ရှက်ဖီးလ်ရှုံးပွဲကြောင့် အကြီးအကျယ်တိုက်ခိုက်ခံရကာ အကောင့်ဖျက် ထွက်ပြေးခဲ့ရတဲ့ မန်ယူနောက်ခံလူတွန်ဇွမ်ဘီ

မန်ယူနောက်ခံလူအဲဇဲလ်တွန်ဇွမ်ဘီဟာအမှတ်ပေးဇယားကြမ်းခင်းမှာရှက်ဖီးလ်ယူနိုက်တက်ကိုအိုးထရက်ဖို့ဒ်တွင် ရှုံးနိမ့်ပြီးနောက်လူမျိုးရေးခွဲခြားတိုက်ခိုက်မှုအကြီးအကျယ်ခံခဲ့ရကာတွစ်တာအကောင့်ကိုဖျက်ပစ်ခဲ့ရကြောင်းသိရ ပါတယ်။

ဆိုးလ်ရှားရဲ့မန်ယူဟာဗုဒ္ဓဟူးနေ့တုန်းညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဇယားအောက်ဆုံးမှရှက်ဖီးလ်ယူနိုက်တက်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်ယူဟာဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမယ့်နောက်တန်းအမှားများကြောင့်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ယင်းပွဲစဉ်မှာတွန်ဇွမ်ဘီဟာဘိုင်လီဒဏ်ရာရရှိနေမှုကြောင့်ယခုရာသီပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ပွဲထွက်မှုအဖြစ် ကစားခွင့်ရရှိခဲ့ပါတယ်။

ယခုရာသီအစောပိုင်းတုန်းကပဲရစ်နိုင်ပွဲတွင်နေမာနှင့်အမ်ဘက်ဘီတို့ကိုထိန်းချုပ်နိုင်ခဲ့မှုကြောင်းအကြီးအကျယ် ချီးကျူးမှုများနှင့်ရရှိခဲ့တဲ့တွန်ဇွမ်ဘီဟာရှက်ဖီးလ်ယူနိုက်တက်ရှုံးပွဲမှာအသင်းကိုခံစစ်မှာအကောင်းဆုံးမကစားနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်းရှက်ဖီးလ်ယူနိုက်တက်ကိုရှုံးနိမ့်ပြီးနောက်မန်ယူပရိသတ်များဟာတွန်ဇွမ်ဘီဟာတွစ်တာမှာလူမျိုး ရေးခွဲခြားတိုက်ခိုက်မှုအကြီးအကျယ်ခံခဲ့ရပြီးနောက်ဆုံးအကောင့်ကိုဖျက်လိုက်ပါတယ်။

ZawGyi





