ရှက်ဖီးလ်စတားမူဆက်ရဲ့Lamborghini ကား ပါကင်ထိုးထားတဲ့ကားများကိုဝင်တိုက်ခဲ့ပြီး လူနှစ်ဦး ထိန်းသိမ်းခံရ

ရှက်ဖီးလ်ယူနိုက်တက်စတားလိုင်းမူဆက်စ်ပိုင်ဆိုင်တဲ့ကားလို့ယူဆရတဲ့လိမ္မော်ရောင် Lamborghini ကားဟာဆိုးရွားလှတဲ့ယာဉ်တိုက်မှုတစ်ခုမှာပါဝင်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါယာဉ်တိုက်မှုမှာပါဝင်တဲ့အသက်၂၀နှစ်ကျော်အရွယ်လူငယ်နှစ်ဦးကိုသတ်မှတ်မိုင်နှုန်းထက်မောင်းနှင်မှုအ တွက်ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ထားပါတယ်။

လိမ္မော်ရောင် Lamborghini ကားဟာမနေ့ညတုန်းက ညလယ်လောက်မှာ ရှက်ဖီးလ်ရှိ Abbeydale Road South တွင်ပါကားထိုးထားတဲ့ကားများကိုအရှိန်မထိန်းနိုင်ဘဲဝင်တိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အဆိုကားရဲ့ဓာတ်ပုံများအွန်လိုင်းတွင်ထွက်ပေါ်လျက်ရှိပြီးအားလုံးကမူဆက်ပိုင်ဆိုင်တဲ့ကားလို့ယုံကြည်နေကြပါတယ်။

အသက်၂၄နှစ်ရှိမူဆက်ဟာ၂၀၁၉ခုနှစ်၊နွေရာသီမှာဘုန်းမောက်မှရှက်ဖီးလ်ယူနိုက်တက်သို့ပေါင်၁၀သန်းဖြင့်ရောက် လာခဲ့သူဖြစ်ပါတယ်။သူဟာပြင်သစ်တွင်လူငယ်ကစားသမားဘဝကိုကျင်လည်ပြီးနောက်၂၀၁၆ခုနှစ်ကတည်းကပရီးမီးယားလိဂ်သို့ရောက်လာသူဖြစ်ပါတယ်။

ပြင်သစ်ယူ-၂၁အသင်းအတွက်ကစားခွင့်ရရှိခဲ့ဖူးသူဟာစီနီယာအသင်းအဆင့်တွင်ပြင်သစ်အတွက်ပြင်ဆီနီဂေါအ တွက်လည်းကစားခွင့်ရှိနေသူဖြစ်ပါတယ်။

ZawGyi

ရွက္ဖီးလ္စတားမူဆက္ရဲ႕Lamborghini ကား ပါကင္ထိုးထားတဲ့ကားမ်ားကိုဝင္တိုက္ခဲ့ၿပီး လူႏွစ္ဦး ထိန္းသိမ္းခံရ

ရွက္ဖီးလ္ယူႏိုက္တက္စတားလိုင္းမူဆက္စ္ပိုင္ဆိုင္တဲ့ကားလို႔ယူဆရတဲ့လိေမၼာ္ေရာင္ Lamborghini ကားဟာဆိုး႐ြားလွတဲ့ယာဥ္တိုက္မႈတစ္ခုမွာပါဝင္ခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါယာဥ္တိုက္မႈမွာပါဝင္တဲ့အသက္၂၀ႏွစ္ေက်ာ္အ႐ြယ္လူငယ္ႏွစ္ဦးကိုသတ္မွတ္မိုင္ႏႈန္းထက္ေမာင္းႏွင္မႈအ တြက္ဖမ္းဆီးထိန္းသိမ္းမႈျပဳလုပ္ထားပါတယ္။

လိေမၼာ္ေရာင္ Lamborghini ကားဟာမေန႔ညတုန္းက ညလယ္ေလာက္မွာ ရွက္ဖီးလ္ရွိ Abbeydale Road South တြင္ပါကားထိုးထားတဲ့ကားမ်ားကိုအရွိန္မထိန္းႏိုင္ဘဲဝင္တိုက္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

အဆိုကားရဲ႕ဓာတ္ပုံမ်ားအြန္လိုင္းတြင္ထြက္ေပၚလ်က္ရွိၿပီးအားလုံးကမူဆက္ပိုင္ဆိုင္တဲ့ကားလို႔ယုံၾကည္ေနၾကပါတယ္။

အသက္၂၄ႏွစ္ရွိမူဆက္ဟာ၂၀၁၉ခုႏွစ္၊ေႏြရာသီမွာဘုန္းေမာက္မွရွက္ဖီးလ္ယူႏိုက္တက္သို႔ေပါင္၁၀သန္းျဖင့္ေရာက္ လာခဲ့သူျဖစ္ပါတယ္။သူဟာျပင္သစ္တြင္လူငယ္ကစားသမားဘဝကိုက်င္လည္ၿပီးေနာက္၂၀၁၆ခုႏွစ္ကတည္းကပရီးမီးယားလိဂ္သို႔ေရာက္လာသူျဖစ္ပါတယ္။

ျပင္သစ္ယူ-၂၁အသင္းအတြက္ကစားခြင့္ရရွိခဲ့ဖူးသူဟာစီနီယာအသင္းအဆင့္တြင္ျပင္သစ္အတြက္ျပင္ဆီနီေဂါအ တြက္လည္းကစားခြင့္ရွိေနသူျဖစ္ပါတယ္။