ရှင်းလင်းတဲ့ အောင်နိုင်ရေး စီမံကိန်းရှိတဲ့ကလပ်ကို ကိုင်တွယ်နေတဲ့ ဇီဒန်း မန်ယူနည်းပြရာထူးကို စိတ်မဝင်စား

ဇီဒန်းဟာမန်ချက်စတာယူနိုက်တက်နည်းပြရာထူးကိုလုံးဝစိတ်ဝင်စားခြင်းမရှိကြောင်းသိရပါတယ်။

အသက်၄၉နှစ်ရှိပြင်သစ်လူမျိုးနည်းပြဟာမန်ယူတွင်ဖိအားများနှင့်ကြုံနေရတဲ့အိုလီဂန်းနားဆိုးလ်ရှားနေရာတွင်အစားထိုးခြင်းခံရမယ့်နည်းပြများစာရင်းတွင်ထိပ်ဆုံးမှပါဝင်နေသူဖြစ်ပါတယ်။

ဒါပေမယ့် စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရဇီဒန်းဟာမန်ယူအသင်းကိုကိုင်တွယ်ရန်လုံးဝစိတ်ဝင်စားခြင်းမရှိကြောင်းသိရပါတယ်။ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာပြင်သစ်နည်းပြရာထူးအတွက်အနားယူရင်းစောင့်ဆိုင်းမှုပြုလုပ်လိုနေပါတယ်။

ဒါ့အပြင် AS ကဇီဒန်းဟာကလပ်အသင်းတစ်သင်းရဲ့နည်းပြရာထူးကိုလက်ခံမည်ဆိုပါကလည်းရှင်းလင်းတိကျတဲ့အောင်နိုင်ရေးစီမံကိန်းရှိတဲ့ကလပ်ကိုသာကိုင်တွယ်လိုနေကြောင်းသိရပါတယ်။

ဇီဒန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှဒုတိယအကြိမ်မြောက်ထွက်ခွာခဲ့ပါတယ်။

လက်ရှိအချိန်တွင်မန်ယူနည်းပြရာထူးအတွက်ရေပန်းအစားဆုံးအဖြစ် လက်စတာနည်းပြဘရန်ဒန်ရော်ဂျာကရေပန်းအစားဆုံးဖြစ်နေပါတယ်။မန်ယူဟာဆိုးလ်ရှားကိုထုတ်ပယ်ပြီးပါကလီဗာပူးနည်းပြဟောင်းကိုခန့်အပ်ရန်သဘောတူညီမှုရထားပြီးပြီလို့လည်းသတင်းထွက်နေပါတယ်။

ဒါ့အပြင်လိုက်ဇစ်နည်းပြဟောင်းရေးဖ်ရာနစ်ကလည်းမန်ယူနည်းပြရာထူးကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။အသက်၆၃နှစ်ရှိရန်နစ်ဟာရုရှားကလပ်လိုကိုမိုးတစ်မော်စကိုရဲ့အားကစားဌာနအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

မန်ယူဂန္ထဝင်ကစားသမားဂယ်ရီနဗီးလ်ကတော့မန်ယူစီအီးအိုအက်ဒ်ဝုဒ်ဝတ်ဟာသူ့ရဲ့နောက်ဆုံးစီအီးအိုသက်တမ်းနောက်ဆုံးကာလတွင်သူကိုယ်တိုင် သုံးနှစ်စာချုပ်သစ်ချုပ်ဆိုထားတဲ့ဆိုးလ်ရှားကိုထုတ်ပယ်ကာအဆုံးသတ်ဖို့မရှိကြောင်းဆိုထားကာဇန်နဝါရီမတိုင်ခင်အထိနော်ဝေလူမျိုးနည်းပြရဲ့အနာဂတ်မှာအာမခံချက်ရှိကြောင်းဆိုထားပါတယ်။

ZawGyi

ရွင္းလင္းတဲ့ ေအာင္ႏိုင္ေရး စီမံကိန္းရွိတဲ့ကလပ္ကို ကိုင္တြယ္ေနတဲ့ ဇီဒန္း မန္ယူနည္းျပရာထူးကို စိတ္မဝင္စား

ဇီဒန္းဟာမန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကိုလုံးဝစိတ္ဝင္စားျခင္းမရွိေၾကာင္းသိရပါတယ္။

အသက္၄၉ႏွစ္ရွိျပင္သစ္လူမ်ိဳးနည္းျပဟာမန္ယူတြင္ဖိအားမ်ားႏွင့္ႀကဳံေနရတဲ့အိုလီဂန္းနားဆိုးလ္ရွားေနရာတြင္အစားထိုးျခင္းခံရမယ့္နည္းျပမ်ားစာရင္းတြင္ထိပ္ဆုံးမွပါဝင္ေနသူျဖစ္ပါတယ္။

ဒါေပမယ့္ စပိန္သတင္းစာ AS ရဲ႕ေဖာ္ျပခ်က္အရဇီဒန္းဟာမန္ယူအသင္းကိုကိုင္တြယ္ရန္လုံးဝစိတ္ဝင္စားျခင္းမရွိေၾကာင္းသိရပါတယ္။ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဟာျပင္သစ္နည္းျပရာထူးအတြက္အနားယူရင္းေစာင့္ဆိုင္းမႈျပဳလုပ္လိုေနပါတယ္။

ဒါ့အျပင္ AS ကဇီဒန္းဟာကလပ္အသင္းတစ္သင္းရဲ႕နည္းျပရာထူးကိုလက္ခံမည္ဆိုပါကလည္းရွင္းလင္းတိက်တဲ့ေအာင္ႏိုင္ေရးစီမံကိန္းရွိတဲ့ကလပ္ကိုသာကိုင္တြယ္လိုေနေၾကာင္းသိရပါတယ္။

ဇီဒန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွဒုတိယအႀကိမ္ေျမာက္ထြက္ခြာခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူနည္းျပရာထူးအတြက္ေရပန္းအစားဆုံးအျဖစ္ လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာကေရပန္းအစားဆုံးျဖစ္ေနပါတယ္။မန္ယူဟာဆိုးလ္ရွားကိုထုတ္ပယ္ၿပီးပါကလီဗာပူးနည္းျပေဟာင္းကိုခန႔္အပ္ရန္သေဘာတူညီမႈရထားၿပီးၿပီလို႔လည္းသတင္းထြက္ေနပါတယ္။

ဒါ့အျပင္လိုက္ဇစ္နည္းျပေဟာင္းေရးဖ္ရာနစ္ကလည္းမန္ယူနည္းျပရာထူးကိုစိတ္ဝင္စားေနေၾကာင္းသိရပါတယ္။အသက္၆၃ႏွစ္ရွိရန္နစ္ဟာ႐ုရွားကလပ္လိုကိုမိုးတစ္ေမာ္စကိုရဲ႕အားကစားဌာနအႀကီးအကဲအျဖစ္တာဝန္ထမ္းေဆာင္ေနပါတယ္။

မန္ယူဂႏၴဝင္ကစားသမားဂယ္ရီနဗီးလ္ကေတာ့မန္ယူစီအီးအိုအက္ဒ္ဝုဒ္ဝတ္ဟာသူ႔ရဲ႕ေနာက္ဆုံးစီအီးအိုသက္တမ္းေနာက္ဆုံးကာလတြင္သူကိုယ္တိုင္ သုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတဲ့ဆိုးလ္ရွားကိုထုတ္ပယ္ကာအဆုံးသတ္ဖို႔မရွိေၾကာင္းဆိုထားကာဇန္နဝါရီမတိုင္ခင္အထိေနာ္ေဝလူမ်ိဳးနည္းျပရဲ႕အနာဂတ္မွာအာမခံခ်က္ရွိေၾကာင္းဆိုထားပါတယ္။