ရွိုင်ကိန်းရဲ့Aston Martin DB7 ကို ဝယ်ယူသူ မန်ယူဂန္ထဝင်အသင်း လက်မှတ်ထိုးထားတဲ့ အင်္ကျီရရှိမည်

ရွိုင်ကိန်းရဲ့Aston Martin ကားဟောင်းကိုအရောင်းစာရင်းတင်လာပြီဖြစ်ပါတယ်။ယင်း Aston Martin ကားဟောင်းကိုဝယ်ယူတဲ့သူဟာလက်မှတ်ပါဝင်တဲ့မန်ယူအသင်းအင်္ကျီတစ်ထည် လည်းအပိုလက်ဆောင်အဖြစ်ရရှိပါမယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းဟာ၁၉၉၉ခုနှစ်တုန်းကပရီးမီးယားလိဂ်ဖလား၊ချန်ပီယံလိဂ်ဖလား၊အက်ဖ်အေဖလားတို့ဆွတ်ခူးပြီးနောက်ဖလားသုံးလုံးဆွတ်ခူးနိုင်တဲ့အထိမ်းအမှတ်အဖြစ် ရွှေရောင်သုတ်ထားတဲ့ DB7 ကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။

ယခု၂၂နှစ်ကြာမြင့်တဲ့အချိန်မှာ AutoTrader ကပေါင်၂၉၅၀၀ဖြင့်အရောင်းစာရင်းတင်လာခဲ့ပြီဖြစ်ပါတယ်။

ယင်းကားကိုဝယ်ယူတဲ့သူဟာ၁၉၉၉ခုနှစ်ဖလားသုံးလုံးရရှိတဲ့အသင်းမှာပါဝင်တဲ့နည်းပြဖာဂူဆန်အပါအဝင်တစ်သင်းလုံးရဲ့လက်မှတ်ပါဝင်တဲ့၁၉၉၉ခုနှစ်မန်ယူအသင်းအင်္ကျီတစ်ထည်လည်း လက်ဆောင်ရရှိပါမယ်။

ZawGyi




