ရော်နယ်ဒို မန်ယူပြန်ရောက်လာခြင်းကိုမပျော်ရွှင်နိုင်တဲ့အီဘရာဟီမိုဗစ်

အိုးထရက်ဖို့ဒ်သို့ ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာမှုအပေါ်ဘောလုံးလောကမှလူတော်တော်များများပျော်ရွှင်လျက်ရှိကြပါတယ်။ဒါပေမယ့်စူပါစတားတစ်ဦးကတော့ပျော်နေမှာမဟုတ်ပါဘူး။ယင်းစူပါစတားကဇလာတန်အီဘရာဟီမိုဗစ်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာအေစီမီလန်မှာကစားနေတဲ့အသက်၃၉နှစ်ရှိအီဘရာဟီဗစ်ဟာမန်ယူမှာပထမအကြိမ်ခရစ္စတီယာနိုရော်နယ်ဒိုကစားစဉ်ကအခြေအနေကိုဝေဖန်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ဆွီဒင်တိုက်စစ်မှူးကခရစ္စတီယာနိုရော်နယ်ဒိုမှာရွန်းနီကြောင့်အိုးထရက်ဖို့ဒ်မှာအောင်မြင်မှုရရှိခဲ့တာဖြစ်ကြောင်းဝေဖန်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ခုနှစ်တုန်းကဘီဘီစီနှင့်အင်တာဗျူးတွင်အီဘရာဟီမိုဗစ်က “ခရစ္စတီယာနိုရော်နယ်ဒိုလုပ်ပြခဲ့တာအားလုံးကဝိန်းရွန်းနီကြောင့်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်သူ(ဝိန်းရွန်းနီ)ဘာ Credit မှမရခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ရော်နယ်ဒိုကပဲဂိုးအားလုံးသွင်းသွားခဲ့လို့ဖြစ်ပါတယ်။ကြီးကျယ်တဲ့ကစားသမားတွေမှာအအောင်မြင်ဆုံးကာလဆိုတာရှိပါတယ်။တစ်ချို့ကတစ်နှစ်ကနေသုံးနှစ်ပါ။ဒါကြောင့်ဝိန်းရွန်းနီလိုငါးနှစ်ကျော်ဆယ်နှစ်အထိလုပ်ပြဖို့ဆိုတာမလွယ်ကူလှပါဘူး။အသင်းကြီးတစ်သင်းမှာကစားရတဲ့နေ့ရက်တိုင်းကအရမ်းကိုဖိအားများပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတွင်ပထမအကြိမ်ကစားတုန်းကပရီးမီးယားလိဂ်ဖလား၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်၊လိဂ်ဖလား၂ကြိမ်တို့ဆွတ်ခူးခဲ့တဲ့အပြင်တစ်ကိုယ်ဆုများအဖြစ် Ballon d’Or နှင့်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတို့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ၂၀၁၆-၁၇ရာသီတွင်မန်ယူတွင်ဝိန်းရွန်းနီနှင့်အတူတွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

နောက်ပိုင်းတွင်လည်းရွန်းနီနှင့်တွဲကစားခဲ့ဖူးမှုနဲ့ပတ်သက်ပြီး၎င်းက “သူကအများကြီးပြေးတယ်။တိုက်တယ်။အများကြီးပေးဆပ်တယ်။ကျွန်တော်ကတော့သူ့ကိုပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတာထက် အသင်းဖော်အဖြစ်ဘဲကစားချင်တယ်။ကျွန်တော်ဟာကံဆိုးစွာဘဲသူနဲ့အကြာကြီးတွဲမကစားခဲ့ရပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာယခုညတွင်နယူးကာဆယ်နှင့်ကစားရမယ့်ပွဲစဉ်တွင်မန်ယူအတွက်ဒုတိယအကြိမ်မြောက်ပထမဆုံးပွဲအားကစားသွားပါမယ်။ဒါပေမယ့်ရော်နယ်ဒိုဟာပွဲထွက်ကစားလာဖို့မရှိဘဲအရန်အဖြစ်သာဝင်ရောက်ကစားဖို့ရှိပါတယ်။

ZawGyi

ေရာ္နယ္ဒို မန္ယူျပန္ေရာက္လာျခင္းကိုမေပ်ာ္႐ႊင္ႏိုင္တဲ့အီဘရာဟီမိုဗစ္

အိုးထရက္ဖို႔ဒ္သို႔ ခရစၥတီယာႏိုေရာ္နယ္ဒို ေရာက္လာမႈအေပၚေဘာလုံးေလာကမွလူေတာ္ေတာ္မ်ားမ်ားေပ်ာ္႐ႊင္လ်က္ရွိၾကပါတယ္။ဒါေပမယ့္စူပါစတားတစ္ဦးကေတာ့ေပ်ာ္ေနမွာမဟုတ္ပါဘူး။ယင္းစူပါစတားကဇလာတန္အီဘရာဟီမိုဗစ္ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေအစီမီလန္မွာကစားေနတဲ့အသက္၃၉ႏွစ္ရွိအီဘရာဟီဗစ္ဟာမန္ယူမွာပထမအႀကိမ္ခရစၥတီယာႏိုေရာ္နယ္ဒိုကစားစဥ္ကအေျခအေနကိုေဝဖန္ခဲ့ဖူးတဲ့သူျဖစ္ပါတယ္။ဆြီဒင္တိုက္စစ္မႉးကခရစၥတီယာႏိုေရာ္နယ္ဒိုမွာ႐ြန္းနီေၾကာင့္အိုးထရက္ဖို႔ဒ္မွာေအာင္ျမင္မႈရရွိခဲ့တာျဖစ္ေၾကာင္းေဝဖန္ခဲ့တာျဖစ္ပါတယ္။

၂၀၁၅ခုႏွစ္တုန္းကဘီဘီစီႏွင့္အင္တာဗ်ဴးတြင္အီဘရာဟီမိုဗစ္က “ခရစၥတီယာႏိုေရာ္နယ္ဒိုလုပ္ျပခဲ့တာအားလုံးကဝိန္း႐ြန္းနီေၾကာင့္ျဖစ္လာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္သူ(ဝိန္း႐ြန္းနီ)ဘာ Credit မွမရခဲ့ပါဘူး။ဘာေၾကာင့္လဲဆိုေတာ့ေရာ္နယ္ဒိုကပဲဂိုးအားလုံးသြင္းသြားခဲ့လို႔ျဖစ္ပါတယ္။ႀကီးက်ယ္တဲ့ကစားသမားေတြမွာအေအာင္ျမင္ဆုံးကာလဆိုတာရွိပါတယ္။တစ္ခ်ိဳ႕ကတစ္ႏွစ္ကေနသုံးႏွစ္ပါ။ဒါေၾကာင့္ဝိန္း႐ြန္းနီလိုငါးႏွစ္ေက်ာ္ဆယ္ႏွစ္အထိလုပ္ျပဖို႔ဆိုတာမလြယ္ကူလွပါဘူး။အသင္းႀကီးတစ္သင္းမွာကစားရတဲ့ေန႔ရက္တိုင္းကအရမ္းကိုဖိအားမ်ားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတြင္ပထမအႀကိမ္ကစားတုန္းကပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္၊လိဂ္ဖလား၂ႀကိမ္တို႔ဆြတ္ခူးခဲ့တဲ့အျပင္တစ္ကိုယ္ဆုမ်ားအျဖစ္ Ballon d’Or ႏွင့္ကမာၻ႔အေကာင္းဆုံးကစားသမားဆုတို႔ကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အီဘရာဟီမိုဗစ္ဟာ၂၀၁၆-၁၇ရာသီတြင္မန္ယူတြင္ဝိန္း႐ြန္းနီႏွင့္အတူတြဲကစားခဲ့သူလည္းျဖစ္ပါတယ္။

ေနာက္ပိုင္းတြင္လည္း႐ြန္းနီႏွင့္တြဲကစားခဲ့ဖူးမႈနဲ႔ပတ္သက္ၿပီး၎က “သူကအမ်ားႀကီးေျပးတယ္။တိုက္တယ္။အမ်ားႀကီးေပးဆပ္တယ္။ကြၽန္ေတာ္ကေတာ့သူ႔ကိုၿပိဳင္ဘက္အျဖစ္ရင္ဆိုင္ရတာထက္ အသင္းေဖာ္အျဖစ္ဘဲကစားခ်င္တယ္။ကြၽန္ေတာ္ဟာကံဆိုးစြာဘဲသူနဲ႔အၾကာႀကီးတြဲမကစားခဲ့ရပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာယခုညတြင္နယူးကာဆယ္ႏွင့္ကစားရမယ့္ပြဲစဥ္တြင္မန္ယူအတြက္ဒုတိယအႀကိမ္ေျမာက္ပထမဆုံးပြဲအားကစားသြားပါမယ္။ဒါေပမယ့္ေရာ္နယ္ဒိုဟာပြဲထြက္ကစားလာဖို႔မရွိဘဲအရန္အျဖစ္သာဝင္ေရာက္ကစားဖို႔ရွိပါတယ္။