
ခရစ္စတိုဖာအန်ကန်ကူဟာရှက်တာဒိုးနက်စ်ကိုအနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူပြီးနောက်အထူးဆန်းဆုံးဂိုးသွင်းအောင်ပွဲခံမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။သူဟာပူပေါင်းတစ်လုံးကိုလေမှုတ်ပြီးအောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။
လိုက်ဇစ်တိုက်စစ်သမားဟာဗုဒ္ဓဟူးနေ့ညတုန်းက၄-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်လိုက်ဇစ်အတွက်အဖွင့်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
ခရစ္စတိုဖာအန်ကန်ကူဟာအဖွင့်ဂိုးသွင်းယူပြီးနောက် ခြေအိတ်တွင်တပါတည်းယူဆောင်လာတဲ့ပူပေါင်းနီတစ်လုံးကိုထုတ်ပြီးလေမှုတ်ပြီးအောင်ပွဲခံခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်သမားဟာယင်းပူပေါင်းအနီကိုခြေအိတ်ထဲသို့ပင်ပြန်ထည့်သွင်းခဲ့ပါတယ်။
လိုက်ဇစ်ဟာမနေ့ညတုန်းကရှက်တာဒိုးနက်စ်နှင့်ပွဲတွင် ခရစ္စတိုဖာအန်ကန်ကူ၊အင်ဒရေဆေးလ်ဗား၊ဒိုမီနစ်ဆိုဘိုလိုင်၊ဘွန်ဒါ(OG)တို့ရဲ့ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ခရစ္စတိုဖာအန်ကန်ကူဟာလာမယ့်နွေရာသီတွင်ချဲလ်ဆီးသို့ပြောင်းရွှေ့ကစားရန်ဆေးစစ်ဆေးမှုပြုလုပ်ထားပြီးဖြစ်ကြောင်းလည်းသတင်းထွက်ထားသူဖြစ်ပါတယ်။
ZawGyi
ရှက်တာဒိုးနက်စ်ကို အနိုင်ရတဲ့ပွဲတွင် ထူးဆန်းတဲ့ အောင်ပွဲခံမှုပြုလုပ်ခဲ့တဲ့ ခရစ္စတိုဖာအန်ကန်ကူ