
ရှက်ဖီးလ်ယူနိုက်တက်ကိုဝယ်ယူရန်ဆွေးနွေးနေတဲ့နိုင်ဂျီးရီးယားဘီလျှံနာတစ်ဦးဟာလေယာဉ်လိုင်းကုမ္ပဏီတစ်ခုနှင့်ပတ်သက်ပြီးမေးခွန်းထုတ်စရာတွေရှိနေပါတယ်။
ဒိုဇီအမ်မိုဘူဆီဟာချန်ပီယံရှစ်ကလပ်ကိုပေါင်သန်း၉၀ဖြင့်ဝယ်ယူရန်ဆွေးနွေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့ The Athletic ရဲ့ဖော်ပြချက်အရသူပိုင်ဆိုင်တယ်လို့ဖော်ပြထားတဲ့ Tingo Airline ကဘယ်တုန်းကမှမရှိခဲ့ပါဘူး။
ယင်းလေကြောင်းလိုင်းကိုအင်္ဂလန်တွင်မှတ်ပုံတင်ထားတာဖြစ်ပြီး၂၀၁၉ခုနှစ်၊ဩဂုတ်လတုန်းကတန်ဖိုးပေါင်၁ဘီလီယံသတ်မှတ်ထားပါတယ်။ဒါပေမဲ့ယင်းကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတစုံတရာသက်သေအထောက်အထားမျှမရှိပါဘူး။
အမ်မိုဘူဆီဟာယင်းကုမ္ပဏီကိုတစ်ဦးတည်းပိုင်အဖြစ်မှတ်ပုံတင်ထားပါတယ်။
Tingo Airline ရဲ့ကုမ္ပဏီလိပ်စာကိုဟတ်ဖို့ဒ်ရှိုင်းယားလို့ဖော်ပြထားပေမဲ့ ဘယ်နေရာမှာမှန်းမသိပါဘူး။ကုမ္ပဏီရဲ့အင်စတာဂရမ်စာမျက်နှာမှဝက်ဘ်ဆိုက်မှာလည်းမရှိပါဘူး။
ဖော်ပြထားတဲ့ Airbus A321 လေယာဉ်ပုံများမှာလည်း Photoshop ဖြင့်ဖန်တီးထားတဲ့ဓာတ်ပုံတွေလို့ယုံကြည်ရပါတယ်။
အမ်မိုဘူဆီဟာယော့ခ်ရှိုင်းယားအခြေစိုက်ကလပ်အားဝယ်ယူရန်လက်ရှိပိုင်ရှင်မင်းသားအဒူလာနှင့်ဆွေးနွေးနေပါတယ်။
ဒါပေမဲ့ အင်္ဂလိပ်ဘောလုံးလိဂ်ဟာအမ်မိုဘူဆီအနေဖြင့်သူ့ပိုင်ငွေများကိုဘယ်နေရာကရရှိတယ်ဆိုတာသက်သေမပြနိုင်ပါက အရောင်းအဝယ်ဖြစ်လာဖို့မရှိပါဘူး။
ZawGyi
ရွက္ဖီးလ္ယူႏိုက္တက္ကို ဝယ္ယူရန္ ႀကိဳးပမ္းေနတဲ့ ေလယာဥ္ကုမၸဏီအတုပိုင္ ႏိုင္ဂ်ီးရီးယားဘီလွ်ံနာ
ရွက္ဖီးလ္ယူႏိုက္တက္ကိုဝယ္ယူရန္ေဆြးေႏြးေနတဲ့ႏိုင္ဂ်ီးရီးယားဘီလွ်ံနာတစ္ဦးဟာေလယာဥ္လိုင္းကုမၸဏီတစ္ခုႏွင့္ပတ္သက္ၿပီးေမးခြန္းထုတ္စရာေတြရွိေနပါတယ္။
ဒိုဇီအမ္မိုဘူဆီဟာခ်န္ပီယံရွစ္ကလပ္ကိုေပါင္သန္း၉၀ျဖင့္ဝယ္ယူရန္ေဆြးေႏြးေနတာျဖစ္ပါတယ္။
ဒါေပမဲ့ The Athletic ရဲ႕ေဖာ္ျပခ်က္အရသူပိုင္ဆိုင္တယ္လို႔ေဖာ္ျပထားတဲ့ Tingo Airline ကဘယ္တုန္းကမွမရွိခဲ့ပါဘူး။
ယင္းေလေၾကာင္းလိုင္းကိုအဂၤလန္တြင္မွတ္ပုံတင္ထားတာျဖစ္ၿပီး၂၀၁၉ခုႏွစ္၊ဩဂုတ္လတုန္းကတန္ဖိုးေပါင္၁ဘီလီယံသတ္မွတ္ထားပါတယ္။ဒါေပမဲ့ယင္းကုမၸဏီရဲ႕ပိုင္ဆိုင္မႈတစုံတရာသက္ေသအေထာက္အထားမွ်မရွိပါဘူး။
အမ္မိုဘူဆီဟာယင္းကုမၸဏီကိုတစ္ဦးတည္းပိုင္အျဖစ္မွတ္ပုံတင္ထားပါတယ္။
Tingo Airline ရဲ႕ကုမၸဏီလိပ္စာကိုဟတ္ဖို႔ဒ္ရႈိင္းယားလို႔ေဖာ္ျပထားေပမဲ့ ဘယ္ေနရာမွာမွန္းမသိပါဘူး။ကုမၸဏီရဲ႕အင္စတာဂရမ္စာမ်က္ႏွာမွဝက္ဘ္ဆိုက္မွာလည္းမရွိပါဘူး။
ေဖာ္ျပထားတဲ့ Airbus A321 ေလယာဥ္ပုံမ်ားမွာလည္း Photoshop ျဖင့္ဖန္တီးထားတဲ့ဓာတ္ပုံေတြလို႔ယုံၾကည္ရပါတယ္။
အမ္မိုဘူဆီဟာေယာ့ခ္ရႈိင္းယားအေျခစိုက္ကလပ္အားဝယ္ယူရန္လက္ရွိပိုင္ရွင္မင္းသားအဒူလာႏွင့္ေဆြးေႏြးေနပါတယ္။
ဒါေပမဲ့ အဂၤလိပ္ေဘာလုံးလိဂ္ဟာအမ္မိုဘူဆီအေနျဖင့္သူ႔ပိုင္ေငြမ်ားကိုဘယ္ေနရာကရရွိတယ္ဆိုတာသက္ေသမျပႏိုင္ပါက အေရာင္းအဝယ္ျဖစ္လာဖို႔မရွိပါဘူး။