ရွန်းနီမိသားစုက ဖုန်းဆက်လာမှာကြောက်လို့ ဆန်မာရီနိုနှင့်ပွဲတွင် ကိန်းကို လူစားလဲခဲ့ရတဲ့ ဆောက်ဂိတ်

ဂါရတ်ဆောက်ဂိတ်ကဆန်မာရီနိုနှင့်ပွဲတွင်ဟယ်ရီကိန်းကိုလူစားလဲခြင်းမပြုလုပ်ပါကဝိန်းရွန်းနီမိသားစုကသူ့ကိုဖုန်းဆက်သွယ်မှုပြုလုပ်လာလိမ့်မယ်လို့ဟာသနှောပြောကြားလာပါတယ်။

အင်္ဂလန်အသင်းဟာမနေ့ညတုန်းကဆန်မာရီနိုကို၁၀-၀ဂိုးဖြင့်အနိုင်ရရှိကာကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာယင်းပွဲတွင်လေးဂိုးသွင်းယူခဲ့ပြီးအင်္ဂလန်အတွက်စုစုပေါင်း၄၈ဂိုးရှိသွားပြီဖြစ်ကာဂယ်ရီလိုင်နီကာနှင့်အတူ အင်္ဂလန်သမိုင်းတွင်တတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။

အသက်၂၈နှစ်ရှိစပါးစ်အသင်းခေါင်းဆောင်ဟာဒုတိယနေရာမှာဆာဘော်လ်ဘီချာလ်တန်ရဲ့၄၉ဂိုးစံချိန်ကိုလိုက်မီဖို့၁ဂိုးသာလိုတော့သလို အင်္ဂလန်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ဝိန်းရွန်းနီရဲ့၅၃ဂိုးစံချိန်ကိုလည်းလိုက်မီရန်နီးကပ်လာပါတယ်။

ကိန်းဟာဆန်မာရီနိုနှင့်ပွဲတွင်ပွဲချိန်၆၃မိနစ်အထိသာကစားခဲ့ရပြီးလူစားလဲခြင်းခံခဲ့ရပါတယ်။ဆောက်ဂိတ်ကဟယ်ရီကိန်းကိုလူစားမလဲလှယ်ပါကဝိန်းရွန်းနီနှင့်အပေါင်းအပါတို့ကသူ့ကိုဖုန်းဆက်ကာရန်မူလာနိုင်တာကြောင့်လူစားလဲလှယ်ခဲ့ခြင်းဖြစ်ကြောင်းဆိုလာပါတယ်။

ဆောက်ဂိတ်က “သူ့ကိုနောက်နာရီဝက်ဆက်ကစားခိုင်းရင်ကျွန်တော်တို့ကိုဝိန်းရွန်းနီရဲ့မိသားစုကဖုန်းဆက်လာပါလိမ့်မယ်။သူ့ကအရမ်းဂိုးသွင်းကောင်းတဲ့သူတစ်ဦးပါ။ဒီညမှာသူ့ကိုအခွင့်အရေးပေးချင်တယ်။သူကလည်းအခွင့်အရေးကိုအသုံးချခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာဆန်မာရီနိုနှင့်ပွဲစဉ်တွင်၄ဂိုးသွင်းယူနိုင်ပြီးနောက်ယခုနှစ်တွင်အင်္ဂလန်အတွက်သွင်းဂိုး၁၆ဂိုးအထိရှိလာကာအင်္ဂလန်သမိုင်းတွင်တစ်နှစ်အတွင်းနိုင်ငံတကာဂိုးအများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့သလို၁၉၉၃ခုနှစ်နောက်ပိုင်းတစ်ပွဲတည်းလေးဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ZawGyi

႐ြန္းနီမိသားစုက ဖုန္းဆက္လာမွာေၾကာက္လို႔ ဆန္မာရီႏိုႏွင့္ပြဲတြင္ ကိန္းကို လူစားလဲခဲ့ရတဲ့ ေဆာက္ဂိတ္

ဂါရတ္ေဆာက္ဂိတ္ကဆန္မာရီႏိုႏွင့္ပြဲတြင္ဟယ္ရီကိန္းကိုလူစားလဲျခင္းမျပဳလုပ္ပါကဝိန္း႐ြန္းနီမိသားစုကသူ႔ကိုဖုန္းဆက္သြယ္မႈျပဳလုပ္လာလိမ့္မယ္လို႔ဟာသေႏွာေျပာၾကားလာပါတယ္။

အဂၤလန္အသင္းဟာမေန႔ညတုန္းကဆန္မာရီႏိုကို၁၀-၀ဂိုးျဖင့္အႏိုင္ရရွိကာကာတာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာယင္းပြဲတြင္ေလးဂိုးသြင္းယူခဲ့ၿပီးအဂၤလန္အတြက္စုစုေပါင္း၄၈ဂိုးရွိသြားၿပီျဖစ္ကာဂယ္ရီလိုင္နီကာႏွင့္အတူ အဂၤလန္သမိုင္းတြင္တတိယဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိစပါးစ္အသင္းေခါင္းေဆာင္ဟာဒုတိယေနရာမွာဆာေဘာ္လ္ဘီခ်ာလ္တန္ရဲ႕၄၉ဂိုးစံခ်ိန္ကိုလိုက္မီဖို႔၁ဂိုးသာလိုေတာ့သလို အဂၤလန္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ဝိန္း႐ြန္းနီရဲ႕၅၃ဂိုးစံခ်ိန္ကိုလည္းလိုက္မီရန္နီးကပ္လာပါတယ္။

ကိန္းဟာဆန္မာရီႏိုႏွင့္ပြဲတြင္ပြဲခ်ိန္၆၃မိနစ္အထိသာကစားခဲ့ရၿပီးလူစားလဲျခင္းခံခဲ့ရပါတယ္။ေဆာက္ဂိတ္ကဟယ္ရီကိန္းကိုလူစားမလဲလွယ္ပါကဝိန္း႐ြန္းနီႏွင့္အေပါင္းအပါတို႔ကသူ႔ကိုဖုန္းဆက္ကာရန္မူလာႏိုင္တာေၾကာင့္လူစားလဲလွယ္ခဲ့ျခင္းျဖစ္ေၾကာင္းဆိုလာပါတယ္။

ေဆာက္ဂိတ္က “သူ႔ကိုေနာက္နာရီဝက္ဆက္ကစားခိုင္းရင္ကြၽန္ေတာ္တို႔ကိုဝိန္း႐ြန္းနီရဲ႕မိသားစုကဖုန္းဆက္လာပါလိမ့္မယ္။သူ႔ကအရမ္းဂိုးသြင္းေကာင္းတဲ့သူတစ္ဦးပါ။ဒီညမွာသူ႔ကိုအခြင့္အေရးေပးခ်င္တယ္။သူကလည္းအခြင့္အေရးကိုအသုံးခ်ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဟယ္ရီကိန္းဟာဆန္မာရီႏိုႏွင့္ပြဲစဥ္တြင္၄ဂိုးသြင္းယူႏိုင္ၿပီးေနာက္ယခုႏွစ္တြင္အဂၤလန္အတြက္သြင္းဂိုး၁၆ဂိုးအထိရွိလာကာအဂၤလန္သမိုင္းတြင္တစ္ႏွစ္အတြင္းႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ကစားသမားအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ခဲ့သလို၁၉၉၃ခုႏွစ္ေနာက္ပိုင္းတစ္ပြဲတည္းေလးဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။