ရွန်းနီလက်သစ်ကို ခေါ်ယူရန် ယူနိုက်တက်အား မိုက်ကယ်အိုဝင်တိုက်တွန်း

မိုက်ကယ်အိုဝင်ကမန်ချက်စတာယူနိုက်တက်အနေဖြင့် ဝိန်းရွန်းနီလက်သစ်တစ်ဦးကိုခေါ်ယူကာအနာဂတ်အတွက်ပြင်ဆင်သင့်ပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

 

မန်ချက်စတာယူနိုက်တက်ဟာအဲရစ်တန်ဟက်လက်ထက်တွင်ရလဒ်ပိုင်းတည်ငြိမ်လာခဲ့ပြီးဝက်စ်ဟမ်းကိုအနိုင်ရရှိပြီးနောက် နောက်ဆုံး၈ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရရှိထားကာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာတွင်ရပ်တည်နေပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒို အကောင်းဆုံးပုံစံမရရှိမှု၊မာရှယ်ဒဏ်ရာကြောင့်နားရမှုတို့ကြုံရပေမဲ့လည်း ရလဒ်ကောင်းရယူနေတာဖြစ်ပါတယ်။

ဒါပေမဲ့မိုက်ကယ်အိုဝင်က ယူနိုက်တက်အနေဖြင့်ဝိန်းရွန်းနီလက်သစ်ခေါ်ယူအားဖြည့်ရန်လိုအပ်နေကြောင်းဆိုလာပါတယ်။

အိုဝင်က “တကယ်လို့ခင်ဗျားသာမန်ချက်စတာယူနိုက်တက်မှာရှိနေတယ်ဆိုရင် ဝိန်းရွန်းနီလက်သစ်ရှာကိုရှာရပါမယ်။အသက်၁၈နှစ်၊၁၉နှစ်နဲ့အသက်၂၀နှစ်အရွယ်ပါ။အဲဒီလိုကစားသမားကိုခေါ်ယူမယ်ဆိုရင်ငွေပုံပေးရမယ်။အားဖြည့်လိုက်နိုင်ပြီဆိုရင်နောက်ဆယ်စုနှစ်တစ်ခုစိတ်ချရသွားပြီ။အခုအချိန်မှာဘယ်သူမှအဲဒီနေရာမှာအကောင်းဆုံးမလုပ်ပြနိုင်သေးဘူး။သူတို့ဟာရော်နယ်ဒို၊ကက်စ်မီရိုတို့လိုကစားသမားတွေကိုခေါ်ခဲ့တယ်။ဒါပေမဲ့သူတို့ကိုကာလတိုအတွင်းမှာအစားထိုးရဦးမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မိုက်ကယ်အိုဝင်က ဆက်တိုက်အကောင်းဆုံးပုံစံဖြင့်ကစားနိုင်ရန်ရုန်းကန်နေရတဲ့မာရှယ်နေရာတွင်အစားထိုးရန်လည်းကစားသမားသစ်ရှာဖွေသင့်ကြောင်းဆိုသွားပါတယ်။

မာရှယ်ဟာနွေရာသီတုန်းကရာသီကြိုခြေစမ်းပွဲများတွင်ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့လည်း ဒဏ်ရာပြဿနာကြောင့်လေးပွဲတည်းသာကစားထားနိုင်ပါတယ်။

ZawGyi

႐ြန္းနီလက္သစ္ကို ေခၚယူရန္ ယူႏိုက္တက္အား မိုက္ကယ္အိုဝင္တိုက္တြန္း

မိုက္ကယ္အိုဝင္ကမန္ခ်က္စတာယူႏိုက္တက္အေနျဖင့္ ဝိန္း႐ြန္းနီလက္သစ္တစ္ဦးကိုေခၚယူကာအနာဂတ္အတြက္ျပင္ဆင္သင့္ၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာအဲရစ္တန္ဟက္လက္ထက္တြင္ရလဒ္ပိုင္းတည္ၿငိမ္လာခဲ့ၿပီးဝက္စ္ဟမ္းကိုအႏိုင္ရရွိၿပီးေနာက္ ေနာက္ဆုံး၈ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရရွိထားကာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာတြင္ရပ္တည္ေနပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒို အေကာင္းဆုံးပုံစံမရရွိမႈ၊မာရွယ္ဒဏ္ရာေၾကာင့္နားရမႈတို႔ႀကဳံရေပမဲ့လည္း ရလဒ္ေကာင္းရယူေနတာျဖစ္ပါတယ္။

ဒါေပမဲ့မိုက္ကယ္အိုဝင္က ယူႏိုက္တက္အေနျဖင့္ဝိန္း႐ြန္းနီလက္သစ္ေခၚယူအားျဖည့္ရန္လိုအပ္ေနေၾကာင္းဆိုလာပါတယ္။

အိုဝင္က “တကယ္လို႔ခင္ဗ်ားသာမန္ခ်က္စတာယူႏိုက္တက္မွာရွိေနတယ္ဆိုရင္ ဝိန္း႐ြန္းနီလက္သစ္ရွာကိုရွာရပါမယ္။အသက္၁၈ႏွစ္၊၁၉ႏွစ္နဲ႔အသက္၂၀ႏွစ္အ႐ြယ္ပါ။အဲဒီလိုကစားသမားကိုေခၚယူမယ္ဆိုရင္ေငြပုံေပးရမယ္။အားျဖည့္လိုက္ႏိုင္ၿပီဆိုရင္ေနာက္ဆယ္စုႏွစ္တစ္ခုစိတ္ခ်ရသြားၿပီ။အခုအခ်ိန္မွာဘယ္သူမွအဲဒီေနရာမွာအေကာင္းဆုံးမလုပ္ျပႏိုင္ေသးဘူး။သူတို႔ဟာေရာ္နယ္ဒို၊ကက္စ္မီ႐ိုတို႔လိုကစားသမားေတြကိုေခၚခဲ့တယ္။ဒါေပမဲ့သူတို႔ကိုကာလတိုအတြင္းမွာအစားထိုးရဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္မိုက္ကယ္အိုဝင္က ဆက္တိုက္အေကာင္းဆုံးပုံစံျဖင့္ကစားႏိုင္ရန္႐ုန္းကန္ေနရတဲ့မာရွယ္ေနရာတြင္အစားထိုးရန္လည္းကစားသမားသစ္ရွာေဖြသင့္ေၾကာင္းဆိုသြားပါတယ္။

မာရွယ္ဟာေႏြရာသီတုန္းကရာသီႀကိဳေျခစမ္းပြဲမ်ားတြင္ေျခစြမ္းျပကစားႏိုင္ခဲ့ေပမဲ့လည္း ဒဏ္ရာျပႆနာေၾကာင့္ေလးပြဲတည္းသာကစားထားႏိုင္ပါတယ္။