ရွန်းနီရဲ့လက်စွဲတော် အသက် ၁၆နှစ်ရှိပါရမီရှင်တောင်ပံကစားသမားကို ခေါ်ယူနိုင်တော့မယ့် လီဗာပူး

လီဗာပူးဟာယခုအပတ်အတွင်းမှာဒါဘီကောင်တီမှပါရမီရှင်တောင်ပံကစားသမားကိုင်ဒီဂေါ်ဒွန်အားခေါ်ယူရေး အပြီးသတ်လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၁၆နှစ်သာရှိသေးပေမယ့်ဂေါ်ဒွန်ဟာဝိန်းရွန်းနီကိုင်တွယ်နေတဲ့ဒါဘီကောင်တီပထမအသင်းမှာရွေးချယ်ခံ ထားရသူဖြစ်ပြီးပရော်ဖက်ရှင်နယ်စာချုပ်မချုပ်ဆိုရသေးပါဘူး။

လီဗာပူးဟာဂေါ်ဒွန်ကိုခေါ်ယူရေးအတွက်ဒါဘီကောင်တီနှင့်ဆွေးနွေးနေကာယခုရက်ပိုင်းအတွင်းတွင်ပေါင်၃သန်း အပြင်ပေါင်၁သန်းထပ်မံပေးရမယ့်အချက်ဖြင့်ခေါ်ယူလာဖို့ရှိပါတယ်။

ဂေါ်ဒွန်ဟာဒီဇင်ဘာလတုန်းကဘာမင်ဂမ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလူစားဝင်ရောက်ကစားခွင့်ရရှိပြီးနောက်ဒါ ဘီသမိုင်းတွင်စတုတ္ထအသက်အငယ်ဆုံးပွဲကစားခွင့်ရရှိသူဖြစ်လာပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကဒါဘီရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးသူ့ကိုခေါ်ယူရေး စပါးစ်ကလည်းလုပ်ဆောင်ခဲ့ပါတယ်။

အင်္ဂလန်ယူ-၁၆လက်ရွေးစင်ဟာဥရောပမှယူ-၁၆ကစားသမားများထဲတွင်အကောင်းဆုံးတောင်ပံကစားသမား များထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။

ဝိန်ရွန်းနီက “ကိုင်ဒီကစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကစားသမားတစ်ဦးပါ။သူ့မှာအလားအလာတွေအများကြီးရှိပါ တယ်။သူကအကယ်ဒမီကထွက်လာတာ။အသက်၁၆နှစ်ရှိဘဲရှိသေးတယ်။တိုးတက်အောင်အများကြီးလုပ်လို့ရ သေးတယ်။ဒီနေရာကသူ့အတွက်အသင့်တော်ဆုံးနေရာပါ။ကျွန်တော်တို့အနေနဲ့ဒီကလပ်မှာကျွန်တော်တို့လုပ်ဆောင်နေတာ နဲ့ပတ်သက်ပြီးအားလုံးကိုထိန်းချုပ်နိုင်ပေမယ့်အခြားကလပ်တွေကကမ်းလှမ်းမှုကိုတော့မထိန်း ထားနိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါဘီဟာအသင်းပိုင်ရှင်သစ်ထံသို့ လွဲပြောင်းရေးရွှေ့ဆိုင်းထားရမှုနဲ့အတူငွေကြေးလိုအပ်ချက်များရှိနေရာဂေါ်ဒွန်ကို ရောင်းချဖို့ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi

႐ြန္းနီရဲ႕လက္စြဲေတာ္ အသက္ ၁၆ႏွစ္ရွိပါရမီရွင္ေတာင္ပံကစားသမားကို ေခၚယူႏိုင္ေတာ့မယ့္ လီဗာပူး

လီဗာပူးဟာယခုအပတ္အတြင္းမွာဒါဘီေကာင္တီမွပါရမီရွင္ေတာင္ပံကစားသမားကိုင္ဒီေဂၚဒြန္အားေခၚယူေရး အၿပီးသတ္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၁၆ႏွစ္သာရွိေသးေပမယ့္ေဂၚဒြန္ဟာဝိန္း႐ြန္းနီကိုင္တြယ္ေနတဲ့ဒါဘီေကာင္တီပထမအသင္းမွာေ႐ြးခ်ယ္ခံ ထားရသူျဖစ္ၿပီးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္မခ်ဳပ္ဆိုရေသးပါဘူး။

လီဗာပူးဟာေဂၚဒြန္ကိုေခၚယူေရးအတြက္ဒါဘီေကာင္တီႏွင့္ေဆြးေႏြးေနကာယခုရက္ပိုင္းအတြင္းတြင္ေပါင္၃သန္း အျပင္ေပါင္၁သန္းထပ္မံေပးရမယ့္အခ်က္ျဖင့္ေခၚယူလာဖို႔ရွိပါတယ္။

ေဂၚဒြန္ဟာဒီဇင္ဘာလတုန္းကဘာမင္ဂမ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလူစားဝင္ေရာက္ကစားခြင့္ရရွိၿပီးေနာက္ဒါ ဘီသမိုင္းတြင္စတုတၳအသက္အငယ္ဆုံးပြဲကစားခြင့္ရရွိသူျဖစ္လာပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဒါဘီရဲ႕အေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးသူ႔ကိုေခၚယူေရး စပါးစ္ကလည္းလုပ္ေဆာင္ခဲ့ပါတယ္။

အဂၤလန္ယူ-၁၆လက္ေ႐ြးစင္ဟာဥေရာပမွယူ-၁၆ကစားသမားမ်ားထဲတြင္အေကာင္းဆုံးေတာင္ပံကစားသမား မ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရပါတယ္။

ဝိန္႐ြန္းနီက “ကိုင္ဒီကစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ကစားသမားတစ္ဦးပါ။သူ႔မွာအလားအလာေတြအမ်ားႀကီးရွိပါ တယ္။သူကအကယ္ဒမီကထြက္လာတာ။အသက္၁၆ႏွစ္ရွိဘဲရွိေသးတယ္။တိုးတက္ေအာင္အမ်ားႀကီးလုပ္လို႔ရ ေသးတယ္။ဒီေနရာကသူ႔အတြက္အသင့္ေတာ္ဆုံးေနရာပါ။ကြၽန္ေတာ္တို႔အေနနဲ႔ဒီကလပ္မွာကြၽန္ေတာ္တို႔လုပ္ေဆာင္ေနတာ နဲ႔ပတ္သက္ၿပီးအားလုံးကိုထိန္းခ်ဳပ္ႏိုင္ေပမယ့္အျခားကလပ္ေတြကကမ္းလွမ္းမႈကိုေတာ့မထိန္း ထားႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါဘီဟာအသင္းပိုင္ရွင္သစ္ထံသို႔ လြဲေျပာင္းေရးေ႐ႊ႕ဆိုင္းထားရမႈနဲ႔အတူေငြေၾကးလိုအပ္ခ်က္မ်ားရွိေနရာေဂၚဒြန္ကို ေရာင္းခ်ဖို႔ဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။