ရွှေဖိနပ်ဆု၊ Playmakerဆုတို့ဖြင့် ရာသီသိမ်းနိုင်ခဲ့တဲ့ စပါးစ်စတားဟယ်ရီကိန်း

ဟယ်ရီကိန်းဟာကစားသမားဘဝတစ်လျှောက်ဆုဖလားတစ်ကြိမ်တစ်ခါမျှမရရှိခဲ့ဖူးတာကြောင့်လာမယ့်နွေရာသီမှာစပါးစ်မှထွက်ခွာပြီးဆုဖလားအတွက်စိန်ခေါ်နိုင်တဲ့ထိပ်သီးကလပ်တစ်ခုသို့ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။

ဒါပေမယ့်ဟယ်ရီကိန်းဟာ၂၀၂၀-၂၁ဘောလုံးရာသီကိုဆုလက်မဲ့ဖြင့်တော့အဆုံးမသတ်ခဲ့ပါဘူး။သူဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဘောလုံးရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာနဲ့အညီပရီးမီးယားလိဂ်ရွှေဖိနပ်ဆုနှင့် Playmaker ဆုတို့ကိုဆွတ်ခူးပြီးရာသီသိမ်းနိုင်ခဲ့ပါတယ်။

အသက်၂၇နှစ်ရှိအင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟာရာသီသိမ်းပွဲဖြစ်တဲ့လက်စတာကို၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပြီးယခုရာသီပရီးမီးယားလိဂ်သွင်းဂိုး၂၃ဂိုးဖြင့်ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဟယ်ရီကိန်းဟာဂါရတ်ဘေးလ်ဂိုးသွင်းနိုင်အောင်လည်းဖန်တီးပေးနိုင်ခဲ့ပြီးယခုရာသီမှာပရီးမီးယားလိဂ်မှာဖန်တီးမှု၁၄ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့ကာ ဖန်တီးမှုအများဆုံးဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကိန်းဟာလက်စတာနှင့်ပွဲစဉ်အပြီးမှာဆုနှစ်ခုလုံးကိုလက်ခံရယူခဲ့ပါတယ်။

လီဗာပူးစတားမိုဟာမက်ဆာလက်ဟာခရစ္စတယ်ပဲလေ့စ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုးမသွင်းနိုင်ခဲ့မှုကြောင့်၂၂ဂိုးဖြင့်ဒုတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။Playmaker ဆုရဲ့ဒုတိယနေရာတွင်မန်ယူရဲ့ဘရူနိုဖာနန်ဒက်စ်က၁၂ကြိမ်ဖြင့်ရပ်တည်နိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာရွှေဖိနပ်ဆုကိုတတိယအကြိမ်မြောက်အဖြစ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး၂၀၁၆-၁၇ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာပါ။

ဟယ်ရီကိန်းဟာအလန်ရှီးယား၊သီယာရီဟင်နရီတို့နှင့်အတူရွှေဖိနပ်ဆုကိုသုံးကြိမ်နှင့်အထက်ဆွတ်ခူးနိုင်တဲ့တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ZawGyi

ေ႐ႊဖိနပ္ဆု၊ Playmakerဆုတို႔ျဖင့္ ရာသီသိမ္းႏိုင္ခဲ့တဲ့ စပါးစ္စတားဟယ္ရီကိန္း

ဟယ္ရီကိန္းဟာကစားသမားဘဝတစ္ေလွ်ာက္ဆုဖလားတစ္ႀကိမ္တစ္ခါမွ်မရရွိခဲ့ဖူးတာေၾကာင့္လာမယ့္ေႏြရာသီမွာစပါးစ္မွထြက္ခြာၿပီးဆုဖလားအတြက္စိန္ေခၚႏိုင္တဲ့ထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းေ႐ႊ႕ဖို႔လုပ္ေနပါတယ္။

ဒါေပမယ့္ဟယ္ရီကိန္းဟာ၂၀၂၀-၂၁ေဘာလုံးရာသီကိုဆုလက္မဲ့ျဖင့္ေတာ့အဆုံးမသတ္ခဲ့ပါဘူး။သူဟာစိတ္လႈပ္ရွားစရာေကာင္းတဲ့ေဘာလုံးရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခဲ့တာနဲ႔အညီပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုႏွင့္ Playmaker ဆုတို႔ကိုဆြတ္ခူးၿပီးရာသီသိမ္းႏိုင္ခဲ့ပါတယ္။

အသက္၂၇ႏွစ္ရွိအဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟာရာသီသိမ္းပြဲျဖစ္တဲ့လက္စတာကို၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့ၿပီးယခုရာသီပရီးမီးယားလိဂ္သြင္းဂိုး၂၃ဂိုးျဖင့္ေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ဟယ္ရီကိန္းဟာဂါရတ္ေဘးလ္ဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးေပးႏိုင္ခဲ့ၿပီးယခုရာသီမွာပရီးမီးယားလိဂ္မွာဖန္တီးမႈ၁၄ႀကိမ္အထိျပဳလုပ္ထားႏိုင္ခဲ့ကာ ဖန္တီးမႈအမ်ားဆုံးဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ကိန္းဟာလက္စတာႏွင့္ပြဲစဥ္အၿပီးမွာဆုႏွစ္ခုလုံးကိုလက္ခံရယူခဲ့ပါတယ္။

လီဗာပူးစတားမိုဟာမက္ဆာလက္ဟာခရစၥတယ္ပဲေလ့စ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုးမသြင္းႏိုင္ခဲ့မႈေၾကာင့္၂၂ဂိုးျဖင့္ဒုတိယေနရာမွာသာရပ္တည္ႏိုင္ခဲ့ပါတယ္။Playmaker ဆုရဲ႕ဒုတိယေနရာတြင္မန္ယူရဲ႕ဘ႐ူႏိုဖာနန္ဒက္စ္က၁၂ႀကိမ္ျဖင့္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာေ႐ႊဖိနပ္ဆုကိုတတိယအႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး၂၀၁၆-၁၇ရာသီေနာက္ပိုင္းပထမဆုံးအႀကိမ္ဆြတ္ခူးႏိုင္ခဲ့တာပါ။

ဟယ္ရီကိန္းဟာအလန္ရွီးယား၊သီယာရီဟင္နရီတို႔ႏွင့္အတူေ႐ႊဖိနပ္ဆုကိုသုံးႀကိမ္ႏွင့္အထက္ဆြတ္ခူးႏိုင္တဲ့တတိယေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။