ရဲစခန်းအတွင်းတွင် မာဆာအေမီနီ သေဆုံးသွားပြီးနောက် အီရန်လက်ရွေးစင်အသင်း သပိတ်မှောက်

အီရန်လက်ရွေးစင်အသင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီနောက်ဆုံးကစားတဲ့ ဆီနီဂေါနှင့်အိမ်ကွင်းခြေစမ်းပွဲစဉ်မတိုင်မီနိုင်ငံတော်သီချင်းသီဆိုစဉ် အသင်းရဲ့ဝတ်စုံနှင့်လိုဂိုတို့ကိုဖုံးလွှမ်းကာသပိတ်မှောက်မှုပြုလုပ်ခဲ့ကြပါတယ်။

တစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားတဲ့အဆိုပါပွဲစဉ်မှာ ရဲစခန်းတွင်အသက်၂၂နှစ်ရှိမာရှာအေမီနီကွယ်လွန်သွားခဲ့သတင်းကြောင့်ဖုံးလွှမ်းခြင်းခဲ့ရပါတယ်။

အီရန်အသင်းဟာဩစတြီးယားတွင်တံခါးပိတ်ကစားတဲ့ယင်းပွဲစဉ်တွလက်ရွေးစင်အသင်းအင်္ကျီကိုအနက်ရောင်ဂျက်ကက်ဖြင့်ဖုံးလွှမ်းထားခဲ့ကြပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်ဟာဆန္ဒပြသပိတ်မှောက်မှုများဖြစ်လာမည်စိုးရိမ်တာကြောင့်ယင်းပွဲကိုတံခါးပိတ်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ဆန္ဒပြသူများဟာတရားမျှတမှုရရှိရေးအတွက်ဆန္ဒပြသပိတ်မှောက်မှုများပြုလုပ်ပြီးကွင်းအတွင်းသို့ဝင်ရောက်ရန်ကြိုးပမ်းခဲ့ပါတယ်။

လေဗာကူဆင်ရှေ့တန်းကစားသမားဆာဒါအက်ဇ်မွန်က “အဆိုးဆုံးဖြစ်လာနိုင်တာကတော့လက်ရွေးစင်အသင်းကအထုတ်ခံရတာပါ။ဒါလည်းပြဿနာမရှိပါဘူး။အီရန်အမျိုးသမီးတွေရဲ့ခေါင်းကဆံပင်တစ်ချောင်းအတွက်ပေးဆပ်ရဲပါတယ်။ဒီဇာတ်လမ်းပယ်ဖျက်ခံရမှာမဟုတ်ပါဘူး။သူတို့လုပ်ချင်တာလုပ်နိုင်ကြတယ်။အလွယ်တကူသတ်ပစ်ခဲ့သူတွေအတွက်အရှက်ရမိတယ်။အီရန်အမျိုးသမီးတွေသက်တော်ရာကျော်ရှည်ပါစေ”လို့ အင်စတာဂရမ်ကနေရေးသားသွားပါတယ်။

အသက်၂၂နှစ်အရွယ်ရှိမာရှာအေမီနီဟာခေါင်းစည်းမဝတ်ဆင်မှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက်ရဲစခန်းတွင်သေဆုံးသွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကသူမမှာရဲစခန်းတွင်ရှိနေစဉ်နှလုံးရောဂါဖောက်ပြီးကိုမာဖြစ်ကာသေဆုံးသွားခဲ့ကြောင်းဆိုသွားပါတယ်။ဒါပေမဲ့အေမီနီနှင့်အတူဖမ်းဆီးခံရတဲ့သူများနှင့်မျက်မြင်တို့ကအေမီနီမှာရိုက်နှက်ခြင်းခံရပြီးဆေးကုသမှုမခံယူရမှုကြောင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းဆိုထားကြပါတယ်။

အေမီနီသေဆုံးသွားပြီးနောက် အီရန်နိုင်ငံအတွင်းအပါအဝင်တကမ္ဘာလုံးက အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်ပြီး တောင်းဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။

ZawGyi

ရဲစခန္းအတြင္းတြင္ မာဆာေအမီနီ ေသဆုံးသြားၿပီးေနာက္ အီရန္လက္ေ႐ြးစင္အသင္း သပိတ္ေမွာက္

အီရန္လက္ေ႐ြးစင္အသင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီေနာက္ဆုံးကစားတဲ့ ဆီနီေဂါႏွင့္အိမ္ကြင္းေျခစမ္းပြဲစဥ္မတိုင္မီႏိုင္ငံေတာ္သီခ်င္းသီဆိုစဥ္ အသင္းရဲ႕ဝတ္စုံႏွင့္လိုဂိုတို႔ကိုဖုံးလႊမ္းကာသပိတ္ေမွာက္မႈျပဳလုပ္ခဲ့ၾကပါတယ္။

တစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားတဲ့အဆိုပါပြဲစဥ္မွာ ရဲစခန္းတြင္အသက္၂၂ႏွစ္ရွိမာရွာေအမီနီကြယ္လြန္သြားခဲ့သတင္းေၾကာင့္ဖုံးလႊမ္းျခင္းခဲ့ရပါတယ္။

အီရန္အသင္းဟာဩစႀတီးယားတြင္တံခါးပိတ္ကစားတဲ့ယင္းပြဲစဥ္တြလက္ေ႐ြးစင္အသင္းအက်ႌကိုအနက္ေရာင္ဂ်က္ကက္ျဖင့္ဖုံးလႊမ္းထားခဲ့ၾကပါတယ္။

အီရန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဆႏၵျပသပိတ္ေမွာက္မႈမ်ားျဖစ္လာမည္စိုးရိမ္တာေၾကာင့္ယင္းပြဲကိုတံခါးပိတ္ကစားခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ဆႏၵျပသူမ်ားဟာတရားမွ်တမႈရရွိေရးအတြက္ဆႏၵျပသပိတ္ေမွာက္မႈမ်ားျပဳလုပ္ၿပီးကြင္းအတြင္းသို႔ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ပါတယ္။

ေလဗာကူဆင္ေရွ႕တန္းကစားသမားဆာဒါအက္ဇ္မြန္က “အဆိုးဆုံးျဖစ္လာႏိုင္တာကေတာ့လက္ေ႐ြးစင္အသင္းကအထုတ္ခံရတာပါ။ဒါလည္းျပႆနာမရွိပါဘူး။အီရန္အမ်ိဳးသမီးေတြရဲ႕ေခါင္းကဆံပင္တစ္ေခ်ာင္းအတြက္ေပးဆပ္ရဲပါတယ္။ဒီဇာတ္လမ္းပယ္ဖ်က္ခံရမွာမဟုတ္ပါဘူး။သူတို႔လုပ္ခ်င္တာလုပ္ႏိုင္ၾကတယ္။အလြယ္တကူသတ္ပစ္ခဲ့သူေတြအတြက္အရွက္ရမိတယ္။အီရန္အမ်ိဳးသမီးေတြသက္ေတာ္ရာေက်ာ္ရွည္ပါေစ”လို႔ အင္စတာဂရမ္ကေနေရးသားသြားပါတယ္။

အသက္၂၂ႏွစ္အ႐ြယ္ရွိမာရွာေအမီနီဟာေခါင္းစည္းမဝတ္ဆင္မႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးေနာက္ရဲစခန္းတြင္ေသဆုံးသြားခဲ့ပါတယ္။ရဲတပ္ဖြဲ႕ကသူမမွာရဲစခန္းတြင္ရွိေနစဥ္ႏွလုံးေရာဂါေဖာက္ၿပီးကိုမာျဖစ္ကာေသဆုံးသြားခဲ့ေၾကာင္းဆိုသြားပါတယ္။ဒါေပမဲ့ေအမီနီႏွင့္အတူဖမ္းဆီးခံရတဲ့သူမ်ားႏွင့္မ်က္ျမင္တို႔ကေအမီနီမွာ႐ိုက္ႏွက္ျခင္းခံရၿပီးေဆးကုသမႈမခံယူရမႈေၾကာင့္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္းဆိုထားၾကပါတယ္။

ေအမီနီေသဆုံးသြားၿပီးေနာက္ အီရန္ႏိုင္ငံအတြင္းအပါအဝင္တကမာၻလုံးက အမ်ိဳးသမီးအခြင့္အေရးႏွင့္ပတ္သက္ၿပီး ေတာင္းဆိုမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။