ရဲတပ်ဖွဲ့ရဲ့အကြောင်းပြချက်မရှိဘဲပစ်ခတ်မှုကြောင့် ခေါင်းကိုထိကာ အာဂျင်တီးနားလူငယ်ကစားသမားသေဆုံး

အာဂျင်တီးနားလူငယ်ကစားသမားလူးကပ်စ်ဂွန်ဇာလက်ဇ်ဟာရဲတပ်ဖွဲ့ရဲ့အကြောင်းပြချက်မဲ့သေနတ်ဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီးခေါင်းကိုကျည်ထိကာသေဆုံးသွားခဲ့ပါတယ်။

အသက်၁၇နှစ်ရှိဂွန်ဇာလက်ဇ်ဟာအာဂျင်တီးနားဒုတိယတန်းကလပ်ဘာရာကပ်စ်စင်ထရယ်တွင်ကစားနေသူဖြစ်ပြီးယခုအပတ်အစောပိုင်းတုန်းကရဲတပ်ဖွဲ့ရဲ့ပစ်ခတ်ခြင်းခံရကာသေဆုံးခဲ့တာဖြစ်ပါတယ်။

သူဟာကစားဖော်သူသုံးဦးနှင့်အတူလေ့ကျခန်းဆင်းပြီးကားဖြင့်ပြန်စဉ်ယူနီဖောင်းမဝတ်ဆင်ထားတဲ့အရပ်ဝတ်စုံဖြင့်ရဲရဲ့သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပါတယ်။

လူငယ်ကစားသမားဟာခေါင်းကိုကျည်ထိသွားခဲ့တာဖြစ်ပြီးဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပေမယ့်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

ဘာရာကပ်စ်ဟာဂွန်ဇာလက်ဇ်အတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်သုံးရက်တာ ဆိုရှယ်နှင့်အားကစားလှုပ်ရှားမှုကိုရပ်နားခဲ့ပြီးဂွန်ဇာလက်ဇ်အတွက်တရားမျှတမှုရယူရန်တောင်းဆိုထားပါတယ်။

ယင်းပစ်ခတ်မှုတွင်ပါဝင်တဲ့ရဲတပ်ဖွဲ့ဝင်သုံးဦးတို့ဟာရာထူးမှရပ်ဆိုင်းခြင်းခံထားရပြီးစုံစမ်းစစ်ဆေးမှုများနှင့်ရင်ဆိုင်နေရပါတယ်။ယင်းရဲသုံးဦးဟာအဖြစ်အပျက်ဖြစ်ပွားချိန်တွင်ရဲကားကိုအသုံးပြုသလားအတိအကျမသေးပါဘူး။

ဒေသခံများဟာလက်လွတ်စပယ်သေနတ်ဖြင့်ပစ်ခတ်မှုပြုလုပ်ခဲ့ကြတဲ့ရဲတပ်ဖွဲ့ဝင်အပေါ်အကြီးအကျယ်ဒေါသထွက်နေပြီးဆန္ဒပြလျက်ရှိကြပါတယ်။

ဂွန်ဇာလက်ရဲ့မိသားစုဝင်များကဂွန်ဇာလက်အတွက်တရားမျှတမှုရရှိရေးအတွက်တောင်းဆိုနေကြပါတယ်။

ZawGyi








