ရဲနှင့်ကျန်းမာရေးဝန်ထမ်းများ ကွင်းအတွင်း ဝင်ရောက်လာမှုကြောင့် ဘရာဇီး-အာဂျင်တီးနားပွဲ ရပ်ဆိုင်းခဲ့ရ

ဘရာဇီးနှင့်အာဂျင်တီးနားတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာပွဲအစ၆မိနစ်တွင်ပင်ရပ်ဆိုင်းခဲ့ရပါတယ်။ဘရာဇီးကျန်းမာရေးဌာနဝန်ထမ်းများဟာကွင်းအတွင်းသို့ဝင်ရောက်ကာအာဂျင်တီးနားအသင်းမှစပါးစ်ရဲ့ဂျီယိုဗာနီလိုစယ်ဆို၊ခရစ္စတီယန်ရိုမဲရိုနှင့်ဗီလာမှအီမီလီယာနိုမာတီနက်ဇ်တို့ကိုကွင်းအတွင်းမှဖယ်ရှားရန်ကွင်းအတွင်းသို့ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားရဲ့ပရီးမီးယားလိဂ်စတားများဟာဘရာဇီးရဲ့ကွာရန်တင်းစည်းမျဉ်းကိုချိုးဖောက်တဲ့အပြင်ဘရာဇီးသို့စာရွက်စာတမ်းအမှားများဖြင့်တရားမဝင်ဝင်ရောက်လာတယ်ဆိုပြီးစွပ်စွဲခြင်းခံထားရပါတယ်။

ဘရာဇီးရဲတပ်ဖွဲ့ဝင်များဟာပွဲစတင်ပြီးမိနစ်အနည်းငယ်အတွင်းတွင်ပင်ရောက်ချလာကာကစားသမားများကိုထိန်းသိမ်းပြီးပြည်နှင်ရန်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

လိုစယ်ဆို၊ရိုမဲရို၊မာတီနက်ဇ်နှင့်အီမီလီယာနိုဘူအန်ဒီယာတို့ဟာပြီးခဲ့တဲ့အပတ်တုန်းကပရီးမီးယားလိဂ်ကကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်သတ်မှတ်ခံနိုင်ငံများသို့ခရီးမသွားရန်တားမြစ်ထားတဲ့ကြားမှတောင်အမေရိကသို့ခရီးထွက်ခဲ့တာဖြစ်ပါတယ်။ဘူအန်ဒီအာမှာဆာအိုပေါ်လိုတွင်ကစားတဲ့ပွဲတွင်မပါဝင်ခဲ့ပါဘူး။

ဘရာဇီးရဲ့ကိုဗစ်စည်းမျဉ်းစည်းကမ်းအရပြီးခဲ့တဲ့၁၄ရက်အတွင်းတွင်ဗြိတိန်တွင်နေထိုင်ခဲ့သူများမှာနိုင်ငံတွင်းသို့ဝင်ရောက်လာချိန်တွင်ဟိုတယ်ကွာရန်တင်း၁၄ရက်ဝင်ရပါမယ်။

ဘရာဇီးကအဆိုပါအာဂျင်တီးနားကစားသမားတို့ဟာလူမှုဝင်ကြီးကြပ်ရေးစာရွက်စာတမ်းအထောက်အထားအပြည့်အစုံမပေးရုံသာမကအချက်အလက်အမှားများပေးခဲ့တယ်လို့စွပ်စွဲခဲ့ပါတယ်။

ဘရာဇီးကျန်းမာရေးဌာနဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကဆာအိုပေါ်လိုသို့အာဂျင်တီးနားအသင်းရောက်လာစဉ်ကတည်းကယင်းကစားသမားလေးဦးကိုစစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။၎င်းတို့အနေဖြင့်ယင်းအချိန်ကတည်းကကစားသမားများကိုထိန်းသိမ်းကာပြည်နှင်ဒဏ်ပေးလိုက်မယ်ဆိုရင်ယခုကဲ့သို့ပွဲကိုရပ်ဆိုင်းရတာမျိုးဖြစ်လာမှာမဟုတ်ပါဘူး။

ကွင်းအတွင်းသို့ရဲနှင့်ဘရာဇီးကျန်းမာရေးဝန်ထမ်းများဝင်ရောက်လာပြီးနောက်အာဂျင်တီးနားကစားသမားတို့ဟာကွင်းအတွင်းမှထွက်ခွာသွားခဲ့ပြီးမက်ဆီကကျန်ရစ်ခဲ့တာတွေ့ရပါတယ်။

မက်ဆီက ဘရာဇီးမှတာဝန်ရှိသူများအား “အဲဒါဆိုဘာလို့ပွဲကိုကစားစေပြီးပွဲကစားပြီး၅မိနစ်ကျမှရပ်စေတာလဲ။ဒီကွင်းထဲသို့ကျုပ်တို့ရောက်လာခဲ့တာတစ်နာရီလောက်ရှိပြီ။အစကတည်းကလာပြောပါလား”လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

ZawGyi

ရဲႏွင့္က်န္းမာေရးဝန္ထမ္းမ်ား ကြင္းအတြင္း ဝင္ေရာက္လာမႈေၾကာင့္ ဘရာဇီး-အာဂ်င္တီးနားပြဲ ရပ္ဆိုင္းခဲ့ရ

ဘရာဇီးႏွင့္အာဂ်င္တီးနားတို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မွာပြဲအစ၆မိနစ္တြင္ပင္ရပ္ဆိုင္းခဲ့ရပါတယ္။ဘရာဇီးက်န္းမာေရးဌာနဝန္ထမ္းမ်ားဟာကြင္းအတြင္းသို႔ဝင္ေရာက္ကာအာဂ်င္တီးနားအသင္းမွစပါးစ္ရဲ႕ဂ်ီယိုဗာနီလိုစယ္ဆို၊ခရစၥတီယန္႐ိုမဲ႐ိုႏွင့္ဗီလာမွအီမီလီယာႏိုမာတီနက္ဇ္တို႔ကိုကြင္းအတြင္းမွဖယ္ရွားရန္ကြင္းအတြင္းသို႔ဝင္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။

အာဂ်င္တီးနားရဲ႕ပရီးမီးယားလိဂ္စတားမ်ားဟာဘရာဇီးရဲ႕ကြာရန္တင္းစည္းမ်ဥ္းကိုခ်ိဳးေဖာက္တဲ့အျပင္ဘရာဇီးသို႔စာ႐ြက္စာတမ္းအမွားမ်ားျဖင့္တရားမဝင္ဝင္ေရာက္လာတယ္ဆိုၿပီးစြပ္စြဲျခင္းခံထားရပါတယ္။

ဘရာဇီးရဲတပ္ဖြဲ႕ဝင္မ်ားဟာပြဲစတင္ၿပီးမိနစ္အနည္းငယ္အတြင္းတြင္ပင္ေရာက္ခ်လာကာကစားသမားမ်ားကိုထိန္းသိမ္းၿပီးျပည္ႏွင္ရန္ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

လိုစယ္ဆို၊႐ိုမဲ႐ို၊မာတီနက္ဇ္ႏွင့္အီမီလီယာႏိုဘူအန္ဒီယာတို႔ဟာၿပီးခဲ့တဲ့အပတ္တုန္းကပရီးမီးယားလိဂ္ကကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္သတ္မွတ္ခံႏိုင္ငံမ်ားသို႔ခရီးမသြားရန္တားျမစ္ထားတဲ့ၾကားမွေတာင္အေမရိကသို႔ခရီးထြက္ခဲ့တာျဖစ္ပါတယ္။ဘူအန္ဒီအာမွာဆာအိုေပၚလိုတြင္ကစားတဲ့ပြဲတြင္မပါဝင္ခဲ့ပါဘူး။

ဘရာဇီးရဲ႕ကိုဗစ္စည္းမ်ဥ္းစည္းကမ္းအရၿပီးခဲ့တဲ့၁၄ရက္အတြင္းတြင္ၿဗိတိန္တြင္ေနထိုင္ခဲ့သူမ်ားမွာႏိုင္ငံတြင္းသို႔ဝင္ေရာက္လာခ်ိန္တြင္ဟိုတယ္ကြာရန္တင္း၁၄ရက္ဝင္ရပါမယ္။

ဘရာဇီးကအဆိုပါအာဂ်င္တီးနားကစားသမားတို႔ဟာလူမႈဝင္ႀကီးၾကပ္ေရးစာ႐ြက္စာတမ္းအေထာက္အထားအျပည့္အစုံမေပး႐ုံသာမကအခ်က္အလက္အမွားမ်ားေပးခဲ့တယ္လို႔စြပ္စြဲခဲ့ပါတယ္။

ဘရာဇီးက်န္းမာေရးဌာနဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကဆာအိုေပၚလိုသို႔အာဂ်င္တီးနားအသင္းေရာက္လာစဥ္ကတည္းကယင္းကစားသမားေလးဦးကိုစစ္ေဆးမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။၎တို႔အေနျဖင့္ယင္းအခ်ိန္ကတည္းကကစားသမားမ်ားကိုထိန္းသိမ္းကာျပည္ႏွင္ဒဏ္ေပးလိုက္မယ္ဆိုရင္ယခုကဲ့သို႔ပြဲကိုရပ္ဆိုင္းရတာမ်ိဳးျဖစ္လာမွာမဟုတ္ပါဘူး။

ကြင္းအတြင္းသို႔ရဲႏွင့္ဘရာဇီးက်န္းမာေရးဝန္ထမ္းမ်ားဝင္ေရာက္လာၿပီးေနာက္အာဂ်င္တီးနားကစားသမားတို႔ဟာကြင္းအတြင္းမွထြက္ခြာသြားခဲ့ၿပီးမက္ဆီကက်န္ရစ္ခဲ့တာေတြ႕ရပါတယ္။

မက္ဆီက ဘရာဇီးမွတာဝန္ရွိသူမ်ားအား “အဲဒါဆိုဘာလို႔ပြဲကိုကစားေစၿပီးပြဲကစားၿပီး၅မိနစ္က်မွရပ္ေစတာလဲ။ဒီကြင္းထဲသို႔က်ဳပ္တို႔ေရာက္လာခဲ့တာတစ္နာရီေလာက္ရွိၿပီ။အစကတည္းကလာေျပာပါလား”လို႔ေျပာၾကားခဲ့တာေတြ႕ရပါတယ္။