ရေးဖ်ရန်းနစ်ခ် လက်အောက်တွင် လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ခရစ်အားမက်စ်ကို လက်ထောက်နည်းပြအဖြစ် လိဒ်ခန့်အပ်

လိဒ်ယူနိုက်တက်ဟာ မန်ချက်စတာယူနိုက်တက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ခရစ်အားမက်စ်ကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်လာပါတယ်။

အမေရိကန်လူမျိုးနည်းပြဟာ ယခင်တုန်းက နယူးယောက်ရက်ဘူးလ်တွင် လိဒ်နည်းပြချုပ်ဂျက်စီမတ်ရှ်နှင့် အလုပ်တွဲလုပ်ဖူးသူဖြစ်ပြီး ဗြိတိန်အလုပ်လုပ်ခွင့် ပါမစ်ရရှိလာလျှင် လိဒ်အသင်းတွင် တာဝန်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ရေးဖ်ရန်းနစ်ခ်ရဲ့လက်အောက်တွင် ယူနိုက်တက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ယူနိုက်တက်လက်ထောက်နည်းပြဘဝက မအောင်မြင်ခဲ့ပါဘူး။

ဗြိတိန်မီဒီယာများရဲ့ဖော်ပြချက်အရ ရေးဖ်ရန်းနစ်ခ်ဟာ အားမက်စ်ကို ယူနိုက်တက်ရဲ့လေ့ကျင့်ခန်းအစီအစဉ်များအား ဦးဆောင်လုပ်ဆောင်စေခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ အားမက်စ်ရဲ့စနစ်များကို ယူနိုက်တက်စတားများ သဘောမတွေ့မှုနဲ့အတူ အဆင်မပြေမှုများ ရှိခဲ့ပါတယ်။

ဒါ့တင်မကသေးပါဘူး။ ယူနိုက်တက်စတားများဟာ အားမက်စ်ကို နောက်ကွယ်တွင် ရုပ်သံစတား ဟာသဇာတ်ကောင် Ted Lasso နှင့်တူတယ်လို့လည်း လှောင်ပြောင်ခဲ့ကြောင်း သတင်းထွက်ခဲ့ပါသေးတယ်။

ယူနိုက်တက်နည်းပြဆာအဲလက်စ်ဖာဂူဆန်မှာလည်း အမေရိကန်လက်ရွေးစင်အသင်းအတွက် ၆၆ ပွဲကစားခဲ့တဲ့ အားမက်စ်ကို ဝေဖန်ခဲ့တဲ့သူများထဲမှ တစ်ဦးတွင် အပါအဝင်ဖြစ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

အားမက်စ်ဟာ အမေရိကန်မေဂျာလိဂ်ကလပ်များဖြစ်တဲ့ ချီကာဂိုဖိုင်းယား၊ တိုရန်တိုအက်ဖ်စီ၊ နယူးယောက်ရက်ဘူးလ်တို့တွင် နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ZawGyi

ေရးဖ္ရန္းနစ္ခ္ လက္ေအာက္တြင္ လက္ေထာက္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ခရစ္အားမက္စ္ကို လက္ေထာက္နည္းျပအျဖစ္ လိဒ္ခန႔္အပ္

လိဒ္ယူႏိုက္တက္ဟာ မန္ခ်က္စတာယူႏိုက္တက္တြင္ လက္ေထာက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ခရစ္အားမက္စ္ကို လက္ေထာက္နည္းျပအျဖစ္ ခန႔္အပ္လာပါတယ္။

အေမရိကန္လူမ်ိဳးနည္းျပဟာ ယခင္တုန္းက နယူးေယာက္ရက္ဘူးလ္တြင္ လိဒ္နည္းျပခ်ဳပ္ဂ်က္စီမတ္ရွ္ႏွင့္ အလုပ္တြဲလုပ္ဖူးသူျဖစ္ၿပီး ၿဗိတိန္အလုပ္လုပ္ခြင့္ ပါမစ္ရရွိလာလွ်င္ လိဒ္အသင္းတြင္ တာဝန္ထမ္းေဆာင္သြားေတာ့မွာ ျဖစ္ပါတယ္။

သူဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ေရးဖ္ရန္းနစ္ခ္ရဲ႕လက္ေအာက္တြင္ ယူႏိုက္တက္မွာ လက္ေထာက္နည္းျပအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ယူႏိုက္တက္လက္ေထာက္နည္းျပဘဝက မေအာင္ျမင္ခဲ့ပါဘူး။

ၿဗိတိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရ ေရးဖ္ရန္းနစ္ခ္ဟာ အားမက္စ္ကို ယူႏိုက္တက္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားအား ဦးေဆာင္လုပ္ေဆာင္ေစခဲ့ေၾကာင္း သိရပါတယ္။

ဒါေပမဲ့ အားမက္စ္ရဲ႕စနစ္မ်ားကို ယူႏိုက္တက္စတားမ်ား သေဘာမေတြ႕မႈနဲ႔အတူ အဆင္မေျပမႈမ်ား ရွိခဲ့ပါတယ္။

ဒါ့တင္မကေသးပါဘူး။ ယူႏိုက္တက္စတားမ်ားဟာ အားမက္စ္ကို ေနာက္ကြယ္တြင္ ႐ုပ္သံစတား ဟာသဇာတ္ေကာင္ Ted Lasso ႏွင့္တူတယ္လို႔လည္း ေလွာင္ေျပာင္ခဲ့ေၾကာင္း သတင္းထြက္ခဲ့ပါေသးတယ္။

ယူႏိုက္တက္နည္းျပဆာအဲလက္စ္ဖာဂူဆန္မွာလည္း အေမရိကန္လက္ေ႐ြးစင္အသင္းအတြက္ ၆၆ ပြဲကစားခဲ့တဲ့ အားမက္စ္ကို ေဝဖန္ခဲ့တဲ့သူမ်ားထဲမွ တစ္ဦးတြင္ အပါအဝင္ျဖစ္ခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါတယ္။

အားမက္စ္ဟာ အေမရိကန္ေမဂ်ာလိဂ္ကလပ္မ်ားျဖစ္တဲ့ ခ်ီကာဂိုဖိုင္းယား၊ တိုရန္တိုအက္ဖ္စီ၊ နယူးေယာက္ရက္ဘူးလ္တို႔တြင္ နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။