ရွန်းနီရဲ့ဂိုးစံချိန်ကိုလိုက်မီရေးအတွက် ဆန်မာရီနိုနှင့်ပွဲတွင် ပွဲထွက်ခွင့်ပေးရန် ဆောက်ဂိတ်ကို ကိန်းတောင်းဆို

ဟယ်ရီကိန်းဟာဝိန်းရွန်းနီရဲ့အင်္ဂလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကိုလိုက်မီရေးအခွင့်အရေးရရှိရန်အတွက်ယနေ့ညအသင်းငယ်လေးဆန်မာရီနိုနှင့်ပွဲစဉ်တွင်ပွဲထွက်ကစားခွင့်ပေးရန်အင်္ဂလန်နည်းပြဆောက်ဂိတ်ကိုတောင်းဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာသောကြာနေ့ညတုန်းကအယ်ဘေးနီးယားနှင့်ပွဲစဉ်တွင်ဟက်ထရစ်သွင်းယူနိုင်ခဲ့မှုနှင့်အတူအင်္ဂလန်အသင်းအတွက်သွင်းဂိုး၄၄ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိစပါးစ်အသင်းခေါင်းဆောင်ဟာအင်္ဂလန်အတွက်ပြိုင်ပွဲဂိုး၃၉ဂိုးအထိရှိလာပြီဖြစ်ကာရွန်းနီရဲ့ပြိုင်ပွဲဂိုး၃၇ဂိုးစံချိန်ကိုရိုက်ချိုးထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိအချိန်တွင်ဝိန်းရွန်းနီဟာ၅၃ဂိုးဖြင့်အင်္ဂလန်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ဒါပေမယ့်ကိန်းဟာဒုတိယနေရာမှဂယ်ရီလိုင်နီကာ(၄၈ဂိုး)၊ဘော်လ်ဘီချာလ်တန်(၄၉ဂိုး)တို့ကိုလိုက်မီရန်နီးစပ်နေပါပြီ။

ဆန်မာရီနို၊အန်ဒိုရာတို့နှင့်ယခင်ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲတွင်ပွဲထွက်ခွင့်မရခဲ့တဲ့ကိန်းဟာယနေ့ညပွဲတွင်ပွဲထွက်ခွင့်ပေးရန်ဆောက်ဂိတ်ကိုတောင်းဆိုထားပါတယ်။

ဆောက်ဂိတ်က “ဒီပွဲတွေမှာကစားခွင့်မရခဲ့ဘူးလို့ပြောပါတယ်။သူအရမ်းကစားချင်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာဆန်မာရီနိုနှင့်ပွဲတွင်အနည်းဆုံး၁ဂိုးသွင်းယူနိုင်ပါက၂၀၂၁ခုနှစ်အတွင်းနိုင်ငံတကာသွင်းဂိုး၁၃ဂိုးဖြစ်လာမှာဖြစ်ပြီးအင်္ဂလန်သမိုင်းတွင်တစ်နှစ်အတွင်းနိုင်ငံအတွက်သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ပါမယ်။

ဆောက်ဂိတ်ဟာအာဆင်နယ်ဂိုးသမားရမ်ဒေးလ်ကိုပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုသွားဖို့ရှိနေပြီးအလက်ဇန္ဒားအာနိုး၊ကွာဒီ၊မင်၊ချဲလ်ဝဲလ်၊ဘယ်လင်ဂမ်၊ဖီးလစ်၊ဖိုဒန်၊ဆာကာ၊ကိန်းနှင့်စမစ်ရိုးတို့ကိုအသုံးပြုသွားဖို့ရှိနေပါတယ်။

ZawGyi

႐ြန္းနီရဲ႕ဂိုးစံခ်ိန္ကိုလိုက္မီေရးအတြက္ ဆန္မာရီႏိုႏွင့္ပြဲတြင္ ပြဲထြက္ခြင့္ေပးရန္ ေဆာက္ဂိတ္ကို ကိန္းေတာင္းဆို

ဟယ္ရီကိန္းဟာဝိန္း႐ြန္းနီရဲ႕အဂၤလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ကိုလိုက္မီေရးအခြင့္အေရးရရွိရန္အတြက္ယေန႔ညအသင္းငယ္ေလးဆန္မာရီႏိုႏွင့္ပြဲစဥ္တြင္ပြဲထြက္ကစားခြင့္ေပးရန္အဂၤလန္နည္းျပေဆာက္ဂိတ္ကိုေတာင္းဆိုလိုက္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာေသာၾကာေန႔ညတုန္းကအယ္ေဘးနီးယားႏွင့္ပြဲစဥ္တြင္ဟက္ထရစ္သြင္းယူႏိုင္ခဲ့မႈႏွင့္အတူအဂၤလန္အသင္းအတြက္သြင္းဂိုး၄၄ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိစပါးစ္အသင္းေခါင္းေဆာင္ဟာအဂၤလန္အတြက္ၿပိဳင္ပြဲဂိုး၃၉ဂိုးအထိရွိလာၿပီျဖစ္ကာ႐ြန္းနီရဲ႕ၿပိဳင္ပြဲဂိုး၃၇ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးထားၿပီးျဖစ္ပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္တြင္ဝိန္း႐ြန္းနီဟာ၅၃ဂိုးျဖင့္အဂၤလန္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနဆဲျဖစ္ပါတယ္။ဒါေပမယ့္ကိန္းဟာဒုတိယေနရာမွဂယ္ရီလိုင္နီကာ(၄၈ဂိုး)၊ေဘာ္လ္ဘီခ်ာလ္တန္(၄၉ဂိုး)တို႔ကိုလိုက္မီရန္နီးစပ္ေနပါၿပီ။

ဆန္မာရီႏို၊အန္ဒိုရာတို႔ႏွင့္ယခင္ကမာၻ႔ဖလားေျခစစ္ပြဲသုံးပြဲတြင္ပြဲထြက္ခြင့္မရခဲ့တဲ့ကိန္းဟာယေန႔ညပြဲတြင္ပြဲထြက္ခြင့္ေပးရန္ေဆာက္ဂိတ္ကိုေတာင္းဆိုထားပါတယ္။

ေဆာက္ဂိတ္က “ဒီပြဲေတြမွာကစားခြင့္မရခဲ့ဘူးလို႔ေျပာပါတယ္။သူအရမ္းကစားခ်င္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီကိန္းဟာဆန္မာရီႏိုႏွင့္ပြဲတြင္အနည္းဆုံး၁ဂိုးသြင္းယူႏိုင္ပါက၂၀၂၁ခုႏွစ္အတြင္းႏိုင္ငံတကာသြင္းဂိုး၁၃ဂိုးျဖစ္လာမွာျဖစ္ၿပီးအဂၤလန္သမိုင္းတြင္တစ္ႏွစ္အတြင္းႏိုင္ငံအတြက္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ပါမယ္။

ေဆာက္ဂိတ္ဟာအာဆင္နယ္ဂိုးသမားရမ္ေဒးလ္ကိုပြဲထြက္ဂိုးသမားအျဖစ္အသုံးျပဳသြားဖို႔ရွိေနၿပီးအလက္ဇႏၵားအာႏိုး၊ကြာဒီ၊မင္၊ခ်ဲလ္ဝဲလ္၊ဘယ္လင္ဂမ္၊ဖီးလစ္၊ဖိုဒန္၊ဆာကာ၊ကိန္းႏွင့္စမစ္႐ိုးတို႔ကိုအသုံးျပဳသြားဖို႔ရွိေနပါတယ္။