ကစားမဲ့ပွဲတွင်စတင်ပါဝင်ကစားလာပါမယ်။

အဆိုပါခြေစမ်းပွဲစဉ်ရဲ့VIP လက်မှတ်တစ်စောင်ကို ကြမ်းခင်းဈေးပေါင်၂၂၀၀၀ သတ်မှတ်ပြီးလေလံတင်ရောင်းချမှုပြုလုပ်ခဲ့ပါတယ်။

ယင်းလက်မှတ်ကိုအိမ်ခြံမြေလုပ်ငန်းရှင်မူရှာရက်ဘင်အာမက်အယ်ဂမ်ဒီက ပေါင်၂.၂သန်းဖြင့်လေလံအောင်သွားခဲ့ပါတယ်။

အဆိုပါVIP လက်မှတ်ကို Saudi General Entertainment Authority အကြီးအကဲတာကီအယ်ရှိတ်ကပရဟိအလှူအတွက်စီစဉ်ရောင်းချခဲ့တာဖြစ်ပြီးယင်းငွေအားလုံးကို ဆော်ဒီရဲ့Ehsan သို့လှူဒါန်းသွားပါမယ်။

အဆိုပါ VIP လက်မှတ်ကိုပေါင်၂.၂သန်းဖြင့်လေလံအောင်သွားခဲ့တာဖြစ်ပြီးယင်းလက်မှတ်ဈေးနှုန်းမှာဘောလုံးသမိုင်းတွင်ဈေးအကြီးဆုံးလက်မှတ်ဈေးနှုန်းလည်းဖြစ်နေပါတယ်။

လေလံအောင်သွားတဲ့စီးပွားရေးလုပ်ငန်းရှင်ဟာခရစ္စတီယာနိုရော်နယ်ဒို၊လီယွန်နယ်မက်ဆီ၊နေမာ၊ကိုင်လီယန်ဘက်ပေးတို့နှင့်တွေ့ဆုံစကားပြောခွင့်ရရှိပါမယ်။

ပီအက်စ်ဂျီအသင်းဟာဆော်ဒီအောစတားနှင့်ခြေစမ်းပွဲအတွက်ပေါင်၈.၇သန်းရရှိတယ်လို့ယူဆရပြီးပွဲကစားပြီးနောက်တစ်နေ့သောကြာနေ့တွင်ပဲရစ်သို့ပြန်ပါမယ်။

ZawGyi

ေရာ္နယ္ဒို Vs မက္ဆီပြဲကို ကမာၻ႔ေဈးအႀကီးဆုံးလက္မွတ္ ေပါင္ ၂.၂ သန္းေပးၿပီး ၾကည့္သူတစ္ဦးရွိေန

ေဆာ္ဒီစီးပြားေရးလုပ္ငန္းရွင္တစ္ဦးဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ထိပ္တိုက္ေတြ႕ဆုံမဲ့ေဆာ္ဒီေအာ့စတားအသင္းႏွင့္ပီအက္စ္ဂ်ီတို႔ရဲ႕ေျခစမ္းပြဲစဥ္ကိုကမာၻ႔ဖလားေဈးအႀကီးဆုံးလက္မွတ္ေဈးႏႈန္းေပါင္၂.၂သန္းေပးၿပီးၾကည့္လာပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကာသပေတးေန႔တြင္ေဆာ္ဒီေအာစတားအသင္းႏွင့္ပီအက္စ္ဂ်ီတို႔ကစားမဲ့ေျခစမ္းပြဲတြင္ေဆာ္ဒီကလပ္ Al Nassr သို႔ေျပာင္းၿပီးေနာက္ပထမဆုံးပြဲအျဖစ္ပါဝင္ကစားလာပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဒီဇင္ဘာလေႏွာင္းပိုင္းကတည္းက Al Nassr သို႔ေျပာင္းခဲ့ေပမဲ့ ကစားသမားမွတ္ပုံတင္ႏိုင္ျခင္းမရွိမႈ၊၂ပြဲပယ္ျပစ္ဒဏ္က်ခံေနရမႈတို႔ေၾကာင့္ တစ္ပြဲမွ်မကစားရေသးပါဘူး။

သူဟာေဆာ္ဒီေျမတြင္ပထမဆုံးကစားတဲ့ပြဲအျဖစ္ Al Nassr ႏွင့္ Al Hilal ႏွစ္သင္းမွ ေ႐ြးခ်ယ္ထားတဲ့ကစားသမားမ်ားႏွင့္ပီအက္စ္ဂ်ီတို႔ရင္ဆိုင္ကစားမဲ့ပြဲတြင္စတင္ပါဝင္ကစားလာပါမယ္။

အဆိုပါေျခစမ္းပြဲစဥ္ရဲ႕VIP လက္မွတ္တစ္ေစာင္ကို ၾကမ္းခင္းေဈးေပါင္၂၂၀၀၀ သတ္မွတ္ၿပီးေလလံတင္ေရာင္းခ်မႈျပဳလုပ္ခဲ့ပါတယ္။

ယင္းလက္မွတ္ကိုအိမ္ၿခံေျမလုပ္ငန္းရွင္မူရွာရက္ဘင္အာမက္အယ္ဂမ္ဒီက ေပါင္၂.၂သန္းျဖင့္ေလလံေအာင္သြားခဲ့ပါတယ္။

အဆိုပါVIP လက္မွတ္ကို Saudi General Entertainment Authority အႀကီးအကဲတာကီအယ္ရွိတ္ကပရဟိအလႉအတြက္စီစဥ္ေရာင္းခ်ခဲ့တာျဖစ္ၿပီးယင္းေငြအားလုံးကို ေဆာ္ဒီရဲ႕Ehsan သို႔လႉဒါန္းသြားပါမယ္။

အဆိုပါ VIP လက္မွတ္ကိုေပါင္၂.၂သန္းျဖင့္ေလလံေအာင္သြားခဲ့တာျဖစ္ၿပီးယင္းလက္မွတ္ေဈးႏႈန္းမွာေဘာလုံးသမိုင္းတြင္ေဈးအႀကီးဆုံးလက္မွတ္ေဈးႏႈန္းလည္းျဖစ္ေနပါတယ္။

ေလလံေအာင္သြားတဲ့စီးပြားေရးလုပ္ငန္းရွင္ဟာခရစၥတီယာႏိုေရာ္နယ္ဒို၊လီယြန္နယ္မက္ဆီ၊ေနမာ၊ကိုင္လီယန္ဘက္ေပးတို႔ႏွင့္ေတြ႕ဆုံစကားေျပာခြင့္ရရွိပါမယ္။

ပီအက္စ္ဂ်ီအသင္းဟာေဆာ္ဒီေအာစတားႏွင့္ေျခစမ္းပြဲအတြက္ေပါင္၈.၇သန္းရရွိတယ္လို႔ယူဆရၿပီးပြဲကစားၿပီးေနာက္တစ္ေန႔ေသာၾကာေန႔တြင္ပဲရစ္သို႔ျပန္ပါမယ္။