ရော်နယ်နယ်နဲ့တွဲကစားမလား? မက်ဆီနဲ့တွဲကစားမလား? ဆိုတဲ့မေးခွန်းကို ကီဗင်ဒီဘရိုင်းဖြေကြားလာ

ကီဗင်ဒီဘရိုင်းဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့နှစ်ဦးတွင်မည်သူနှင့်တွဲကစားလိုသလဲဆိုတာအကောင်းဆုံးဖြေကြားမှုပြုလုပ်လာပါတယ်။

မန်စီးတီးစူပါစတားက၎င်းမှာကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်တာနဲ့အညီ ဂိုးသွင်းကောင်းတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်သာတွဲကစားလိုကြောင်းပြောကြားသွားပါတယ်။

ဘယ်လ်ဂျီယံကွင်းလယ်ဖန်တီးရှင်က မက်ဆီမှာမူသူ့ကဲ့သို့ပင်ကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်တာကြောင့် တွဲကစားလိုခြင်းမရှိကြောင်းဆိုသွားပါတယ်။

ကီဗင်ဒီဘရိုင်းက “ရော်နယ်ဒိုကိုပဲရွေးမယ်။သူကအထောင်တိုက်စစ်မှူးတစ်ဦးလိုကစားသမားမျိုးပါ။မက်ဆီကတော့ကွင်းလယ်ဖန်တီးရှင်တစ်ဦးနဲ့ပိုတူတယ်။ကျွန်တော်ကလည်းကွင်းလယ်ဖန်တီးရှင်။ဒီတော့တိုက်စစ်မှူးတစ်ဦးပဲလိုအပ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi




